Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Administrator/Senior Administrator

Yoma Bank
| Yangon
Verified This job has been verified by the company as a real job vacancy.
19 Apr 2019
Recruiter active 1 day ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Administrator/Senior Administrator
Yoma Bank, | Yangon

Administrator/Senior Administrator

Yoma Bank

Administrator/Senior Administrator

Yoma Bank
Recruiter active 1 day ago The recruiter at this company was last active reviewing applications.
Myanmar - Yangon
Verified This job has been verified by the company as a real job vacancy.

Experience level

Experienced Non-Manager

Job Function

Administrative

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Job Description

A Great Opportunity for ...

(Credit Administration Department)

အလုပ်၏ ရည်ရွယ်ချက်
- ရိုးမဘဏ်၏ Demand Loan, Overdraft, Housing Loan, Pledge Loan အစရှိသောချေးငွေဆိုင်ရာအချက်အလက်များ မှန်ကန်မှု ရှိ၊မရှိ စိစစ် သုံးသပ်ပြီး၊ သက်ဆိုင်ရာအရာရှိသို့ အချိန်မီတင်ပြနိုင်ရန် ဖြစ်သည်။

အလုပ်၏အဓိက တာဝန်များ
- Demand Loan, Overdraft, Pledge Loan ချေးငွေအမှုတွဲများ၏ သက်တမ်းတိုးချေးငွေများနှင့်ပတ်သက်၍ ပေးဆပ်ရေးမှန်ကန်မှု၊ ချေးငွေရယူစဉ်ရည်ရွယ်ချက်အရ လုပ်ငန်းအတွင်းအသုံးပြုမှု၊ ချေးငွေရယူပြီးနောက် လုပ်ငန်းတိုးတက်ပြောင်းလဲမှု အစရှိသော အခြေအနေများအား စစ်ဆေးခြင်းနှင့်လိုအပ်သည်များကို ဘဏ်ခွဲများနှင့်ဆက်သွယ်၍ ပြန်လည်တောင်းခံရန်။
- Demand Loan, Overdraft, Pledge Loan များ သက်တမ်းတိုးလျှောက်ထားခြင်းအတွက် စာရွက်စာတမ်းများ စိစစ်သုံးသပ်ပြီး ကွဲလွဲချက်၊လိုအပ်ချက်များရှိပါက သက်ဆိုင်ရာဌာန၊ ဘဏ်ခွဲများနှင့် ဆက်သွယ်ဆောင်ရွက် ရန်။
- ချေးငွေအမှုတွဲများကို ပြန်လည်သုံးသပ်ခြင်းနှင့် လိုအပ်ပါက သက်ဆိုင်ရာချေးငွေကော်မတီ၏ ခွင့်ပြုချက်တောင်းခံရန်။
- ပြန်လည်သုံးသပ်ပြီးသည့် ချေးငွေအမှုတွဲများအတွက် ဘဏ်ခွဲသို့ အကြောင်းကြားစာပေးပို့ရန်။
- ချေးငွေနှင့်သက်ဆိုင်သော လက်မှတ်ရေးထိုးရန်စာရွက်စာတမ်းများကို ပြင်ဆင်ပေးင်္ပြီး ဘဏ်ခွဲများသို့ ပေးပို့ရန်။
- ဘဏ်ခွဲသို့ပေးပို့ထားသော လက်မှတ်ရေးထိုးပြီးသည့် စာရွက်စာတမ်းများကို ပြန်လည်စစ်ဆေးရန်။
- ဘဏ်၏ချေးငွေမူဝါဒ၊ ချေးငွေလုပ်ထုံးလုပ်နည်းများ၊ ဗဟိုဘဏ်၏ ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များကို သဘောပေါက် နည်းလည်ပြီး လက်တွေ့အကောင်အထည်ဖော် ပါဝင်ဆောင်ရွက်ရန်၊
- ဌာနတွင်းသက်ဆိုင်ရာအဖွဲ့များမှ ရရှိလာသောသီတင်းအချက်အလက်များကို စိစစ်သုံးသပ်ရာတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ကွဲလွဲချက်များ(သို့) လိုအပ်ချက်များရှိပါက အချိန်နှင့်တပြေးညီ စီမံဆောင်ရွက်ရန်၊
- ရိုးမဘဏ်၏ တိုးတက်ပြောင်းလဲမှုများအတွက် တက်ကြွစွာပါဝင်ပြီး ဌာနအတွင်းအသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ ဖြစ်ရမည်။ အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်း ပါဝင်နိုင်သူ ဖြစ်ရမည်။
- ချေးငွေနှင့်သက်ဆိုင်သော လက်မှတ်ရေးထိုးရန်စာရွက်စာတမ်းများကို ကောင်းစွာသိရှိနားလည်ပြီး အခါအားလျော်စွာ ထုတ်ပြန်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်၊
- ဌာနတွင်းသက်ဆိုင်ရာအဖွဲ့အလိုက်ချမှတ်ထားသော တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ခြင်း၊ လိုအပ်ချက်များကိုသိရှိဆွေးနွေးခြင်း၊ မိမိနှင့်အဖွဲ့၏ လုပ်ကိုင်မှုစွမ်းရည်မြင့်မားစေရန် စဉ်ဆက်မပြတ် အကြံပြုဆွေးနွေးခြင်း၊ ဌာန၏လုပ်ငန်း စွမ်းဆောင်ရည်တိုးတက်စေရန် ပူးပေါင်းဆောင်ရွက်ခြင်း၊ အကဲဖြတ်သုံးသပ်ခြင်းနှင့်လိုအပ်သောပြုပြင်ပြောင်းလဲမှုများကို ပူးပေါင်းဆောင်ရွက်ခြင်း၊
- ချေးငွေနှင့်သက်ဆိုင်သော အခက်အခဲပြဿနာများ၊ ဌာနအတွင်းစီမံခန့်ခွဲမှု၊ အခြားဌာနများ သို့မဟုတ် ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ပါဝင်ဆောင်ရွက်ရန်၊
- Fusion Banking Essence တွင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသစ်များ၊ ပြုပြင်ပြောင်းလဲမှုများ၊ အခက်အခဲ ဖြေရှင်းမှုများအတွက် အခြားသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ အဆင်ပြေအောင်မြင်စေရန် အချိန်မီ ဆောင်ရွက်ခြင်း။
- အခါအားလျော်စွာ အဖွဲ့ခေါင်းဆောင်၊ ဒု-ဌာနတာဝန်ခံ၊ ဌာနတာဝန်ခံမှ ပေးအပ်သော တာဝန်များကို ဆောင်ရွက်ပေးခြင်း၊

Open To

Male/Female

Job Requirements

လိုအပ်သော အသိပညာနှင့်ကျွမ်းကျင်မှုများ
(က) လူအများနှင့်ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်ပြီး ဘဏ်ခွဲများ၊ သက်ဆိုင်ရာရုံးဌာနများနှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် အဆင်ပြေစွာ ပြောဆိုဆက်ဆံနိုင်ရမည်။
(ခ) လုပ်ငန်းတာဝန်များအား အချိန်မှီပြီးစီးနိုင်ရမည်။
(ဂ) လုပ်ငန်းများကို အသေးစိတ်ဂရုပြုနိုင်ရမည်။ တာဝန်ယူနိုင်ရမည်။
(ဃ) စာအရေးအသားနှင့် စကားပြောကောင်းမွန်ရမည်။
(င) အဖွဲ့အစည်းနှင့်ကောင်းမွန်စွာ အလုပ်လုပ်နိုင်၍ အချိန်နှင့် တပြေးညီ စီမံခန့်ခွဲနိုင်မှု ကောင်းမွန်ရမည်။
(စ) အရေးကြီးသော၊ အဓိကဖြစ်သော လုပ်ငန်းတာဝန်များအား သိရှိနားလည်နိုင်ရမည်။


လိုအပ်သော ပညာအရည်အချင်း
(က) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ရမည်။
(ခ) Advanced Microsoft Word, Microsoft Excel & Email အသုံးပြုနိုင်ပြီး မြန်မာစာနှင့် အင်္ဂလိပ်စာ ကျွမ်းကျင်စွာ ရိုက်နိုင်ရမည်။

လိုအပ်သော လုပ်ငန်းအတွေ့အကြုံ
(က) မိမိလျှောက်ထားသောရာထူးနှင့် ကိုက်ညီသော စီမံခန့်ခွဲမှုအတွေ့ အကြုံအပါအဝင် သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ် ရှိရမည်။

ဦးစားပေးစဉ်းစားမည့် လုပ်ငန်းအတွေ့အကြုံ
(က) သက်ဆိုင်ရာနယ်ပယ်တွင် အတွေ့အကြုံရှိသည့် လက်ရှိ Administrator/ Senior Administrator ရာထူးဖြင့် တာဝန်ထမ်းဆောင် နေသူများလည်း လျှောက်ထားနိုင်သည်။
(ခ) Fusion Banking Essence (FBE) System နှင့်ပတ်သက်သော စီမံခန့်ခွဲမှု အတွေ့အကြုံရှိသူ ဦးစားပေးမည်။

လိုအပ်သော ဘာသာစကား
(က) မြန်မာဘာသာစကား ကျွမ်းကျင်ရမည်။

ဦးစားပေးစဉ်းစားမည့် ဘာသာစကား
(က) အင်္ဂလိပ်စာ တတ်ကျွမ်းရမည်။

What We Can Offer

Benefits

Rewards for Over Performance

Highlights

  • An awesome company
  • Join a winning team
  • You can make a difference

Career Opportunities

  • Opportunities for promotion
  • Possibility for job training
  • Learn new skills and techniques