Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

English Language Instructor (For Young Learner)

GETC & NURTURE English Training Center D
| Yangon
Verified This job has been verified by the company as a real job vacancy.
15 Jan 2018
Recruiter active 1 week ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
English Language Instructor (For Young Learner)
GETC & NURTURE English Training Center D, | Yangon

English Language Instructor (For Young Learner)

GETC & NURTURE English Training Center D

English Language Instructor (For Young Learner)

GETC & NURTURE English Training Center D
Recruiter active 1 week ago The recruiter at this company was last active reviewing applications.
Myanmar - Yangon
Verified This job has been verified by the company as a real job vacancy.

Experience level

Experienced Non-Manager

Job Function

Education, Teaching, Childcare

Job Industry

Education/Training

Job Type

Part Time

Job Description

An Exciting Opportunity for ...

အလုပ်၏သဘောသဘာဝ။ သင်တန်းကျောင်း၏ ညွှန်ကြားမှုနှင့် မူဝါဒအတိုင်းအင်္ဂလိပ်စာသင်ကြားမှုနှင့်စာမေးပွဲပြင်ဆင်မှုများကိုရေးဆွဲရမည်။ မတူညီသည့် background အမျိုးမျိုးမှလာသော ကျောင်းသား/သူများနှင့်မတူညီသောအရည်အချင်း Level မျိုးစုံးအတွက် ကိုက်ညီသောသင်ကြားနည်းမျိုးစုံးကို ရေးဆွဲသင်ကြား ပေးရမည်။ အကဲဖြတ်ခြင်း၊ အတန်းတွင်းလေ့လာခြင်းနှင့် feedbackပေးခြင်း၊ သင်ခန်းစာများ စုပေါင်းရေးဆွဲခြင်း၊ ကျောင်းသား/သူများ နှင့် ပတ်သက်သည့် ကောက်ချက်ဆွဲခြင်း၊ ကြီးကြပ်စီမံခြင်းနှင့် အကဲဖြတ်ခြင်း၊ ကျောင်းဝင်ခွင့် လက်ခံခြင်း၊ ၀န်ထမ်း အစည်းအဝေးနှင့် သင်တန်းတက်ခြင်းစသည့် အရည်အသွေးမြင့် အင်္ဂလိပ်ဘာသာစကားသင်ကြားရေး အထောက်အပံ့ဖြစ်စေသည့် လုပ်ဆောင်မှုများနှင့် ပညာရေးဆိုင်ရာစီမံခန့်ခွဲမှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်။ သင်ရိုးညွှန်းတမ်း ပိုမိုကောင်းသည်ထက် ကောင်းမွန်ရေးနှင့် သင်ကြားရေး အထောက်အကူပြုပစ္စည်းများတိုးတက်ကောင်းမွန်းရေး အတွက် ဆန်းသစ်တီထွင်ခြင်း၊ အသစ်ဖွင့်လှစ်သောသင်တန်းများ အလိုက် သင့်လျော်သော၊ အသုံးပြုရလွယ်ကူသော သင်ထောက်ကူပစ္စည်းများကို စီစဉ်ရာတွင် အပြည့်အ၀ပါဝင်ဆောင်ရွက်နိုင်ရမည်။
ကျောင်းသားများအတွက် တစ်ဦးချင်းနားမလည်သည်ကိုပြန်လည် ရှင်းပြသင်ကြားပေးခြင်းနှင့် ဆက်လက်ဖတ်ရမည့် စာများ၊ သက်ဆိုင်ရာ အကြောင်းအရာအတွက် အထောက်အကူပြုမည့် resourceများရှာဖွေနိုင်ရန် ညွှန်ကြားပေးခြင်းစသည့် လိုအပ်သောပံ့ပိုးမှုနှင့် လမ်းညွှန်မှုပေးရမည်။ မိမိ၏သင်ကြားရေးစွမ်းရည် ခေတ်နှင့်အညီဆက်လက်ဖွံ့ဖြိုးတိုးတက်မှုရှိအောင် စိတ်အားထက်သန်စွာ အမြဲမပြတ်လေ့လာသင်ယူကြိုးစားအားထုတ်မှုရှိရမည်။

၁။ သင်တန်းကျောင်း၏ ညွှန်ကြားမှုနှင့် မူဝါဒအတိုင်း အင်္ဂလိပ်စာသင်ကြားမှုနှင့် စာမေးပွဲပြင်ဆင်မှုများကို ရေးဆွဲရမည်။ မတူညီသည့်နယ်ပယ် အမျိုးမျိုးမှလာသော ကျောင်းသား/သူများနှင့် မတူညီသောအရည် အချင်း Level မျိုးစုံအတွက် ကိုက်ညီသောသင်ကြားနည်းမျိုးစုံကို ရေးဆွဲသင်ကြားပေးရမည်။

၂။ အကဲဖြတ်ခြင်း၊ အတန်းတွင်းလေ့လာခြင်းနှင့် တုံ့ပြန်ဖြည့်စီးပေးခြင်း၊ သင်ခန်းစာများစုပေါင်းရေးဆွဲခြင်း၊ ကျောင်းသား/သူများနှင့်ပတ်သက်သည့် ကောက်ချက်ဆွဲခြင်း၊ ကြီးကြပ်စီမံခြင်းနှင့် အကဲဖြတ်ခြင်း၊ ကျောင်း ၀င်ခွင့်လက်ခံခြင်း၊ ၀န်ထမ်းအစည်းအဝေးနှင့် သင်တန်းတက်ခြင်းစသည့် အရည်းအသွေးမြင့် အင်္ဂလိပ်ဘာသာစကား သင်ကြားရေး အထောက်အပံ့ဖြစ်စေသည့် လုပ်ဆောင်မှုများနှင့် ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်။

၃။ သင်ရိုးညွှန်းတမ်း ပိုမိုကောင်းသည်ထက်ကောင်းမွန်ရေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ တိုးတက်ကောင်းမွန်ရေးအတွက် ဆန်းသစ်တီထွင်ခြင်း၊ အသစ်ဖွင့်လှစ်သောသင်တန်းများအလိုက် သင့်လျော်သော၊ အသုံးပြုရလွယ်ကူသော သင်ထောက်ကူပစ္စည်းများကို စီစဉ်ရာတွင် အပြည့်အ၀ ပါဝင်ဆောင်ရွက်နိုင်ရမည်။ ကျောင်းသားသူများအတွက် တစ်ဦးချင်းနားမလည်သည်ကို ပြန်လည်ရှင်းပြ သင်ကြားပေးခြင်းနှင့် ဆက်လက်ဖတ်ရမည့်စာများ၊ သက်ဆိုင်ရာအကြောင်းအရာအတွက် အထောက်အကူ ပြုမည့် resourse များရှာဖွေနိုင်ရန် ညွှန်ကြားပေးခြင်းစသည့်လိုအပ်သော ပံ့ပိုးမှုနှင့် လမ်းညွှန်မှုပေးရမည်။

၎။ မိမိ၏သင်ကြားရေးစွမ်းရည် ခေတ်နှင့်အညီ ဆက်လက်ဖွံ့ဖြိုးတိုးတက်မှုရှိအောင် စိတ်အားထက်သန်စွာ အမြဲမပြတ် လေ့လာသင်ယူကြိုးစားအားထုတ်မှုရှိရမည်။

၅။ အင်္ဂလိပ်ဘာသာစကားကို ကျောင်းသားများ မိမိကိုယ်ကိုယုံကြည်မှုအပြည့်ဖြင့် အသံထွက်မှန်မှန်ကန်ကန် နှင့် ပြောရဲဆိုရဲရှိလာအောင် သင်ကြားပြသပေးရမည်။

၆။ အင်္ဂလိပ်ဘာသာစကားဆိုင်ရာ စာမေးပွဲများ (ဥပမာ- Starters,movers,flyers,IELTS)များ ဖြေဆိုရာတွင် အကောင်းဆုံးရလဒ်များ ထွက်ရှိအောင် လေ့ကျင့်သင်ကြားပေးရမည်။

၇။ အင်္ဂလိပ်စာသင်ကြားရေးမှတစ်ဆင့် ကျောင်းသားများ၏ ကိုယ်ကျင့်တရားနှင့်စာရိတ္တ၊ လူမှုပေါင်းသင်း ဆက်ဆံရေးနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ အတွေးအခေါ်နှင့်ဗဟုသုတ စသည်တို့တိုးပွားလာအောင် ပြုစုပျိုး ထောင် လေ့ကျင့်သင်ကြားပေးရန်။

၈။ ကျောင်းသားတစ်ဦးချင်းစီ၏လိုအပ်ချက်နှင့်အညီ အမှန်တကယ်အကျိုးရှိပြီးထိရောက်မှုရှိသော သင်ကြား ရေး နည်းလမ်းများကိုအသုံးပြု၍ သင့်လျော်သောသင်ခန်းစာခေါင်းစဉ်များကို ပညာသင်နှစ်အတွင်း လပိုင်း အလိုက်၊ ရက်ပိုင်းအလိုက် စနစ်တကျပြင်ဆင်ရေးဆွဲပေးရမည်။

၉။ သင်ခန်းစာပြင်ဆင်ချက် (Lesson Plan)ကို တစ်ပတ်ကြိုတင်ရေးဆွဲပြင်ဆင်ပြီး သက်ဆိုင်ရာအထက် အရာရှိ(သို့) တာဝန်ခံများသို့ တင်ပြပေးရမည်။ သင်ခန်းစာ (Lesson Plan)ကို ရေးဆွဲရာတွင် မိမိသင်ကြား ရမည့်အတန်း၏ Level၊ အသက်အရွယ်၊ Learning Patterns နှင့် ကိုက်ညီမှုရှိအောင် သင်ရိုးစာအုပ်ရှိ သင်ခန်းစာများကို ပြင်ဆင်ရေးဆွဲခြင်း၊ ကျောင်းရှိ အထောက်အကူဖြစ်စေမည့် သင်ထောက်ကူပစ္စည်းများ အသုံးပြုခြင်း၊ Onlineမှလိုအပ်သော သင်ခန်းစာများရှာဖွေ စုဆောင်းအသုံးပြုခြင်းနှင့် မိမိကိုယ်ပိုင်တီထွင် ဥာဏ်ကို အသုံးပြု၍ သင်ခန်းစာများစနစ်တကျ ပြင်ဆင်ရေးဆွဲရမည်။

၁၀။ ဖတ်စာအုပ်၊ ၀ယ်ယူထားသောသင်ထောက်ကူပစ္စည်း၊ ကိုယ်တိုင်ရှာဖွေဖန်တီးထားသော သင်ထောက်ကူ ပစ္စည်းများကို သေချာစွာစနစ်တကျရွေးချယ်ပြင်ဆင် အသုံးပြုရမည်။

၁၁။ ကျောင်းသား/သူများကို အဆင့်သတ်မှတ်၍ အကဲဖြတ်ခြင်း၊ အတန်းတွင်းလုပ်ဆောင်မှုများကို လေ့လာ၍ အကဲဖြတ်ခြင်းများ ပြုလုပ်ပေးရမည်။ သင်ခန်းစာအလိုက်လိုအပ်သော စာမေးပွဲမေးခွန်းများနှင့် အကဲဖြတ် သည့် လုပ်ဆောင်မှုများကို လိုအပ်သလိုပုံစံထုတ် ပြင်ဆင်ရမည်။

၁၂။ Feedback များကို စာဖြင့်သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း ကျောင်းသား/ကျောင်းသူ၊ Managing Director, Marketing Staff နှင့် သက်ဆိုင်ရာကြီးကြပ်သူ တာဝန်ခံများကို ပြောဆိုတင်ပြရမည်။

၁၃။ အခန်းတွင်းထားရှိရန် သင့်လျော်သည့် လိုက်နာရမည့်စည်းမျဉ်းနှင့် အပြုအမူများကိုချမှတ်၍ ကျောင်းသား/ သူများ အစဉ်မပြတ် လိုက်နာစေရန် လုပ်ဆောင်ရမည်။

၁၄။ ကျောင်းသား/သူများအား အစမ်းစာမေးပွဲစစ်ဆေးပေးခြင်း၊ လိုအပ်သလို ဆွေးနွေးအကြံပေးခြင်းများ ပြုလုပ် ပေးခြင်းဖြင့် အင်္ဂလိပ်စာလေ့လာရာတွင် အထောက်အကူပြုရမည်။

၁၅။ ကျောင်းသားများ၏ တက်ရောက်မူမှတ်တမ်း (Attendance)၊ အတန်းတွင်းလုပ်ဆောင်မှုမှတ်တမ်း၊ သင်ခန်းစာများစစ်ဆေးခြင်း၊ တိုးတတ်မှုမှတ်တမ်း၊ စာမေးပွဲစစ်ဆေးမှုဇယားနှင့် Reference များ၊ စားမေးပွဲ စစ်ဆေးခြင်းနှင့် ရလဒ်မှတ်တမ်းများစသည့် သင်ကြားရေးရလဒ်အကဲဖြတ်မှုနှင့် သက်ဆိုင်သည့် စာရွက် စာတမ်းများ ပြုစုခြင်း၊ မှတ်တမ်းထိန်းသိမ်းခြင်းများကို လုပ်ဆောင်ရမည်။

၁၆။ သင်ခန်းစားနှင့် သင်ရိုးများ ပိုမိုတိုးတက်ကောင်းမွန်စေရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်။

၁၇။ အခြားလုပ်ဖော်ကိုင်ဖက်များ ပျက်ကွက်ပါက အစားထိုးဝင်ရောက် သင်ကြားပေးနိုင်ရမည်။

၁၈။ သင်တန်းကျောင်း၏ လူမှုရေးလုပ်ဆောင်မှုများနှင့် သင်ကြားသင်ယူမှုလုပ်ငန်းစဉ် (teaching-learning) တွင်ပါဝင်သည့် သင်ရိုးပြင်ပလုပ်ဆောင်မှုများ၊ လေ့လာရေးခရီးစဉ်နှင့် သင်တန်းကျောင်း၏ပွဲများတွင် တက်ကြွစွာ ပါဝင်ရမည်။

၁၉။ သင်တန်းကျောင်း၏ ဆရာ/ဆရာမ၊ ကျောင်းသား/သူမိတ်ဆုံပွဲများ၊ သင်တန်းကျောင်း၏လုပ်ဆောင်ချက် များ မိတ်ဆက်ရှင်းလင်းခြင်းများ၊ briefingပေးခြင်းများတွင်ပါဝင်ခြင်း၊ ကိုယ်တိုင်လုပ်ဆောင်ခြင်းများ ပြုလုပ် ပေးရမည်။

၂၀။ သင်တန်းကျောင်း၏ မူဝါဒ၊ လုပ်ရိုးလုပ်စဉ်သဘာဝနှင့် အတွေးအခေါ်တို့ကို မိမိကိုယ်ပိုင်ကဲ့သို့ သေချာစွာ နားလည်လက်ခံကျင့်သုံးရမည်။

၂၁။ သင်တန်းကျောင်းအတွက် ကောင်းမွန်သော ကိုယ်စားပြုပုဂ္ဂိုလ်တစ်ဦးဖြစ်နေရမည်။

၂၂။ သင်တန်းကျောင်းမှ ဖွင့်လှစ်သင်ကြားပေးသည့် သင်ကြားရေးနှင့် ပညာရပ်ဆိုင်ရာသင်တန်းများတွင် မပျက် မကွက်တက်ရောက်ရမည်။

၂၃။ ကျောင်းမှ ကျင်းပပြုလုပ်သည့်ကပွဲများ၊ ကျောင်းဆင်းပွဲများ၊ ပဒေသာကပွဲများ၊ ပါတီပွဲများ၊ ဟောပြောပွဲများ၊ အစည်းအဝေးပွဲများ၊ အရောင်းမြှင့်တင်ပွဲများ၊ ဆွေးနွေးဟောပြောပွဲများ၊ ရက်တို/ရက်ရှည် သင်တန်းနှင့် ရက်တို/ရက်ရှည်ခရီးစဉ်များတွင် ပါဝင်ရမည်။

၂၄။ မိမိ၏လုပ်ငန်းခွင်ရာထူးအရ သတ်မှတ်ထားသော တာဝန်များသာမက လိုအပ်ပါက အထက်မှကြီးကြပ်သူမှ ညွှန်ကြားသည့် တာဝန်လုပ်ဆောင်ဖွယ်များကို မိမိကိုယ်စွမ်းရှိသ၍ ထမ်းဆောင်နိုင်ရမည်။

၂၅။ Assistant instructor ကတင်ပြလာသော အကြောင်းကိစ္စများကို သက်ဆိုင်ရာအထက်အဆင့်ဆင့်သို့ လိုအပ်သလို ဆက်လက်တင်ပြညှိုနှိုင်းဆောင်ရွက်ရမည်။

၂၆။ မိမိ၏ လုပ်ဖော်ကိုင်ဖက်လက်ထောက်ဆရာ/မများနှင့် အတန်းမစမီ (၅)မှ (၁၅)မိနစ် အလိုတွင် သင်ကြားရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ကြိုတင်ဆွေးနွေးတိုင်ပင်ခြင်းကို မဖြစ်မနေပြုလုပ်ဆောင်ရွက် ရမည်။ အတန်းပြီးဆုံးပြီး (၁၀)မှ (၃၀) မိနစ်တွင် တစ်နေ့တာ ဆောင်ရွက်ခဲ့သည့်သင်ကြားရေးနှင့် ပတ်သက်သည့် လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်ဆန်းစစ်ဆွေးနွေးတိုင်ပင် ခြင်း မဖြစ်မနေဆောင်ရွက်ရမည်။

၂၇။ အထက်ပါတာဝန်များအပြင် လိုအပ်ပါက ကျောင်း၏လုပ်ဆောင်မှုများတွင် ပါဝင်ကူညီလုပ်ဆောင်ပေးနိုင်ရ မည်။

Open To

New graduates
Internship
Male/Female

Job Requirements

• B.A(Eng) သို့မဟုတ် TKT, M.A(Eng), TEYL,TEFL ရရှိထားသူဦးစားပေးမည်။

• အသက်(၅)နှစ်မှ (၁၄)နှစ်အရွယ် ကလေးငယ်များကိုစိတ်ရှည်စွာသင်ကြားပေးနိုင်သူဖြစ်ရမည်။

• သင်ကြားရေးအတွေ့အကြုံအနည်းဆုံး(၁)နှစ် ရှိရမည်ဖြစ်ပြီးအကျင့်စာရိတ္တနှင့် ပြောဆိုဆက်ဆံရေး အထူးကောင်းမွန်သူဖြစ်ရမည်။

• စနေ၊တနင်္ဂနွေနှင့်ဝါတွင်းကာလဥပုသ်နေ့များတွင်အလုပ်ဆင်းနိုင်သူဖြစ်ရမည်။

အခြေခံလစာမှာ ( တစ်ရက်လျှင် ၂၅,၀၀၀ - ၃၀,၀၀၀ ကျပ်အထိ) ဖြစ်ပြီး အချိန်မှန်၊ရက်မှန်ကြေးခံစားခွင့်ရှိသည်။

What We Can Offer

Benefits

Holiday Allowance
Meal Allowance
Travel Allowance

Highlights

Will have a chance to apply own ideas and making own decision.
Flexible working environment .

Career Opportunities

  • Opportunities for promotion
  • Possibility for job training
  • Learn new skills and techniques