14th July, 2018

JobNet ရဲ့ စင်္ကာပူ Job Expo နဲ့အတူ အမိမြေပြန်နိုင်မယ့် အခွင့်အရေး

မြန်မာနိုင်ငံရဲ့အကောင်းဆုံးသော အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် Job Net ရဲ့ အလုပ်အကိုင်ခေါ်ယူပွဲကြီးကို စင်ကာပူနိုင်ငံ Raffle City, Convention Center မှာ ဒီနေ့စတင်နေပါပြီ။ ဇူလိုင် ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ မနက် ၉ နာရီမှ ညနေ ၉ နာရီအထိ နှစ်ရက်တိတိကျင်းပသွားဖို့ ရှိပါတယ်။ ပြည်တွင်းကအထင်ကရ ကုမ္ပဏီကြီးတွေအပါအ၀င် ကုမ္ပဦ ၁၆ ခုက  Job Net နဲ့အတူ လာရောက်ပြီး စင်ကာပူရောက် မြန်မာတွေကို မြန်မာနိုင်ငံမှာ ပြန်လည်အလုပ်လုပ်ကိုင်ဖို့ ခေါ်ယူကြမှာ ဖြစ်ပါတယ်။

 

MPT ၊ RMA Myanmar ၊ Oway ၊ Young Investment Group တို့လို မြန်မာနိုင်ငံရဲ့ ကုမ္ပဏီကြီး ၁၅ ခုက အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာနဲ့ ဒီပွဲမှာ ပါဝင်ထားကြပါတယ်။ ဒီတော့ ဒီပွဲမှာ ဘယ်ကုမ္ပဏီတွေက ဘယ်လိုရာထူးတွေခေါ်မှာလဲကြည့်ရအောင်

MPT 

ပြည်တွင်းနာမည်ကြီး ဆက်သွယ်ရေး အော်ပရေတာ MPT ကတော့ အလုပ်အကိုင်ရာထူးပေါင်း ၅၀ ကျော် ခေါ်ယူသွားမယ်လို့ သိရပါတယ်

 “အဲ့ဒီ့ position ၅၀ ကျော်ကတော့ Sale အပိုင်းရယ်၊ Marketing အပိုင်းရယ်၊ IT အပိုင်းရယ် ဖြစ်ပါတယ်။

ထပ်ပြီးတော့ အသေးစိတ်မယ်ဆိုလို့ရှိရင် ကျွန်မတို့ BI Business Intelligent နဲ့ ပတ်သက်တဲ့ speciallist တွေရယ်၊ နောက် VAS ပိုင်းဆိုင်ရာ speciallist တွေရယ်၊ နောက်တစ်ခါ SAP ERP နဲ့ ပတ်သက်တဲ့ speciallist ဒါတွေကို ကျွန်မတို့ အဓိကထားပြီး ခေါ်မှာဖြစ်ပါတယ်” လို့ MPT Joint Operation ရဲ့ HR ဌာန Department GM ဒေါ်ရှုအေးက Job Net ကို ပြောပြထားပါတယ်။

 HR ဌာန Deputy GM ဖြစ်တဲ့ မစ္စတာ Ozawa ကလည်း “MPT နဲ့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးလာအောင် လုပ်နိုင်မယ့် အရမ်းကိုတော်တဲ့ လူတွေကို ခန့်အပ်ချင်ပါတယ်” လို့ စင်ကာပူနိုင်ငံအထိ လာရောက်ပြီး မြန်မာနိုင်ငံသားတွေကို အလုပ်အကိုင်တွေ ပေးအပ်ချင်တဲ့ ရည်ရွယ်ချက်ကို ရှင်းပြပါတယ်။

 

Young Investment Group

ဆောက်လုပ်ရေး၊ Minning ၊ ကုန်သွယ်မှု၊ အာမခံ၊ ဘဏ္ဍာရေး၊ စိုက်ပျိုးရေးနဲ့ Tele communication လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ Young Investment Group ကလည်း ထက်မြက်ပြီးအရည်အချင်းရှိတဲ့လူတွေကို Executive အဆင့်၊ စီနီယာအဆင့်၊ မန်နေဂျာအဆင့်နဲ့ အဆင့်လိုက် အလုပ်ခန့်အပ်သွားဖို့ ရှာဖွေနေပါတယ်။ 

“သင်က မြန်မာနိုင်ငံရဲ့ အင်တိုက်အားတိုက်ကြီးထွားဖွံ့ဖြိုးမှုအရွေ့မှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့နဲ့ ပူးပေါင်းလိုက်ပါ” လို့ Young Investment Group ရဲ့ Chief Technology Operation Officer အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ Rodrigo Araujo က Job Net ရဲ့ အလုပ်အကိုင်ခေါ်ယူပွဲကို လာရောက်ဖို့ ခုလိုပဲ ဖိတ်ခေါ်ထားပါသေးတယ်။

 

RMA Myanmar

RMA လုပ်ငန်းစုရဲ့ မြန်မာပြည်ရုံးခွဲဖြစ်တဲ့ RMA Myanmar ကတော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ စီးပွားရေးကို ထောက်ပံ့လိုတဲ့အတွက် မြန်မာနိုင်ငံသားတွေကို အလုပ်နေရာတွေ ခန့်အပ်သွားဖို့ဆန္ဒရှိနေပါတယ်။ “ အရည်အချင်းရှိတဲ့မြန်မာတွေကို မြန်မာနိုင်ငံကို ပြန်လာဖို့ သွားရောက်ခေါ်ဆောင်လာချင်ပါတယ်” လို့ RMA Myanmar ရဲ့ Country HR Manager ဖြစ်တဲ့ မစ္စတာ ဂရန့် ဟန်နီမန်က ဆိုပါတယ်။ RMA Myanmar ကလည်း Job Net နဲ့ စင်ကာပူနိုင်ငံကို လိုက်ပါပြီး မြန်မာနိုင်ငံသားတွေကို Finance ၊ HR ၊ Marketing ၊ Sale နဲ့ အခြား အလုပ်အကိုင် ရာထူးတွေကို ခေါ်ဆိုသွားဖို့ ရှိပါတယ်။ 

 

Oway

စင်ကာပူမှာ အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ကိုင်နေတဲ့ မြန်မာတွေအတွက်လည်း Oway Myanmar က အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးနဲ့ Job Net ရဲ့ Singapore Job Fair 2018 မှာ ပါဝင်ဦးမှာပါ။ Oway Myanmar ရဲ့ Chief Technical Officer ဖြစ်တဲ့ မပက်ထရစ်ရှာကတော့ Job Net ရဲ့ အလုပ်အကိုင်ခေါ်ယူပွဲမှာ Engineering ဆိုင်ရာ အလုပ်တွေကို အဓိကထား ခေါ်ယူသွားမယ်လို့ ပြောပြထားပါတယ်။ Programm Manager ၊ Android, iOS Developer ရာထူးတွေနဲ့ Tester ရာထူးတွေကို ခေါ်ယူသွားမှာဖြစ်ပါတယ်။ “ Tester position တွေဆိုရင် ကျွန်မတို့ဘက်က code နည်းနည်းရေးနိုင်တဲ့ automation tester တွေလည်း လိုအပ်ပါတယ်။ ဒီ position တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ Oway မှာ လာပြီးတော့ လျှောက်ထားနိုင်ပါတယ်” မပက်ထရစ်ရှာက ဖိတ်ခေါ်ထားပါတယ်။

 

 

ပြည်ပက နည်းပညာနဲ့ အတွေ့အကြုံတွေကို ပြန်လည်အသုံးချပြီး ပြည်တွင်းမှာ ပြန်လည်လုပ်ကိုင်တဲ့အခါ ခိုင်မာတဲ့ရာထူးနဲ့ လစာတွေလည်း ရရှိကြပါတယ်။ အိမ်လွမ်းနေတဲ့ မြန်မာတွေအတွက် ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ Job Net နဲ့အတူ စင်ကာပူနိုင်ငံကို ရောက်ရှိလာပါပြီ။ ဒါကြောင့်မို့လို့ လာမယ့် စနေ၊ တနင်္ဂနွေနေ့တို့မှာ စင်ကာပူနိုင်ငံ Raffle City ရှိ Convention Center ၊ Stamford Ballroom မှာ ပြုလုပ်မယ့် Job Net ရဲ့ Singapore Job Fair 2018 အလုပ်အကိုင် ခေါ်ယူပွဲကြီးကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အလုပ်ပိတ်ရက် ရုံးပိတ်ရက်လည်း ဖြစ်တဲ့အပြင် မနက် ၉ နာရီမှ ညနေ ၉ နာရီအထိ ပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် သေချာတဲ့အလုပ်အကိုင် အခွင့်အလမ်းတွေကို အမိအရ ဖမ်းဆုပ်ထားလိုက်ကြရအောင်ပါ။