Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Factory Manager (Great Foundation Plastic Company)

Great Foundation Industries Company Limited
| Yangon
Verified This job has been verified by the company as a real job vacancy.
27 Jun 2019
Recruiter active 1 week ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Factory Manager (Great Foundation Plastic Company)
Great Foundation Industries Company Limited, | Yangon

Factory Manager (Great Foundation Plastic Company)

Great Foundation Industries Company Limited

Factory Manager (Great Foundation Plastic Company)

Great Foundation Industries Company Limited
Recruiter active 1 week ago The recruiter at this company was last active reviewing applications.
Myanmar - Yangon
Verified This job has been verified by the company as a real job vacancy.

Experience level

Manager

Job Function

Management

Job Industry

Manufacturing

Min Education Level

Master Degree

Job Type

Full Time

Job Description

A Big Opportunity for ...

• စက်ရုံပိုင်းဌာနအသီးသီး၏ နှစ်စဉ် Manpower Plan ပြင်ဆင်ခြင်း၊ Organization Structure ရေးဆွဲတင်ပြခြင်း၊ SOP များအား ပြင်ဆင်ဖြည့်စွက်ခြင်း၊ JD များအား ပြင်ဆင်ခြင်းနှင့်အသစ် ထပ်မံဖြည့်စွက်ခြင်းတို့အား ကိုယ်တိုင်စီမံခန့်ခွဲဆောင်ရွက်ကာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဌာနနှင့်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်သည်။
• စက်ရုံပိုင်းဌာနအသီးသီး၏ နေ့စဉ်ခွင့်/ခွင့်မဲ့ပျက်ကွက်မှုများအား လေ့လာသုံးသပ်ကာ လုပ်ငန်း ခွင်အတွင်း ၀န်ထမ်းအင်အား ပြည့်မှီလုံလောက်မှုရှိစေရန် စီမံခန့်ခွဲမှု ပြုလုပ်ရမည် ဖြစ်သည်။
• စက်ရုံပိုင်းဌာနများ၏ အဆိုင်းအလိုက် ၀န်ထမ်းများတာဝန်ထမ်းဆောင်မှုအား နေ့စဉ်စစ်ဆေး ခြင်းနှင့်လိုအပ်ချက်များအား ဌာနတာဝန်ခံထံသို့ ညွှန်ကြားခြင်းနှင့်ဖြည့်စွက်အကြံပြုခြင်း တို့အား စီမံခန့်ခွဲမှုပြုလုပ်ရမည်ဖြစ်သည်။
• စက်ရုံပိုင်းဌာနအသီးသီး၏ ၀န်ထမ်းအင်အားလိုအပ်မှုရှိပါက အချိန်နှင့်တပြေးညီ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ တင်ပြတောင်းခံခြင်း၊ လိုအပ်ပါက လူတွေ့စစ်ဆေးခြင်း နှင့်ရွေးချယ်ခြင်း၊ ခန့်အပ်ရန် တင်ပြတောင်းခံခြင်းတို့အား ဆောင်ရွက်ရမည် ဖြစ်သည်။
• နေ့စဉ် ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ၀န်ထမ်းများ၏ လုပ်ငန်းတာဝန် ထမ်းဆောင်မှုများအား လေ့လာသုံးသပ်ကာ လိုအပ်ချက်နှင့်ပြင်ဆင်ရန်အချက်များတွေ့ရှိပါက ဌာနတာဝန်ခံနှင့်ဆွေးနွေးတိုင်ပင်ခြင်း၊ လိုအပ်ပါက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဌာနနှင့်ညှိနှိုင်းဆောင်ရွက်ခြင်းတို့အား ပြုလုပ်ရမည်ဖြစ်သည်။
• အစမ်းခန့်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်အကဲဖြတ်ခြင်း၊ နှစ်စဉ်သတ်မှတ် KPI များ အတိုင်း လုပ်ငန်းစွမ်းဆောင်ရည်အကဲဖြတ်ခြင်းနှင့်လုပ်ငန်းစွမ်းဆောင်ရည်အလိုက် ကုမ္ပဏီ၏ မူဝါဒနည်းဥပဒေအတိုင်း စီမံခန့်ခွဲမှု ပြုလုပ်ရမည်ဖြစ်သည်။
• ၀န်ထမ်းများသည် ကုမ္ပဏီမှထုတ်ပြန်ထားသည့် မူဝါဒနည်းဥပဒေများအတိုင်း လိုက်နာကျင့်သုံး ဆောင်ရွက်နိုင်မှုရှိစေရေးအတွက် စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ကွပ်ကဲအုပ်ချုပ်ခြင်း၊ တွေ့ဆုံဆွေးနွေး ခြင်းနှင့်ပြုပြင်ခြင်းတို့အား ဆောင်ရွက်ရမည်ဖြစ်သည်။
• စက်ရုံပိုင်းဌာနအသီးသီး၏ Procedures နှင့် Plan များအား စီစစ်ခြင်း၊ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် လမ်းညွှန်ပြသပေးခြင်းတို့အား စီမံခန့်ခွဲမှု ပြုလုပ်ပေးရမည်ဖြစ်သည်။
• စက်ရုံပိုင်းဌာနများသည် သတ်မှတ်ထားသည့် SOP၊ KPI များအတိုင်း လုပ်ငန်းစွမ်းဆောင် ရည်ပြည့်မှီစွာ ဆောင်ရွက်မှုများအား လေ့လာသုံးသပ်ခြင်း၊ စီမံခန့်ခွဲခြင်းတို့အား ဆောင်ရွက် ရမည်ဖြစ်သည်။
• နေ့စဉ် Production Plan အတိုင်း ထုတ်ကုန်များထုတ်လုပ်နိုင်ရန်အတွက် Sales ဌာနနှင့် ညှိနှိုင်းမှုပြုလုပ်ခြင်း၊ Sales ဌာန၏ order အပေါ် Production Plan ရေးဆွဲနိုင်ရေးအတွက် စီမံခန့်ခွဲခြင်းတို့အား ဆောင်ရွက်ရမည်ဖြစ်သည်။
• Production Plan နှင့်အညီ ထုတ်လုပ်မှုပမာဏ လျော့ကျမှုမရှိစေရေး၊ ပျက်စီးဆုံးရှုံးမှု မရှိစေရေးနှင့်အချိန်မှီ Order Due Date အတိုင်း Customer ထံသို့ ပို့ဆောင်နိုင်ရန်အတွက် မိမိဌာနမှဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအတွက် အချိန်နှင့်တပြေးညီပြီးစီးအောင်မြင်နိုင် စေရေးအတွက် စီမံခန့်ခွဲမှုပြုလုပ်ပေးရမည် ဖြစ်သည်။

• စက်ရုံဌာနအသီးသီး၏ လုပ်ငန်းများတိုးတက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ထုတ်လုပ်မှု Plan များအား Sales Order များအပေါ် လေ့လာသုံးသပ်ကာ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်အနီးကပ်ကြီးကြပ်ကွပ်ကဲခြင်းတို့အား ဆောင်ရွက် ရမည်ဖြစ်သည်။
• ထုတ်လုပ်မှု Plan အရ ရလဒ်များအား Data Record ပြုလုပ်နိုင်ရန်အတွက် Format များ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ မွမ်းမံခြင်းလုပ်ငန်းများအတွက် စီမံခန့်ခွဲမှုပြုလုပ်ပေးရမည် ဖြစ်ပါ သည်။
• နေ့စဉ်/လစဉ်/နှစ်စဉ် Production Plan အတိုင်း ထုတ်လုပ်မှုစာရင်း၊ ကုန်ချောထွက်ရှိမှု စာရင်း၊ပျက်စီးဆုံးရှုံးမှုစာရင်းနှင့်စက်မောင်းနှင်မှုစာရင်းများအား Data Format များပြုလုပ်ကာ Management Committee သို့တိုက်ရိုက်တင်ပြခြင်း၊ သုံးသပ်ချက်နှင့်တိုးတက်မှုအတွက် ပြင်ဆင် သင့်သည့် နည်းဗျူဟာများအား ထည့်သွင်းတင်ပြရမည်ဖြစ်ည်။
• Management Committee ထံသို့ စက်ရုံပိုင်းဌာနအသီးသီးမှတင်ပြသည့် Report များစီစစ်ခြင်းနှင့်ပြန်လည်သုံးသပ်တင်ပြခြင်းတို့အား ဆောင်ရွက်ရမည်ဖြစ်သည်။
• Factory Office ၏ ရုံးလုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များအားလုံးအတွက် စီမံခန့်ခွဲကာ ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ပေးရမည်ဖြစ်သည်။
• Factory Office Head အနေဖြင့် စက်ရုံပိုင်းဌာနအသီးသီး၏ လုပ်ငန်း Plan များအား ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် Plan များစီစစ်ခြင်းနှင့်စီမံခန့်ခွဲခြင်းတို့အား ဆောင်ရွက်ရမည်ဖြစ်သည်။
• ထုတ်လုပ်မှုအရည်အသွေးပြည့်မှီမှုရှိစေရေး၊ Sales order Due Date အတိုင်း ထုတ်လုပ်မှု ပြုလုပ်နိုင်ရေး၊ပို့ဆောင်နိုင်ရေးနှင့် ပျက်စီးဆုံးရှုံးမှုနည်းပါးစေရေးတို့အား ဌာနအလိုက် စီမံခန့်ခွဲမှုနှင့်ကြီးကြပ်ကွပ်ကဲမှုပြုလုပ်ပေးရမည်ဖြစ်သည်။
• ထုတ်လုပ်မှုပိုင်းရှိ စက်များချို့ယွင်းမှုမရှိစေရေး၊ စက်ချို့မှုဖြစ်ပေါ်ပါက အချိန်နှင့်တပြေးညီ ပြုပြင်နိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနအလိုက် စက်ပြင်ဝန်ထမ်းများနှင့်ညှိနှိုင်းခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းတို့အား ဆောင်ရွက်ရမည်ဖြစ်သည်။
• ထုတ်လုပ်မှုပိုင်းရှိ စက်များအတွက် ဌာနအလိုက်တင်ပြလာသည့် Maintenance Plan များအား စီစစ်ခြင်း၊ အကဲဖြတ်ခြင်းနှင့်ပြင်ဆင်ဖန်တီးခြင်းတို့အား ဆောင်ရွက်ပေးရမည် ဖြစ်သည်။
• စက်များအလိုက် စံချိန်စံညွှန်းထုတ်လုပ်မှုနှုန်းထားများ တွက်ချက်နိုင်ရေးနှင့်စီစစ်အကဲဖြတ် ခြင်းတို့အား သက်ဆိုင်ရာဌာနတာဝန်ခံ၊ စက်ပြင်အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။
• QC ဌာန၏ ထုတ်ကုန်စစ်ဆေးချက်များအား သုံးသပ်ကာ ပြုပြင်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များအလိုက် ဌာနတာဝန်ခံနှင့်ဆွေးနွေးကာ ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်သည်။
• QC ဌာနအနေဖြင့် ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် နည်းဥပဒေများအား စီစစ်အကဲဖြတ်ခြင်းနှင့်အသစ်ပြုပြင်ဖန်တီးခြင်းတို့အား ဆောင်ရွက်ရမည် ဖြစ်သည်။
• စံချိန်စံညွှန်းကိုက်ညီမှုမရှိသဖြင့် Customer မှ Complain ပြုလုပ်ပါက အရည်အသွေးနှင့် ဖြစ်ပေါ်ရသည့်အကြောင်းအရင်းရှာဖွေခြင်း၊ ဖြေရှင်းခြင်းတို့အား သက်ဆိုင်ရာဌာနတာဝန်ခံ များနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဖြေရှင်းပေးခြင်းတို့အား ဆောင်ရွက်ရမည်ဖြစ်သည်။
• ထုတ်လုပ်မှုအလိုက် ထုတ်ကုန်ပစ္စည်းများ၏ ပျက်စီးဆုံးရှုံးမှုလျော့နည်းစေခြင်းအတွက် စီမံခန့်ခွဲကြီးကြပ်ကွပ်ကဲမှုပြုလုပ်ပေးရမည်ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုလျော့ချနိုင်ရန်နှင့် ထပ်မံ မဖြစ်ပေါ်စေရေးအတွက် လိုအပ်သည့် စီမံခန့်ခွဲမှုများအား ပြုလုပ်ရမည်ဖြစ်သည်။
• Warehouse ဌာန၏ ပစ္စည်းထာသိုမှုပိုင်း၊ order မှာယူမှုအပိုင်း၊ ပစ္စည်းလက်ခံ/ပေးပို့မှုပိုင်း Plan အတိုင်းလုပ်ငန်းဆောင်ရွက်မှုများအား စီစစ်အကဲဖြတ်ခြင်းနှင့်လိုအပ်ချက်များရှိပါက ဖြည့်စွက်စီမံခန့်ခွဲခြင်းတို့အား ဆောင်ရွက်ရမည်ဖြစ်သည်။
• Spare-Part ဌာန၏ လုပ်ငန်းလည်ပတ်မှု၊ အဆိုင်းအလိုက် ပစ္စည်းများထုတ်ပေးမှု၊ ပစ္စည်းများဝယ်ယူလက်ခံမှုပိုင်းများနှင့်ပစ္စည်းထားသို သိမ်းဆည်းမှုအပိုင်းတို့အား စီစစ်ခြင်း၊ အကဲဖြတ်ခြင်းနှင့်လိုအပ်ချက်များအား စီမံခန့်ခွဲမှု ပြုလုပ်ပေးရမည်ဖြစ်သည်။
• ထုတ်ကုန်ပစ္စည်းများအလိုက် Packaging ပြုလုပ်မှုပိုင်းများအတွက် စီစစ်အကဲဖြတ်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့အား ဆောင်ရွက်ရမည်ဖြစ်သည်။
• Mold & Lathe ဌာနအနေဖြင့် အခြားဌာနများသို့ ပံ့ပိုးကူညီဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များအလိုက် စီစစ်ခြင်းနှင့်လိုအပ်ချက်များအား စီမံခန့်ခွဲကြီးကြပ်မှုပိုင်းများအား ဆောင်ရွက် ရမည်ဖြစ်သည်။
• Logistic ဌာန၏ လုပ်ငန်းလည်ပတ်မှု၊ မော်တော်ယာဉ်ထိန်းသိမ်းမှု၊ အချိန်မှီ Delivery Plan အတိုင်း ပို့ဆောင်နိုင်မှုတို့အား စီစစ်ကွပ်ကဲကာ လိုအပ်ချက်များအလိုက် စီမံခန့်ခွဲမှု ပြုလုပ်ပေးခြင်း၊ လမ်းညွှန်မှုပြုလုပ်ပေးခြင်းတို့အား ဆောင်ရွက်ရမည်ဖြစ်သည်။
• Utility ဌာနအနေဖြင့် ထုတ်လုပ်မှုပိုင်းဌာနအသီးသီးသို့ စွမ်းအင်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပိုင်း၊ စွမ်းအင်ထုတ်လုပ်မှုပိုင်း၊ စက်ပိုင်း၊ ဆီထုတ်ပေးမှုအပိုင်းတို့အား စီစစ်အကဲဖြတ်ခြင်း ပြုလုပ် ပေးရမည်ဖြစ်သည်။
• စွမ်းအင်ပိုင်းထုတ်လုပ်မှုပိုင်းနှင့်စက်ပစ္စည်းပိုင်းလိုအပ်ချက်များအား သက်ဆိုင်ရာဌာနတာဝန်ခံ များနှင့်ညှိနှိုင်းခြင်း Management Committee သို့ တင်ပြအစီရင်ခံခြင်းတို့အား ဆောင်ရွက် ရမည်ဖြစ်သည်။
• စက်ရုံပိုင်းဌာနအသီးသီးအတွက်လိုအပ်သည့် Work Rules & Regulation၊ employee Transfer, Promotion, Performance Evaluation, Reward အစရှိသည် ၀န်ထမ်းရေးရာ ကိစ္စရပ်များအတွက် သတ်မှတ်ချိန်အလိုက် ပြီးစီးအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဦးစီးစီမံဆောင်ရွက်ရမည်ဖြစ်သည်။
• ကုမ္ပဏီအနေဖြင့်ဆောင်ရွက်သည့် 5S Activities, ISO process များ၊ အခါအားလျော်စွာ ဆောင်ရွက်မည့် Activities များနှင့်ပတ်သက်၍ မိမိဌာနမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များအလိုက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ၀န်ထမ်းများအား သိရှိလိုက်နာမှုရှိစေရေးအတွက် ညွှန်ကြားမှုပြုလုပ်ခြင်းတို့အား စီမံဆောင်ရွက်ရမည် ဖြစ်သည်။
• စက်ရုံဌာနအသီးသီးရှိ ၀န်ထမ်းများသိရှိရန်လိုအပ်သည့် ကုမ္ပဏီနှင့်ဌာနအသီးသီးမှညွှန်ကြား ချက်များအား အောက်ခြေထိ သိရှိလိုက်နာဆောင်ရွက်မှုရှိစေရန် စီမံခန့်ခွဲမှုပြုလုပ်ပေး ရမည် ဖြစ်သည်။
• ၀န်ထမ်းများလုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းများလိုက်နာမှုရှိစေရန်နှင့်အချိန်အခါအားလျော်စွာထုတ်ပြန်သည့်အမိန့်စာများ၊ အကြောင်းကြားစာများအားဝန်ထမ်းများသိရှိလိုက်နာ ဆောင်ရွက် နိုင်ရန်အတွက် ပြန်လည်ဝေမျှခြင်းနှင့်ကြီးကြပ်ကွပ်ကဲ အုပ်ချုပ်ခြင်းတို့အား ဆောင်ရွက်ရမည် ဖြစ်သည်။
• ဌာနတွင်းသန့်ရှင်းရေး၊ စက်များနှင့်ထုတ်လုပ်မှု ဧရိယာသန့်ရှင်းရေးအတွက် ၀န်ထမ်းများအား ညွှန်ကြားမှု ပြုလုပ်ခြင်းနှင့်စစ်ဆေးခြင်းတို့အား စီမံခန့်ခွဲမှုပြုလုပ်ပေးရမည်ဖြစ်သည်။
• နေ့စဉ်၊ အပတ်စဉ်၊ လစဉ် မိမိတာဝန်ထမ်းဆောင်ခဲ့သည့် လုပ်ငန်းစဉ်များအား Management Committee ထံသို့တင်ပြအစ

Open To

Male/Female

Job Requirements

 BE (Mechanical) or Electrical, MBA or BBA preferred.
 Mature Candidate (above 40 years)
 At Least (10) years’ experiences of Factory Management fields. Oversea experiences prefer.
 Strong knowledge of factory management system including; production, maintenance, QC, Logistic, Warehouse, Utility.
 Be knowledge of production plan, inventory control plan, warehouse plan, logistics plan, safety plan and maintenance plan.
 Strong organizational, supervisory and team building skills.
 Demonstrated ability to gain co-workers respect while motivating production workers and supervisor and mechanics.
 Hands on knowledge of efficient production scheduling and controlling.
 Excellent time management skill. Ability to multitask, prioritize and adjust schedule in a fast pace work environment and make timely decisions in a production environment.
 Proven ability in developing standards, managing processes, inventory control, reporting skills, analyzing information, equipment maintenance and good judgment.
 Have good communication, managing, organizing, negotiation, Collaboration and problem solving skill.
 Excellent skills of ISO, TQM, 5s activities and People Management.
 Ability to priorities and work well under pressure.
 Proficient in English and computer skills.

What We Can Offer

Benefits

Ferry
Uniform
Meal

Highlights

Fun Working Enviroment

Career Opportunities

Training Provided