Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Assistant English Language Instructor (Young Learner)

GETC & NURTURE English Training Center D
| Yangon
Verified This job has been verified by the company as a real job vacancy.
02 Feb 2018
Recruiter active 1 week ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Assistant English Language Instructor (Young Learner)
GETC & NURTURE English Training Center D, | Yangon

Assistant English Language Instructor (Young Learner)

GETC & NURTURE English Training Center D

Assistant English Language Instructor (Young Learner)

GETC & NURTURE English Training Center D
Recruiter active 1 week ago The recruiter at this company was last active reviewing applications.
Myanmar - Yangon
Verified This job has been verified by the company as a real job vacancy.

Experience level

Entry Level

Job Function

Education, Teaching, Childcare

Job Industry

Education/Training

Min Education Level

Bachelor Degree

Job Type

Part Time

Job Description

A Big Opportunity for ...

၁။ အင်္ဂလိပ်ဘာသာစကားကို ကျောင်းသားများ မိမိကိုယ်ကိုယုံကြည်မှုအပြည့်ဖြင့် အသံထွက်မှန်မှန်ကန်ကန် နှင့် ပြောရဲဆိုရဲရှိလာအောင် သင်ကြားပြသပေးရန်။
၂။ အင်္ဂလိပ်ဘာသာစကားဆိုင်ရာ စာမေးပွဲများ (ဥပမာ-Starters, Movers, Flyers, IELTS) များ ဖြေဆိုရာ တွင် အကောင်းဆုံးရလဒ်များ ထွက်ရှိအောင် လေ့ကျင့်သင်ကြားပေးရန်။
၃။ အင်္ဂလိပ်စာသင်ကြားရေးမှတစ်ဆင့် ကျောင်းသားများ၏ ကိုယ်ကျင့်တရားနှင့်စာရိတ္တ၊ လူမှုပေါင်းသင်း ဆက်ဆံရေးနှင့်စိတ်ပိုင်းဆိုင်ရာဖွံဖြိုးမှု၊ အတွေးအခေါ်နှင့်ဗဟုသုတ စသည်တို့တိုးပွားလာအောင် ပြုစုပျိုး ထောင် လေ့ကျင့်သင်ကြားပေးရန်။
၎။ သင်တန်းကျောင်း၏ ညွှန်ကြားမှုနှင့် မူဝါဒအတိုင်း အင်္ဂလိပ်စာသင်ကြားမှုနှင့် စာမေးပွဲပြင်ဆင်မှုများကိုရေး ဆွဲရမည်။ မတူညီသည့် background အမျိုးမျိုးမှလာသော ကျောင်းသား/သူများနှင့် မတူညီသော အရည် အချင်း Level မျိုးစုံအတွက် ကိုက်ညီသောသင်ကြားနည်းမျိုးစုံကို ရေးဆွဲသင်ကြားပေးရမည်။
၅။ မိမိ၏သင်ကြားရေးစွမ်းရည် ခေတ်နှင့်အညီ ဆက်လက်ဖွံဖြိုးတိုးတတ်မှုရှိအောင် စိတ်အားထက်သန်စွာ အမြဲမပြတ်လေ့လာသင်ယူ ကြိုးစားအားထုတ်မှုရှိရမည်။
၆။ ကျောင်းသား/သူများနှင့် ပတ်သက်သည့်ကိစ္စရပ်များနှင့် မိမိ၏လုပ်ဆောင်မှုများနှင့် သက်ဆိုင်သည့် အစီရင် ခံစာများကို အတန်းပိုင်ဆရာမနှင့် အုပ်ချုပ်ရေးပိုင်းသို့ လိုအပ်သလိုစီစဉ်တင်ပြရမည်။
၇။ အတန်းပိုင်ဆရာမမှ စာသင်ကြားရာတွင် အထောက်အကူရစေရန် သင်ထောက်ကူပစ္စည်းများကို စနစ် တကျ ပြင်ဆင်ဆောင်ရွက်ပေးရမည်။
၈။ အတန်းတွင်း Activity များဖြစ်သည့် Group Word လုပ်ချိန်၊ Puzzle လုပ်ချိန်၊ Worksheet လုပ်ချိန်၊ စာသင်ချိန်များတွင် အတန်းပိုင်ဆရာမမှ လိုအပ်သလို ကူညီဆောင်ရွက်ပေးရမည်။
၉။ အတန်းပိုင်ဆရာမပျက်ကွက်ပါက အတန်းအစားထိုးဝင်ပေးရမည်။
၁၀။ ကျောင်းသားများ၏ သင်ယူမှုအခက်အခဲများကို Main Teacher နှင့် ကျောင်းအုပ်ချုပ်ရေးထံသို့ တိကျ သေချာစွာတင်ပြရမည်။
၁၁။ မိမိတာဝန်ကျနေရာတွင် ကလေးငယ်များကို ဂရုတစိုက်ထိန်းသိမ်း စောင့်ရှောက်ရမည်။ မိမိတာဝန်ကျရာ နေရာတွင် လိုအပ်သောလုပ်ဆောင်ဖွယ်များကို အပြည့်အ၀တာဝန်ယူ၍ ဆောင်ရွက်နိုင်ရမည်။
၁၂။ ကလေးငယ်များကို ကျောင်းဝန်းအတွင်း၊ ခန်းမများအတွင်းနှင့် ပြင်ပလေ့လာရေးထွက်သောအချိန်များတွင် ပါ သေချာစွာကြီးကြပ်စောင့်ရှောက်ရမည်။
၁၃။ ကျောင်းချိန်အတွင်း ကလေးငယ်များအား ဂရုတစိုက်စောင့်ရှောက်ရမည်။
၁၄။ ကလေးငယ်များအား ပြုံးရွှင်စွာ ကြိုဆိုနှုတ်ဆက်ရမည်။
၁၅။ ကလေးငယ်များကို လိုအပ်သလို ကျောင်းကားနှင့် ကြို/ပို့ပေးရမည်။ ကလေးငယ်များ School bus ပေါ် အတက်၊ အဆင်းများတွင် စီမံကြီးကြပ်ရမည်။
၁၆။ ကျောင်းတွင်း Parties, Dinners နှင့် လေ့လာရေးခရီးများကို ကူညီစီမံ၍ ပါဝင်ဆောင်ရွက်ရမည်။
၁၇။ ကျောင်းမှချမှတ်ထားသော သင်ရိုးညွှန်းတမ်းနှင့်အညီ အခြားလုပ်ဖော်ကိုင်ဖက်များနှင့်အတူ Lesson များရေးဆွဲခြင်း Timetable များရေးဆွဲခြင်းများ ပြုလုပ်ရမည်။
၁၈။ အစည်းအဝေးများတက်ရောက်၍ ကျောင်းကော်မတီမှလိုအပ်သည်များကို ပါဝင်ဆောင်ရွက်ရမည်။
၁၉။ Traning course များကိုလည်း တက်ရောက်၍ ပါဝင်ရမည်။
၂၀။ မိမိ၏လုပ်ဖော်ကိုင်ဖက်၊ ကြီးကြပ်သူနှင့် အုပ်ချုပ်သူများအား အပြန်အလှန်လေးစားစွာဆက်ဆံ၍ သင့်တင့် စွာ ပူးပေါင်း လုပ်ဆောင်ရမည်။
၂၁။ ကျောင်း၏ Marketing အစီအစဉ်များတွင် ပါဝင်ရမည်။
၂၂။ မိမိ၏ လုပ်ဖော်ကိုင်ဖက်အထက်တာဝန်ခံ ဆရာ/မများနှင့် အတန်းမစမီ (၅)မှ (၁၅)မိနစ် အလိုတွင် သင်ကြားရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ကြိုတင်ဆွေးနွေးတိုင်ပင်ခြင်းကို မဖြစ်မနေပြုလုပ် ဆောင်ရွက်ရမည်။ အတန်းပြီးဆုံးပြီး (၁၀)မှ (၃၀)မိနစ်တွင် တစ်နေ့တာဆောင်ရွက်ခဲ့သည့် သင်ကြားရေး နှင့် ပတ်သက်သည့် လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်ဆန်းစစ်ဆွေးနွေး တိုင်ပင်ခြင်း မဖြစ်မနေဆောင်ရွက်ရမည်။
၂၃။ အထက်ပါတာဝန်များအပြင် လိုအပ်ပါက ကျောင်း၏လုပ်ဆောင်မှုများတွင် ပါဝင်ကူညီလုပ်ဆောင်ပေးနိုင် ရမည်။

Open To

New graduates
Internship
Male/Female

Job Requirements

• တက္ကသိုလ်တစ်ခုခုမှဘွဲ့တစ်ခုခုရရှိထားသူ ဖြစ်ရမည်။
• B.A (Eng) သို့မဟုတ် Dip in English ရရှိထားသူဦးစားပေးမည်။
• အသက်(၅)နှစ်မှ (၁၄)နှစ်အရွယ်ကလေးငယ်များနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ပြီးကလေးချစ်တတ်သူဖြစ်ရမည်။
• စနေ၊တနင်္ဂနွေနှင့်ဝါတွင်းကာလဥပုလ်နေ့များတွင်အလုပ်ဆင်းနိုင်သူဖြစ်ရမည်။
• အခြေခံလစာမှာ ( တစ်ရက်လျှင် ၈၀၀၀မှ၁၅၀၀၀ကျပ်)အထိဖြစ်ပြီး အချိန်မှန်၊ရက်မှန်ကြေးခံစားခွင့်ရှိသည်။

What We Can Offer

Benefits

Holiday Allowance
Meal Allowance
Travel Allowance

Highlights

Will have a chance to apply own ideas and making own decision.
Flexible working environment .

Career Opportunities

  • Opportunities for promotion
  • Possibility for job training
  • Learn new skills and techniques