Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Branch Manager

Yoma Bank
| Yangon
Verified This job has been verified by the company as a real job vacancy.
13 Dec 2019
Recruiter active 1 day ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile

Branch Manager

Yoma Bank
Recruiter active 1 day ago The recruiter at this company was last active reviewing applications.
Myanmar - Yangon
Verified This job has been verified by the company as a real job vacancy.

Experience level

Manager

Job Function

Sales, Business Development

Job Industry

Banking/ Insurance/ Microfinance

Job Type

Full Time

Job Description

An Exciting Opportunity for ...

အဓိကတာဝန်
Customer များနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်၍ အရောင်းဝန်ဆောင်မှုပေးခြင်း၊ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း နှင့် မိမိဘဏ်ခွဲဝန်ထမ်းများအား ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခြင်း ။

အလုပ်၏ရည်ရွယ်ချက်
မိမိဘဏ်ခွဲ၏ဝန်ထမ်းများအား ဦးဆောင်ပြီး ဘဏ်ခွဲလုပ်ငန်းဆိုင်ရာ တာဝန်များကို ကြီးကြပ်ရပါမည်။ ဘဏ်ခွဲ၏ လုပ်ငန်းစဉ်များကို တိုးတက်ကောင်းမွန်အောင် နည်းပြလမ်းညွှန်မှုပေးခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအပြင် ဘဏ်ခွဲ၏ ရည်မှန်းထားသည့် အရောင်းဆိုင်ရာဝန်ဆောင်မှု များကို အောင်မြင်မှုရရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ပါသည်။ အဆိုပါရာထူးမှာ ပုံမှန်လစာခံစားခွင့် ရရှိမည့်အပြင် မိမိလုပ်ဆောင်ချက်ပေါ်မူတည်၍ ဆုကြေးခံစားခွင့် ရရှိနိုင်ပါသည်။ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား အောက်ဖော်ပြပါ အချက်အလက်များအတိုင်းဖြစ်ပါသည်။

တာဝန်နှင့်ဝတ္တရားများ
လုပ်ငန်းရေးရာ-သွက်လက်တက်ကြွသော အရောင်းဝန်ဆောင်မှု (၃၀%)
- ဘဏ်၏နေရာဒေသအလိုက် အဓိကဝင်ငွေရရှိသော နေရာများအားလုံးကို အာရုံစိုက်၍ လိုအပ်သော အရောင်း ဝန်ဆောင်မှုလုပ်ငန်းနှင့် အကျိုးစီးပွားတိုးတက်မှုများရရှိအောင် ဆောင်ရွက်ရန်။
- သတ်မှတ်ထားသော လုပ်ငန်းစီမံချက်များနှင့် Target များရရှိရန်အတွက် ဘဏ်ခွဲ၏ စွမ်းဆောင်ရည်ကို စီမံခန့်ခွဲ ဆောင်ရွက်ရန်အတွက် ညွှန်ကြားရန် ။ ဝန်ထမ်းမှ ဆောင်ရွက်ခြင်းမရှိ၍ Customer Complaint ဖြစ်ပါက SLA (Service Level Agreement) အားနားလည် သဘောပေါက်သည်အထိ ဝန်ထမ်းအား ရှင်းပြပြီး လိုက်နာမှု ရှိ/မရှိ စစ်ဆေးရန်။
- သတ်မှတ်ထားသော Performance Target များကို နားလည်သဘောပေါက်၍ ဆုံးရှုံးနိုင်ခြေများကို လျော့နည်းအောင် လုပ်ဆောင်ခြင်းနှင့် သွေဖယ်ကွဲလွဲမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရင်းများကို ဖော်ထုတ်၍ စွမ်းဆောင်ရည် တိုးတက် နိုင်ရန်အတွက် စောင့်ကြည့် စီမံခန့်ခွဲရမည်။
- ဘဏ်၏အကျိုးစီးပွား ဖွင့်ဖြိုးတိုးတက်စေရန်အတွက် လက်ရှိ Customerများနှင့် ချိတ်ဆက်၍ Customer အသစ်များ ပိုမိုရရှိအောင် ဆောင်ရွက်ရန်။
- အရေးကြီး၍ အလားအလာကောင်းသော Customer များအားရွေးချယ်၍ ‌ကောင်းမွန်သော ဆက်ဆံရေးများရရှိရန် နှင့် သင့်တော်သော ဆက်သွယ်မှုများ ပြုလုပ်ခြင်း။
- ဘဏ်ဝန်ထမ်းများ ရေရှည်တည်တံ၍ စွမ်းဆောင်ရည်အမြင့်ဆုံး ရရှိစေရန် နှင့် သတ်မှတ်ထားသော Target များကို ရရှိရန်အတွက် (Sales Cycle Approach) ချည်းကပ်ပုံများကို ကျင့်သုံးရန်အတွက် ဦးဆောင်လေ့ကျင့်ပေးရန်။

Customer ဝန်ဆောင်မှု (၂၅%)
- Customer များအတွက် သွက်လက်တက်ကြွသော အရောင်းဝန်ဆောင်မှုနှင့် ရင်းနှီးဖော်ရွေသော အတွေ့အကြုံပေး သည့် ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးရန်။
- ဝန်ထမ်းများမှ Customer များအား ဝန်ဆောင်မှုပေးသည့် စံနှုန်းတိုးတက်လာစေရန်အတွက် အရောင်းနှင့် ပတ်သက် သော ညွှန်းဆိုပေးမှု အလေ့အကျင့်များပြုလုပ်ရန်။
- ဝန်ထမ်းများမှ လုပ်ငန်းတာဝန်များ လုပ်ဆောင်ရာတွင် ဘဏ်၏စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် အတွက် စီမံညွှန်ကြားရန်။
- Customer များ၏ လိုအပ်ချက်များကို အမြဲတမ်းလေ့လာပြီး အကောင်းဆုံး ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် မိမိ ဝန်ထမ်းများအား ဦးဆောင်၍ ကူညီလမ်းညွှန်မှု ပေးရန်။
- Customer များအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် Q-machine မှရရှိသည့် အချက်အလက်များ အား အသုံးပြု၍ အခါအားလျော်စွာ စစ်ဆေးရပါမည် ။
- ချေးငွေ Customer များကို စောင့်ကြည့်ထိန်းသိမ်းနိုင်ရန် အတွက် ဘဏ်၏ ချေးငွေဆိုင်ရာမှုဝါဒနှင့် သတ်မှတ်ထား သည့် ညွှန်ကြားချက်များကို အပြည့်အဝ နားလည်လိုက်နာလုပ်ဆောင်နိုင်ပြီး Customer များကိုလည်း သဘောပေါက် နားလည်စေရန်ရှင်းပြနိုင်ရမည်။
- မိမိဘဏ်ခွဲ ဝန်ထမ်းများမှ Customer ကို ဝန်ဆောင်မှု ပေးရာတွင် SLA (Service Level Agreement) ကိုနားလည် သဘောပေါက်ပြီး အဆိုပါ SLA (Service Level Agreement) များအတိုင်း ဆောင်ရွက်ရန်။
- Customer များနှင့်သွားရောက်တွေ့ဆုံသည့်အခါ ၎င်းတို့၏ လိုအပ်ချက်ကို မိမိကိုယ်တိုင် ကောင်းစွာနားလည်၍ အသင့်တော်ဆုံး ဝန်ဆောင်မှု နှင့် အကြံညဏ်ကောင်းများ ပေးနိုင်ရန်အတွက် လမ်းညွှန်မှု ပြုလုပ်ပေးရန်။

လုပ်ငန်းစဉ် (၁၅%)
- ဘဏ်၏လုပ်ငန်း တာဝန်မျာအား ဝန်ထမ်းများမှလုပ်ဆောင်ရာတွင် သတ်မှတ်ထားသော မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ နှင့်အညီ သေချာစွာ ဆောင်ရွက်စေရန်နှင့် ဘဏ်မှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအား လိုက်နာ ဆောင်ရွက်မှု ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးရန်။
- Customer Service နှင့် ပတ်သက်၍ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရန်အတွက် နည်းလမ်းများ ရှာဖွေခြင်း၊ လုပ်ငန်းကျင့်ထုံးများ၊ လုပ်ထုံးလုပ်နည်းများ၊ ပြုမူလုပ်ဆောင်ပုံများနှင့် တင်ပြခြင်းများ၊ အထူးသဖြင့် အရောင်းပိုင်းနှင့် ဝန်ဆောင်မှုပေးသောအပိုင်းများတွင် ထိရောက်ကောင်းမွန်စေရန်။
- စာရင်းစစ်အဖွဲ့အားလုံးမှ စစ်ဆေးလာပါက ဘဏ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ ၊ ညွှန်ကြားချက်များ ၊ SOP (Standard Operation Procedure ) များအတိုင်း လိုက်နာထားသည့် ရလဒ်ထွက်ရှိအောင် ဆောင်ရွက်ရန်။
- ဘဏ်ခွဲ၏ လိုအပ်ချက်၊ ရုံးချုပ်မှ ပံပိုးနိုင်ရန်လိုအပ်ချက် ၊ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များအား သုံးသပ်ပြီး အဆင့်ဆင့် တင်ပြနိုင်ရန်။
- ရိုးမဘဏ်မှ ခွင့်ပြုထားသော လုပ်ပိုင်ခွင့်များအတိုင်း မိမိလက်အောက်ရှိဝန်ထမ်းမှ ခွင်ပြုမိန့်တောင်းခံ (Passing Approval) လာပါက သေချာစွာစိစစ်ပြီး ခွင့်ပြုပေးရန်။
- ရိုးမဘဏ်၏ အပြောင်းအလဲ အစီအစဉ်နှင့် ကိုက်ညီစွာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိရန်အတွက် စနစ်သစ်များ၊ လုပ်ငန်းစဉ်အသစ်များ ပြောင်းလဲမှု အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် ပံ့ပိုးဆောင်ရွက်ရန်။
- လုပ်ငန်းခွင် ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရန်အတွက် ဝန်ထမ်းများမှ တက်ကြွစွာ ပါဝင်စေရန် ပံ့ပိုးပေးခြင်း။


လိုက်နာရမည့်နည်းလမ်းများ (၁၅%)
- ဘဏ်ဝန်ထမ်းများအနေနှင့် ရည်မှန်းချက်များကို ရရှိအောင်လုပ်ဆောင်ရာတွင် စည်းကမ်းနှင့်အညီ လုပ်ဆောင်နိုင်ရန် အကောင်းဆုံးပတ်ဝန်းကျင်အခြေအနေဖြစ်အောင် ဖန်တီးပေးရမည်။
- ဘဏ်အတွင်း/အပြင် သတ်မှတ်ထားသော စည်းကမ်းများ၊ ဥပဒေများနှင့် ကိုက်ညီမှုရှိ/မရှိကို အစဉ်တစိုက် ဂရုပြု စစ်ဆေးနေရမည်။
- Credit Policy - ဘဏ်ခွဲ၏ ချေးငွေများသည် လက်ခံနိုင်သည့် ဆုံးရှုံးနိုင်ခြေနှင့် တိုးတက်နိုင်ခြေအတွင်း တည်ရှိနေစေ ရန်အတွက် သတိပြုဆောင်ရွက်ရန်နှင့် ဘဏ်၏ ညွှန်ကြားထားသော စနစ်၊ စည်းကမ်း၊ လုပ်ငန်း၊ အုပ်ချုပ်မှုတို့အောက် တွင် တည်ရှိရန်အတွက် အဘက်ဘက်မှ လိုအပ်သလို စီစဉ်ညွှန်ကြား ဆောင်ရွက်ရန်။
- မိမိတာဝန်ယူ လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များအပေါ်တွင် တာဝန်ယူမှု နှင့် တာဝန်ခံမှု အပြည့်အဝရှိရပါမည်။

ဝန်ထမ်းရေးရာ (၁၅%)
- ဘဏ်၏ အသင်းလိုက်လုပ်ဆောင်မှုအားကောင်းလာစေရန် ဦးဆောင်လမ်းပြရန်။
- ဝန်ထမ်းများ၏ အရည်အသွေး တိုးတက်လာစေရန်အတွက် သင်ကြားပို့ချမှုများနှင့် လမ်းညွှန်မှုများပြုလုပ်ခြင်း။
- ဝန်ထမ်းအသစ် ဝင်ရောက်ခြင်းနှင့် မိမိဘဏ်ခွဲတွင် ဝန်ထမ်းတစ်ဦး ရာထူးတိုးပါက ထိုသူဆောင်ရွက်ရမည့် တာဝန် ၊ Control Points ၊ ဆောင်ရန် ရှောင်ရန်များ နှင့် ထိုသူ၏ Role တွင် ပြုလုပ်ရမည့် Computer System ၏ User Manualများကို ဖတ်ခိုင်းစေခြင်း ၊ Instruction များအားဖတ်ခိုင်းစေခြင်းနှင့် Coaching ပြုလုပ်ခြင်းများ ဆောင်ရွက်ရန်။
- ဘဏ်၏ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းပြရာတွင် မိမိဝန်ထမ်းမှ နားလည်သဘောပေါက်ခြင်း ရှိ/မရှိကို ပြန်လည်အတည်ပြု မေးမြန်းရန်နှင့် ဝန်ထမ်းမှလည်း ထိုလုပ်ငန်းစဉ်များကို မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နေသည်များကို စစ်ဆေးကြီးကြပ်ရန်။
- ဘဏ်၏ အသုံးစရိတ်များအား အလေအလွင့်မရှိအောင် ထိန်းသိမ်းရန်။
- ရိုးမဘဏ်မှ ချမှတ်ထားသော Vision & Value များကို မိမိကိုယ်တိုင်မှလည်း ကောင်းစွာ နားလည်သည့်အပြင် ဘဏ်ခွဲဝန်ထမ်းများကိုလည်း ရှင်းလင်းစွာ နားလည်သဘောပေါက်အောင် လုပ်ဆောင်ရန်။
- လုပ်ငန်းခွင် ပိုမိုတိုးတက် ကောင်းမွန်စေရန်အတွက် မိမိဝန်ထမ်းများမှ တက်ကြွစွာ ပါဝင်လာအောင် ပံ့ပိုးလှုံံ့ဆော် ပေးရန်။
- ဝန်ထမ်းရေးရာနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်မှုများပြုလုပ်ရာတွင် CSO 2IC , Cash Head များနှင့် ညှိနှိုင်း၍ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ခြင်း။
- ဝန်ထမ်း၏ လိုအပ်ချက်ကို မှန်ကန်စွာ သုံးသပ်ပြီး လိုအပ်ပါက Performance Review ပြုလုပ်ရန်။

Open To

Male/Female

Job Requirements

အသိပညာနှင့်ကျွမ်းကျင်မှုများ
• လူအများနှင့် ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်ရမည်။
• ပိုင်းခြားစိတ်ဖြာနိုင်စွမ်းရှိပြီး အပြောင်းအလဲရှိသော ပတ်ဝန်းကျင်တွင် လုပ်ဆောင် နိုင်ခြင်းရှိရမည်။
• Business Development တီထွင်မှု၊ မှတ်တမ်းမှတ်ရာကျွမ်းကျင်မှုဖြင့် ဆောင်ရွက် နိုင်ရမည်။
• စာအရေးအသားနှင့် စကားပြောကောင်းမွန်ရမည်။
• အမြင့်ဆုံးသော Sales Skills နှင့် Sales သဘော နားလည်မှု၊ Financial Service Sector တွင် အတွေ့အကြုံရှိရမည်။
• အရေးကြီးသော၊ အဓိကဖြစ်သော ဘဏ်နှင့်ပတ်သက်သည့် လုပ်ငန်းတာဝန်များအား ပြည့်ပြည့်စုံစုံ သိရှိနားလည်ထားသူဖြစ်ရမည်။
• ဘဏ်၏ ချေးငွေလုပ်ငန်းနှင့် ပတ်သက်သည့် ပြင်ဆင်မှုများနှင့် အပြီးသတ် လုပ်ဆောင်မှုတာဝန်များအား ပြည့်ပြည့်စုံစုံ သိရှိနားလည်ထားသူ ဖြစ်ရမည်။
• လုပ်ငန်းအကျိုးအမြတ်ကို အာရုံစိုက်သူ၊ လူသားအရင်းအမြစ် စီမံခန့်ခွဲခြင်းဆိုင်ရာ အတတ်ပညာ၊ ကျွမ်းကျင်မှု အတွေ့အကြုံရှိသူဖြစ်ရမည်။
• လိုအပ်ပါက ရိုးမဘဏ်၏ မည်သည့်ဘဏ်ခွဲတွင်မဆို အနည်းဆုံး ၂နှစ်မှ၃နှစ်အထိ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

ပညာအရည်အချင်းနှင့် Training
• တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ ဖြစ်ရမည်။
• Microsoft Excel & Word နှင့် Email အသုံးပြုနိုင်ရမည်။

လုပ်ငန်းအတွေ့အကြုံ
• မိမိလျှောက်ထားသော ရာထူးနှင့် ကိုက်ညီသော လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်ရှိရမည်။

ဘာသာစကားများ
(က) မြန်မာဘာသာစကား ကျွမ်းကျင်ရမည်။
(ခ) အင်္ဂလိပ်စာ အခြေခံအသင့်အတင့် ကျွမ်းကျင်ရမည်။

*ဆန်ခါတင်စာရင်းတွင်ပါဝင်သူများကိုသာ အင်တာဗျူးအတွက် ဆက်သွယ်မည်ဖြစ်ပါသည်။*

What We Can Offer

Benefits

- Annual Performance Bonus
- OT Payment

Highlights

  • An awesome company
  • Join a winning team
  • You can make a difference

Career Opportunities

  • Opportunities for promotion
  • Possibility for job training
  • Learn new skills and techniques