6th August, 2018

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဒုဥက္ကဌ ဦးငြိမ်းဦးနှင့်တွေ့ဆုံခြင်း - ၂

“ စီးပွားရေးမဟာဗျူဟာ (Business Strategy) တွေ ချမှတ်ဆောင်ရွက်တဲ့အခါ နည်းပညာက အဓိက ကဏ္ဍကနေ ထည့်သွင်းစဉ်းစားကြတယ်။ Business Strategy နဲ့အတူ ICT Strategy တွေကိုပါ တစ်ပါတည်းထည့်သွင်းစဉ်းစားပြီးတော့ ဆောင်ရွက်ကြတယ်။”


ယခုအင်တာဗျူးဒုတိယပိုင်းတွင် ပြည်တွင်းနည်းပညာနယ်ပယ် တိုးတက်မှုနှင့် နည်းပညာနယ်ပယ်တွင် ပြောင်းလဲလာသည့် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်မှုများကို ဦးငြိမ်းဦး၏ အကြံပြုသုံးသပ်ချက်များကို ဖတ်ရှုနိုင်ပါသည်။



မေး ။ ။ မြန်မာနိုင်ငံရဲ့စီးပွားရေးကဏ္ဍမှာ ICT ရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိအရေးပါနေပြီလဲ


ဖြေ ။ ။ စီးပွားရေးလုပ်ငန်းဆိုတဲ့အခါမှာ International Practice အရဆိုရင်တော့ လုပ်ငန်းကြီးတွေက သူတို့ရဲ့ စီးပွားရေးမဟာဗျူဟာ (Business Strategy) တွေ ချမှတ်ဆောင်ရွက်တဲ့အခါ နည်းပညာက အဓိက ကဏ္ဍကနေ ထည့်သွင်းစဉ်းစားကြတယ်။ Business Strategy နဲ့အတူ ICT Strategy တွေကိုပါ တစ်ပါတည်းထည့်သွင်းစဉ်းစားပြီးတော့ ဆောင်ရွက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိကက ပြိုင်ဆိုင်မှုအရမ်းပြင်းထန်တဲ့ခေတ်မှာ ယှဉ်ပြိုင်နိုင်မှုစွမ်းအားအတွက် အဓိကမောင်းနှင်အားပေါ့ တကယ့် crucial driver က ICT နည်းပညာပဲ ဖြစ်ပါတယ်။ ICT နည်းပညာကို ထိထိရောက်ရောက် အသုံးမချနိုင်ဘူးဆိုရင် စီးပွားရေးလုပ်ငန်းကြီးတစ်ခုက ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲပါတယ်။ နောက်ပြီးတော့ လုပ်ငန်းမှာဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေရဲ့ အကျိုးရှိမှု၊ ထိရောက်မှုအတွက်ကလည်း ICT ကို အဓိကအသုံးပြုကြရတာဖြစ်တာပေါ့။ လုပ်ငန်းတွေအနေနဲ့ပြောလို့ရှိရင် မိသားစုတစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းလေးတွေ small scale ပေါ့ ၊ ဒီလုပ်ငန်းလေးတွေက ICT နည်းပညာအသုံးပြုခြင်း မပြုခြင်းက အရမ်းမသိသာဘူးပေါ့။ ဒါပေမဲ့ mid-range level ပေါ့ အလယ်အလတ်အဆင့်ကနေ Enterprise level သွားကြပြီဆိုတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေမှာတော့ ICT က မဖြစ်မနေကိုသုံးရတဲ့သဘော ဖြစ်သွားတာပေါ့။ ကျွန်တော်တို့နိုင်ငံမှာလည်း local enterprise လို့ ပြောနိုင်တာပေါ့ ပြည်တွင်းမှာရှိတဲ့လုပ်ငန်းကြီးတွေပေါ့ … ဟိုတယ်တွေကြည့်မလား Bank တွေကြည့်မလား Supermarket တွေ ကြည့်မလား အခြား retail လုပ်တဲ့လုပ်ငန်းတွေကြည့်မလား… သူတို့တွေက လုပ်ငန်းဆောင်ရွက်မှုအတွက်ရယ်၊ လုပ်ငန်းအောင်မြင်မှုအတွက်က နည်းပညာကို မဖြစ်မနေသုံးရတယ်။ နည်းပညာမသုံးဘူးဆိုရင် ဒီလုပ်ငန်းက competition age ထဲမှာ ဝင်ရပ်တည်ဖို့ တော်တော်ခက်ခဲသွားတယ်။ ဟိုတယ်လို့ပြောလို့ရှိရင်လည်း မြို့ငယ်လေးတွေမှာရှိတဲ့ မိသားစုပိုင် အခန်းလေး ၄၊ ၅၊ ၁၀ ခန်း ရှိတဲ့ တည်းခိုခန်းလို ပုံစံလေးတွေကတော့ ICT သုံးခြင်း မသုံးခြင်းက အရမ်းတော့မသိသာဘူး။ ဒါပေမဲ့ မြို့ကြီးပြကြီးနဲ့ Business ကို ဆောင်ရွက်နိုင်တဲ့ တန်းဝင်တဲ့ လုပ်ငန်းတွေကျရင်၊ ဟိုတယ်တွေကျရင် နည်းပညာက မသုံးလို့မဖြစ်တော့တဲ့ အခြေအနေမျိုး ဖြစ်သွားတယ်။ အဓိက စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ လုပ်ငန်းလည်ပတ်မှုအတွက်ကော အောင်မြင်မှုအတွက်ကော ယှဉ်ပြိုင်နိုင်မှုအတွက်ကော ICT က မဖြစ်မနေအရေးပါတယ်လို့ ပြောရမှာဖြစ်ပါတယ်။

 

မေး ။ ။ လူငယ်တွေအနေနဲ့ IT Career ကို စတင်ချင်ရင် ဘယ်လိုစတင်သင့်သလဲ

ကလေးတွေကို ကျွန်တော်တို့က သူတို့သိတတ်တဲ့အရွယ်ပေါ့ ဥပမာ အလယ်တန်းလောက် အထက်တန်းလောက် မှာကတည်းကကို သူတို့ရဲ့ Professional အတွက် သူတို့ရဲ့ Career အတွက် IT သည် တကယ်ရွေးချယ်စရာတစ်ခုလို့ ဆိုတာကို ခေါင်းထဲမှာကို ကလေးတွေအတွက်ရော မိဘအုပ်ထိန်းသူတွေအတွက်ရော ထည့်ပေးနိုင်ဖို့လိုတယ်၊ အခုကတော့ Traditional ကတော့ ခုနပြောသလို ဂုဏ်ထူးခြောက်ဘာသာထွက် ဘာမှမပြောနဲ့ ဆေးတက္ကသိုလ်တက် စက်မှုတက္ကသိုလ်ဆိုတာကတော့ နည်းနည်းထိတာပေါ့။ ဒီ trend လေးကို ကျွန်တော်တို့ပြောင်းဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်တာတော့ သူဘာသူလုပ်တာမှန်ပေမဲ့ ဒါသည် တကယ့် Professional career track တစ်ခုဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ impose လုပ်နိုင်ဖို့လိုတယ်။ ဒါအတွက်ကတော့ ခုနကပြောသလိုပဲ ကလေးတွေခုနက အလယ်တန်းအဆင့် အထက်တန်းအဆင့်မှာကတည်းက ကျွန်တော်တို့ ဆောင်ရွက်ပေးသင့်တယ်ပေါ့နော်။ အဲဒါတွေအတွက်လည်း ကျွန်တော်တို့ ဆောင်ရွက်ပေးနေပါတယ်။ နယ်တွေမှာလည်း တိုင်းဒေသကြီးနဲ့ပြည်နယ်ကွန်ပြူတာအသင်းဆိုရင် အဲဒါကို များများသွားလုပ်တယ်ပေါ့။ ကလေးတွေရဲ့စိတ်ကူးစိတ်သန်းတွေမှာ ငါတို့တက္ကသိုလ်ဝန်ထမ်းအောင်ရင် ငါတို့ရဲ့ဘ၀တိုးတက်ရာတိုးတက်ကြောင်း ငါတို့ရဲ့ဘ၀တက်လမ်း ငါတို့ရဲ့ဘ၀အလုပ်အကိုင်ရွေးချယ်မှုအတွက် IT သည် တစ်ခုရှိပါလားဆိုတာကို ကျွန်တော်တို့ မက်ဆေ့ပေးတာပေါ့။ inform လုပ်တာပေါ့။ ဒီဟာလေးကို ကျွန်တော်တို့ဆောင်ရွက်ပေးဖို့လိုတယ်။ နောက်တစ်ချက်ကလည်း ခုနကလို ကြက်ဥကြက်မပြဿနာလေးတွေတော့ ဖြစ်တာပေါ့။ တခြားနိုင်ငံတွေမှာလည်း ကျွန်တော်တို့ကဒီလို ICT career က သူတို့ကလေးတွေက သူတို့လမ်းကြောင်းတွေ သူတို့ရှိပြီးသား မြင်ပြီးသားပေါ့ ဒါလည်း သူတို့ရဲ့အခြေခံပညာအဆင့်တွေမှာ ထိုက်သင့်သလောက် ထည့်သွင်းဖော်ပြပေးလိုက်နိုင်တာရှိတာပေါ့။

 

မေး ။ ။ ကျောင်းပြီးသွားတဲ့လူငယ်တစ်ယောက်အနေနဲ့ IT နဲ့ပတ်သက်တဲ့ career ကို ရွေးချယ်ချင်တယ်ဆိုရင် သူတို့အနေနဲ့ဘာတွေ ပြင်ဆင်သင့်သလဲ

ဖြေ ။ ။ ၂ ချက်ရှိတယ်ပေါ့နော်။ ကျွန်တော်ဆိုလည်း first degree က ကွန်ပျူတာဘွဲ့မဟုတ်ဘူး။ ပြီးမှသာ further studies နဲ့ဆက်လုပ်ရတာပေါ့နော်။ အဲ့တော့ ၂ ချက်ရှိတယ်။ ရိုးရိုးဘွဲ့ပေါ့ ဥပမာ ၀ိဇ္ဇာသိပ္ပံဖြစ်မယ်။ တစ်ခုခုပေါ့။ အဲ့လိုဘွဲ့ရပြီးတော့ IT လောကကို ခြေစုံပစ်ဝင်လာပြီးတော့ IT လောကမှာပဲသူ့ရဲ့ Professional Life ကို သွားချင်တဲ့လူငယ်တွေရှိတယ်။ ဒါတစ်ချက်ပေါ့နော်။

နောက်တစ်ချက်ကတော့ ကွန်ပြူတာနဲ့ပတ်သက်တယ်။ BCSc, BCTech ဒါအရင်က ဘွဲ့တွေပေါ့နော်။ အခုတော့ ဘွဲ့တွေအများကြီးပါ။ BE (IT) ပေါ့ စသဖြင့်ပေါ့။ အဲ့မှာတော့ ကျွန်တော်အမြဲတမ်း ပြောဖြစ်တာပေါ့နော်။ အခြားဘွဲ့ နယ်တွေမှာ သွားရင်လည်း ကျွန်တော်တို့ဆွေးနွေးဟောပြောတဲ့အခါမှာ မကြာခဏကြုံတွေ့ရလေ့ရှိတယ်။ ကျွန်တော်က ပထ၀ီဘွဲ့ပဲရထားတာ ဒါပေမဲ့ ကျွန်တော်က Computer သမားဖြစ်ချင်တယ်။ Computer လောကထဲမှာ ရပ်တည်ချင်တယ်။ Programmer လုပ်ချင်တယ်။ Software ရေးချင်တယ် ဘယ်လိုလုပ်မလဲပေါ့နော်။ အဲ့တော့ ကျွန်တော် သူတို့ကို ၂ ခုပြောပြတယ်။ တစ်ခုကတော့ Computer သမားဆိုတာ မိမိရဲ့ကျွမ်းကျင်မှု အတတ်ပညာကို သိပ်ညာလို့မရဘူး။ Programmer လုပ်ရမယ့်သူက Programming တက်မှရမယ်။ Programming တက်မှလုပ်လို့ရမယ်၊ Network Technician ဖြစ်ချင်တဲ့သူကလည်း Network တွေတပ်ဆင်တာ Maintenance လုပ်တာ တက်မှကိုရမယ်။ အဲ့အတွက် skill training တွေတော့လိုတယ်။ Systematically ယူဖို့လိုတယ်။ ဒါက non-IT သမားတွေအတွက်ပေါ့နော်။ နောက်တစ်ချက်က ကျွန်တော်တို့ဘာလုပ်ပေးရမလဲဆိုတော့ IT Field ထဲကို တကယ်ဝင်တော့မယ်။ IT Field ထဲမှာ သူများကုမ္ပဏီမှာပဲလုပ်လုပ် ကိုယ့်ဟာကိုယ်ပဲ Self-employed လုပ်လုပ် IT Field နဲ့အလုပ်လုပ်တော့မယ်ဆိုရင် Professional သွားတော့မယ်ဆိုရင်တော့IT Field ကိုတစ်စိတ်တစ်ဒေသအထောက်အကူပြုစေနိုင်တဲ့ဟာတွေ လုပ်ဖို့လိုတယ်လို့ ကျွန်တော်ပြောဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ နံပါတ်တစ် ဥပမာ Network Technician လုပ်မယ်။ သူတို့ဟာသူတို့ သင့်တင့်တဲ့သင်တန်းတွေတက်ပြီးတော့ Network ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နိုင်တာမှန်တယ်။ ဒါပေမဲ့ Microsoft သော်လည်းကောင်း Cisco သော်လည်းကောင်း သူ့ရဲ့ Certification တစ်ခုတော့ သူတို့ဆီမှာ ရှိဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့မူလဘွဲ့အခြေခံက Non-IT ဖြစ်နေလို့။ Non-IT ဖြစ်မယ် ဒါမှမဟုတ် အဝေးသင်တက်နေတာဖြစ်မယ်။ ဘာပဲဖြစ်ဖြစ်ပေါ့။ နောက်တစ်ချက်က Academic အတွက်လည်း သူ့ရဲ့အချိန်လေးစဉ်းစားပြင်ဆင်ပြီးတော့ top up လုပ်စေချင်တာပေါ့။ အခုဆိုရင် ကျွန်တော်တို့နိုင်ငံမှာ အရမ်းလွယ်လာတာပေါ့။ အရင်တုန်းက Computer တက္ကသိုလ်တက်ဖို့ဆိုရင် ကွန်ပျူတာတက္ကသိုလ်အမှတ်မီမှ တက်လို့ရတာ။ အခုကျတော့ ကွန်ပျူတာတက္ကသိုလ် အမှတ်မမီလည်း ပြည်တွင်းကဘွဲ့မဟုတ်လည်း ပြည်ပဒီပလိုမာတွေ ဒီဂရီတွေ အခုကျွန်တော်တို့လည်း နိုင်ငံခြားက ဒီလိုဒီပလိုမာတွေ ဒီဂရီတွေပေးနေတော့ ဒီလို Service Providers တွေရှိနေတော့ ဒီတွေမှာသွားပြီး ကျွန်တော်တို့လုပ်လို့ရတယ်။ ဒါကို ကျွန်တော်တို့က top up လုပ်တယ်လို့ခေါ်တယ်။

 

မေး ။ လုပ်ငန်းခွင်ဝင်မယ့် လူငယ်တွေအတွက် ဆရာ့ရဲ့အကြံပြုချက်လေးသိပါရစေ

ဖြေ ။ ။ လုပ်ငန်းခွင်တွေဝင်တဲ့အခါမှာလည်း ကျွန်တော် network ကလေးတွေကိုဆို ပြောဖူးတယ်ပေါ့နော်။ ဥပမာ နမူနာပေါ့နော် Cyber Café တစ်ခုမှာ ကျောင်းပြီးလို့ Network နည်းနည်းကျွမ်းကျင်လို့ အလုပ်ဝင်တယ်။ အလုပ်ခေါ်တယ်ပေါ့ လခ ၂ သိန်းနဲ့ပေါ့။ ဥပမာပြောတာနော်။ အဲ့လိုအစား ကုန်တိုက်တစ်ခုရဲ့  Network ကို handle လုပ်ဖို့ခေါ်တယ် လခတစ်သိန်းခွဲပဲရတယ်။ ဥပမာပြောတာနော်။ အဲ့တော့ ကလေးကစဉ်းစားတယ် ဟိုမှာကျတော့ ၂ သိန်းရတယ် ဒီမှာကျတော့ တစ်သိန်းခွဲပဲရတယ်။ အဲ့တော့ ကျွန်တော်ကဘာညွှန်းလဲဆိုတော့ ကိုယ်နဲ့ဆက်စပ်တဲ့တပည့်တွေကိုပေါ့ မင်းတို့ဟိုမှာလခများတာမှန်ပေမဲ့ Cyber Café မှာရှိတဲ့ network system က မင်းတို့ရဲ့ career development အတွက် experience sharing အတွက် အထောက်အကူပြုမှုအားနည်းတယ်။ အဲတော့ မင်းတို့ Supermarket မှာလုပ်ရမယ်။ Experience ကို carry လုပ်တဲ့အခါမှာ ဘယ်လိုလုပ်ငန်းခွင်ဟာ ကိုယ့်ရဲ့ career ကို မြှင့်တင်ပေးဖို့အတွက် လိုအပ်သလဲဆိုတာကို စဉ်းစားဖို့လိုပါတယ်။ ကျွန်တော်တို့တွေ့တော့ ကျွန်တော်တို့ခေတ်နဲ့တော့ နည်းနည်းကွာတာပေါ့နော်။ အခုခေတ်ကတော့ လူငယ်တွေကတော့ Sincerely ပြောရရင် comfort ဖြစ်တာပေါ့နော်။ Comfort ဖြစ်တယ်ဆိုတာက comfort ဖြစ်တဲ့ဟာကို ဦးစားပေးချင်ကြတယ်။ အလုပ်နည်းနည်းပင်ပန်းရင် သိပ်မလုပ်ချင်တော့ဘူး။ သွားရတာဝေးရင်လည်း သိပ်ပြီးတော့ မလုပ်ချင်တော့ဘူး။ နောက်ပြီးတော့ လခနည်းတယ်လို့ပြောရင်လည်း … ဟာဟိုမှာတော့ ဘယ်လောက်ရတယ် ဒီမှာတော့ ဘယ်လောက်ရတယ် သိပ်ပြီးတော့ မဖြစ်ချင်ကြဘူး။ ဒါပေမဲ့ တကယ့် Professional သွားချင်တဲ့လူက အဲဒီဟာတွေသိပ်ပြီးတော့ စဉ်းစားတော့မရဘူး။ မစဉ်းစားသင့်ဘူးပေါ့။ ခုနပြောသလိုပေါ့ Cyber café ကပေးတဲ့ network ပြင်ဆင်ထိန်းသိမ်းတဲ့ experiences ကိုယ့်ရဲ့… နောက်တစ်ခုက လူငယ်ကလေးတွေက နည်းနည်းစဉ်းစားပြင်ဆင်ဖို့လိုတယ်။ လူကြီးတွေပြောတဲ့စကားပုံလိုပေါ့ အခုရေတွင်းတူး အခုရေကြည့်သောက်တော့ မရဘူးပေါ့။ နည်းနည်းတော့ ခက်တာပေါ့။ ဘာဖြစ်လို့ Professional လို့ပြောလဲဆိုတော့ Professional ဆိုတာ not just to earn the appropriate money ပေါ့နော် ပိုက်ဆံတစ်ခုတည်းကိုပဲ စဉ်းစားပြီးပြောဆိုဖို့ကတော့ခက်တယ်။ သူ့ရဲ့ stand နဲ့ သူရပ်တည်မယ့် environment နဲ့ သူ့ရဲ့အနောက်က ဒီ environment ကို ဘယ်လောက်အထိ သူကပြန်ပြီးတော့ encourage လုပ်နိုင်မလဲဆိုတဲ့ အချက်တွေနဲ့လည်း တိုင်းတာမှုတွေအများကြီးရှိတယ် Professional ဆိုတာကလေ။ ဆိုတော့ ကျွန်တော်က အဲဒီဟာတွေကို စဉ်းစားပြင်ဆင်စေချင်တာပေါ့နော်။

 

 

မေး ။  ခုနကဆရာပြောတဲ့ထဲမှာလည်း ပါတယ်ပေါ့နော်။ လူငယ်တွေက စင်ကာပူတို့ဘာတို့သွားကြတယ်။ ပြီးတော့ အခုပြန်လာတယ်ပေါ့နော်။ အဲဒါနဲ့အတူတူပဲ ပြည်တွင်းမှာလည်း ရာထူးအကြီးကြီးတွေ၊ တကယ့် department head level လောက်ခေါ်ယူမှူတွေရှိလာတယ်။ ဒီတော့ နိုင်ငံခြားကပြန်လာမယ့် ၀န်ထမ်းတွေအတွက် ပြည်တွင်းမှာ ဘယ်လောက်အထိအဆင်သင့်ဖြစ်နေပြီလဲ သူတို့အတွက် ဘယ်လောက်အထိ အာမခံချက်ရှိနေပြီလဲ။

ဖြေ ။ ။ ဟုတ်ကဲ့ အဲ့ဒါလေးလည်း ကျွန်တော်ပြောချင်တာပေါ့နော်။ ပြီးခဲ့တဲ့ ၂ လ ၃ လက အရင်ကကျွန်တော်တို့ဆီမှာလည်း အလုပ်လုပ်ခဲ့ဖူးတဲ့ တပည့်ပဲပြောပါတော့ စင်ကာပူမှာလည်း ၈ နှစ် ၁၀ နှစ်လောက်အလုပ်လုပ်နေတဲ့ ကလေး ၂ ယောက် ၃ ယောက်နဲ့ စကားပြောဖြစ်တယ်ပေါ့နော်။ သူတို့ဆွေးနွေးတဲ့ issues လေးတွေ ဒါလေးကို ပြန်ပြောပြချင်တာပေါ့နော်။ သူတို့ဘာပြောလဲဆိုတော့ ဥပမာ စင်ကာပူမှာလုပ်နေတဲ့ တစ်ယောက်ကပေါ့ နမူနာအားဖြင့် သူ့ရဲ့လုပ်ခလစာ သူဆိုရင် ၃၅၀၀ လောက်ရတယ်ပြောတယ်။ သူကပြောတယ် သူမြန်မာပြည်မှာပြန်လာတော့ လုပ်ချင်သော်လည်းပဲ environment ကဘာပြောတာလဲဆိုတော့  သာမန်ပြည်သူတစ်ဦးတစ်ယောက် အနေနဲ့ပဲကြည့် အလုပ်လုပ်နေတဲ့သူတစ်ယောက်အနေနဲ့ပဲကြည့်ကြည့် ဟိုမှာက MRT စီးရတယ် CPF ပေးရတယ် ဘာဖြစ်ရတယ် ညာဖြစ်ရတယ်ပြောပေမဲ့ environment အခြေအနေက တော်တော်လေးကို stable ဖြစ်တယ်။ ဒီမှာကျတော့ အဲ့လိုမျိုး regulation အရသော်လည်းကောင်း တစ်ခုခုပေါ့နော် ဒါတွေကတော့ အရမ်းကြီး stable မဖြစ်သေးဘူး။ သွားမှုလာမှုကိစ္စကအဆုံးပေါ့နော်။ နောက်တစ်ခုကတော့ ဒီမှာတော့နည်းနည်းစနေတာဖြစ်ပေမဲ့ ကျွန်တော်တို့ရဲ့ traditional အရအလုပ်သွားရင် ထမင်းဘူးယူရတာမျိုးကနေ ကိုယ့်ရဲ့ လုပ်ငန်းပတ်ဝန်းကျင်နယ်ပယ်မှာ Food Court တွေနဲ့ သက်သက်သာသာနဲ့ သွားလာလှုပ်ရှားဆောင်ရွက်နိုင်တဲ့ environment လေးတွေလိုတယ်ပေါ့နော်။ ဒါလေးတွေလည်း ကျွန်တော်တို့တွေ့တယ်။ သူတို့ရဲ့ခုနက သေချာမှုပေါ့။ သေချာမှုဆိုတာ MNO မှာအလုပ်လုပ်တဲ့အတွက် အလုပ်ပြုတ်ဖို့ကတော့ ခက်တာပေါ့နော်။ Job security ရှိတာတော့မှန်တယ် ဒါပေမဲ့ ဒီဟာပေါ်မှာ သူတို့အရမ်းကြီး rely မဖြစ်နိုင်သေးဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီလုပ်ငန်းကြီးကလည်း တစ်ခါကျွန်တော်တို့ဖြစ်သလိုပေါ့နော်။ နိုင်ငံတကာအဖွဲ့အစည်းတချို့လာတယ်။ ဒါပေမဲ့ အကြောင်းကြောင့် ပြန်ပြီးတော့ ဖျက်လိုက်တာတွေရှိတယ်။ ဒီလိုမျိုးတွေလည်း သူတို့ကနည်းနည်း စိုးရိမ်တယ်ပေါ့နော်။ အဲ့တာ့ သဘောကဘာလဲဆိုတော့ ပြည်ပမှာသွားအလုပ်လုပ်နေတဲ့ လူငယ်တွေ ဆိုပါစို့ စင်ကာပူဆိုလည်း ဒေါ်လာ ၂၀၀၀ -၂၅၀၀ ရနေတဲ့သူတွေ မြန်မာပြည်ကို ပြန်လာလုပ်တဲ့အခါမှာ သူတို့အနေနဲ့ မြန်မာပြည်မှာရှိတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေဟာ သူတို့ဟိုမှာလုပ်ခဲ့တဲ့ ပတ်ဝန်းကျင်လုပ်ငန်းခွင်အခြေအနေကဲ့သို့ အစစပေါ့နော် နည်းနည်းလေး stable ဖြစ်ပြီဆိုရင် သူတို့လည်း ဒါကို rely လုပ်နိုင်ပြီဆိုတာကို စိုးရိမ်တာပေါ့။ ခုနကပြောတဲ့ credit တွေ standard တွေ နောက်ပြီးတော့ legal တွေ ဒီဟာက လုပ်ငန်းခွင်နယ်ပယ်မှာ ညှိုနှိုင်းစဉ်းစားရမှာတွေ အများကြီးရှိသေးတယ်။ လုပ်တော့လုပ်နေကြပါတယ်။ ဥပမာ ကျွန်တော်တို့ တချို့ဆိုရှိတယ် Out sources လုပ်တဲ့ဟာမျိုးတွေပေါ့။ ကျွန်တော်တို့လည်းတွေ့တာပေါ့နော် ဥပမာ ဂျပန်ဖြစ်ဖြစ် လာတယ် သူတို့ဘာသာအဆင်ပြေသလို ဒီမှာ ရုံးခန်းလေးငှားပြီးတော့ ဒီမှာရှိတဲ့ လူငယ်တွေကို အလုပ်ခေါ်ပြီး ခန့်တယ်။ အဆင်မပြေရင် ဒီအလုပ်ကရပ်လိုက်တယ်။ ဒီဟာက သူ့ရဲ့ job security နဲ့ environment stability ဆိုတာကို ဒီမှာကိုတော့ အရမ်းကြီးမပေးနိုင်သေးဘူးလို့ မြင်တာပေါ့နော်။ ဒီဟာကြောင့်လည်း ပြင်ပရောက်နေတဲ့ လူငယ်တွေတချို့ကလည်း ပြန်မလာချင်ကြသေးတာပေါ့။


မေး  ။ ။ လူငယ်တွေကို အလုပ်တွေနဲ့ပတ်သတ်ပြီး ဆရာအမြင်နဲ့ ဖြည့်စွက်ပြီးပြောချင်တာလေးရှိရင် ပြောပေးပါဦးရှင့်။

ဖြေ ။ ။ Message ပေးချင်တာပေါ့နော်။  IT industry ထဲကို ၀င်လာမယ့်လူငယ်တွေကို ပေးချင်တဲ့ message ကတော့ IT industry သည် not the separate one ပေါ့နော်၊ တချို့ကလည်းစဉ်းစားတာ IT industry ထဲကို ၀င်တယ်ဆိုတာ IT လောကထဲလို့ပြောနေတာ။ တကယ်တော့ အဲ့လိုမဟုတ်ဘူး IT industry means supporting for everything / supporting for the every industry…. IT သမားလို့ယူဆတာမျိုးထက် လုပ်ငန်းခွင်နယ်ပယ်ပေါ့ ပုဂ္ဂလိကပဲဖြစ်ဖြစ် အစိုးရပဲဖြစ်ဖြစ် ဘဏ်လုပ်ငန်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဒီဟာတွေအားလုံးကို အထောက်အပံ့ပြုနိုင်တဲ့ professional လမ်းကြောင်းတစ်ခုကို ယူခြင်းဖြစ်ပါတယ်။

(အင်တာဗျူးပထမပိုင်းကို ဒီလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)  
လူငယ်များအတွက် သိသင့်သည့် နည်းပညာနှင့် အလုပ်အကိုင်ဗဟုသုတများဝေမျှပေးသည့် ဆရာ
ဦးငြိမ်းဦးအား Jobnet မှ အထူးကျေးဇူးတင်ရှိပါသည်။

တွေ့ဆုံမေးမြန်းသူ - ဆုရည်မိုး (JobNet)

 

What do you think the ICT sector taking a role in the economic sector of Myanmar?

 

 

When international business organizations draw up their business strategies, they deliberate ICT strategies together because ICT is a powerful drive for a business in the age of competition. It is difficult for an enterprise which cannot effectively apply ICT to its business to compete against other enterprises. Also, the technology can facilitate and regulate organization processes effectively. In small family businesses, it is OK whether ICT is applied to the businesses. In middle-scale and large-scale enterprises, ICT must be used. Local enterprises like hotels, banks, supermarkets and other retail businesses should use ICT for the successes of their businesses. Unless they apply the technology to their businesses, it will be difficult for them to stand in competitive area. For example, family owned small hotels may be fine whether they use it, but, the hotels that want to be international standard need to use it. So, ICT plays an essential role in the running of an enterprise: competing against other enterprises and achieving success.

 

If young people want to start their career in IT industry, where do they start from?

 

First, we need to give information to high school students and their parents that IT jobs should be considered as professional careers for their lives. Some parents in our country have a traditional idea that if their children pass matriculation exam with distinctions, they force their children to join medical college and engineering college. This is not good for children who are very interested in IT. We need to change this trend. We need to make them realize that IT jobs are also professional career tracks. Now, our association focuses this matter. We often go to other towns and have informative talks about computer and information technology. In the events, we give youths a message that they should consider Computer and IT majors when choosing university and major because they can step to their careers through it. In some countries, they design their academic curriculum including the knowledge of information and communication technology for basic education.

For a graduate who wants to choose jobs about IT, what do they need to prepare for their careers?

There are two types of graduates: Non Computer Science Graduates and Computer Science Graduates like B.C.Sc, B.C.Tech, B.E (IT), etc. Even for me, I am not a Computer Science Graduate. I undertook further studies about computer and IT. When our association holds discussions and talks in other towns, some young people asked that they were not Computer Science Graduates but they wanted to be computer technicians, programmers, software developers, etc., and what they needed to prepare for their careers. So, I want to give those people an advice that if they want to be programmers or network technicians, they need to attend the respective trainings systematically because a computer technician cannot show off the skills. Next, if you decide to enter IT field like a staff or a self-employed technician, you need to get some certificates which will support your professional life. For example, you can be a network technician by attending networking class. But, you should try to get certificates from international organizations like Microsoft or Cisco because your first degree does not relate to computer and IT subjects. I want them to take time to prepare for their academic. Now, it is easy to pursue computer and IT subjects because there are many private IT schools in our country. Previously, if you wanted to join Computer University, your matriculation exam marks are high enough to join the university. Now, unless you marks are high enough to join Computer University, you can try to get international diplomas and degrees about computer and IT subjects in Myanmar. There are several education service providers here.

Could you tell me your advice for youths who are trying to get job?
I told my students who were trying to get networking jobs about that. For example, a cyber café offers you a networking job with 200,000 MMK per months. A supermarket offers you a job to handle the network of the supermarket with 150,000 MMK per month. So, you may consider which job you should choose. At that time, I want give you an advice that although the salary offered by the cyber café is more than that of the supermarket, you cannot get wide experience about networking at the cyber café. So, you should work at the supermarket. Therefore, when young IT people are trying to a job, I want them to choose carefully a workplace where can get strong experience their careers. Sincerely speaking, I think the youth of today want to work in comfortable workplace. They do not want to work a job which is far from their homes or salary is low. If you want to be a profession, you should not complain about these things. If you want to be a profession in your career, you should not chase after only money. You need to think over how the environment where you will work will support and encourage your career.

As you mention above, some young people went to Singapore or other countries to work and now they are coming back Myanmar. And, companies in our countries are now offering positions for management level. So, we would like to know your opinion on that matter.

Sure… I also want to discuss about that. Last 3 months, I had a conversion with my students working in Singapore for about 10 years. I want to share the issues that we talked about. One of my students gets 3,500 SSD per month. He told me that although the cost of living in Singapore was higher than that in Myanmar, the environments in Singapore such as working facilities, transportation, CPF, job security, etc., were in the stable. But, the environments in Myanmar are not in the stable yet. For example, we take lunch boxes when we go to work. There should be food courts with reasonable prices near work for employees. Regarding to job security in Myanmar, for some who are working in multinational organizations, there is a little chance to be a jobless. But, we experienced a case that some international organizations came to Myanmar and dissolved by reason of something. So, that kind of matter about job security concerns people working in Singapore or other countries. If working facilities and job security can be relied on, they will come back to Myanmar, I think. But, some come back here. There are many things that we need to implement working facilities and standards for the employees in Myanmar.

What else would you like to add for young people and their career development?

I would like to give young people who will start their career in IT industry a message that IT jobs are related to all sectors in business organizations and government organizations. Thus, IT career is a professional career which can support all business industries.

JobNet.com.mm is deeply grateful to U Nyein Oo, Vice-President of MCPA, for sharing your advices on IT jobs for youths.