Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Manager (Credit Admin Department)

Yoma Bank
| Yangon
Verified This job has been verified by the company as a real job vacancy.
19 Mar 2018
Recruiter active 17 hours ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Manager (Credit Admin Department)
Yoma Bank, | Yangon

Manager (Credit Admin Department)

Yoma Bank

Manager (Credit Admin Department)

Yoma Bank
Recruiter active 17 hours ago The recruiter at this company was last active reviewing applications.
Myanmar - Yangon
Verified This job has been verified by the company as a real job vacancy.

Experience level

Manager

Job Function

Administrative

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Job Description

An Exciting Opportunity for ...

အလုပ်၏ရည်ရွယ်ချက်
- ရိုးမဘဏ်၏ အိမ်ယာချေးငွေနှင့် အငှားဝယ်ချေးငွေ ဏမသိကခအ များ၏ ချေးငွေဆိုင်ရာ အချက်အလက်များ မှန်ကန်မှု ရှိ၊မရှိ သုံးသပ်ရာတွင် ဦးဆောင်စီမံခန့်ခွဲရန်၊လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်ကောင်းမွန်စေရန်အတွက် စဉ်ဆက်မပြတ်လေ့လာဆောင်ရွက်ရန်နှင့် ဌာနတစ်ခုလုံးအား စီမံခန့်ခွဲရာတွင် ကြီးကြပ်ဆောင်ရွက်ရန် ဖြစ်သည်။

အလုပ်၏အဓိကတာဝန်များ
- အိမ်ယာချေးငွေ နှင့် အငှားဝယ်ချေးငွေ Product များ၏ လုပ်ငန်းအဆင့်ဆင့်ကို စိစစ်ခြင်းနှင့် ချေးငွေနှင့်သက်ဆိုင်သော လက်မှတ်ရေးထိုးရန်စာရွက်စာတမ်းများကို စီမံစစ်ဆေးခြင်း။
- အငှားဝယ်ချေးငွေ၏ လုပ်ငန်းစဉ်အဆင့်ဆင့်အား မြန်ဆန်မှန်ကန်အောင် စီမံဆောင်ရွက်ခြင်းနှင့် စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာပြီး တိုးတက်ကောင်းမွန်စေရန် ပြုပြင်ပြောင်းလဲခြင်း၊
- မြေ(သို့မဟုတ်)အဆောက်အဦ ပိုင်ဆိုင်မှုအမည်ပြောင်းခြင်းကိစ္စရပ်များ၊ အိမ်ယာနှင့်သက်ဆိုင်သော ပိုင်ဆိုင်မှုစာရွက်စာတမ်းများ၊ တရားဥပဒေဆိုင်ရာ စာရွက်စာတမ်းများ စိစစ်ရယူရာတွင် ကြီးကြပ်ညွှန်ကြားရန်၊ကွဲလွဲချက်များ၊ လိုအပ်ချက်များရှိပါက စီမံဆောင်ရွက်ရန်။
- အိမ်ယာချေးငွေ သက်တမ်းတိုးလျှောက်ထားခြင်းအတွက် စိစစ်သုံးသပ်ပြီး ကွဲလွဲချက်များ လိုအပ်ချက်များရှိပါက စီမံဆောင်ရွက်ရန်။
- တိုက်ခန်းများအပါအဝင် အိမ်ခြံမြေ ရာဖြတ်ထားသည့်တန်ဖိုးများ ကို စစ်ဆေးခြင်းနှင့် အခြားပြင်ပ သတင်းအရင်းမြစ်များမှ လေ့လာစုံစမ်းပြီး အကဲဖြတ်ခြင်း။
- လက်ရှိအိမ်ခြံမြေဈေးကွက်အပြောင်းအလဲ နှင့် အရောင်းအဝယ်လုပ်ဆောင်ပုံအဆင့်ဆင့်ကို သိရှိနားလည်ပြီး ဌာနအတွင်းရှိဝန်ထမ်းများအား ဦးဆောင်လမ်းညွှန်မှုပေးရန်။
- ဘဏ်ခွဲမှ တင်ပြလာသော အငှားဝယ်ချေးငွေအမှုတွဲများအား နေ့စဉ်စိစစ်အကဲဖြတ်ခွင့်ပြုရာတွင် ဦးဆောင်ပါဝင်ပြီး အချိန်နှင့်တပြေးညီ ပြီးစီးအောင်ဆောင်ရွက်ရန်။
- အငှားဝယ်ချေးငွေအတွက် အာမခံယာဉ်နှင့်စက်ကိရိယာတန်ဖိုးများ သင့်/မသင့်၊ ကုန်ရောင်း ပြေစာများ မှန်ကန်မှုရှိ/မရှိ၊ Price List တွင်စစ်ဆေးခြင်းနှင့်အခြားပြင်ပသတင်းအရင်းအမြစ် များမှလေ့လာစုံစမ်းပြီးအကဲဖြတ်ခြင်း၊ စာရွက်စာတမ်း အထောက်အထားများအား အချိန်နှင့်တပြေးညီ စိစစ်သုံးသပ်ရန်၊ ကွဲလွဲချက်၊ လိုအပ်ချက်များရှိပါက ဦးဆောင်ဖြေရှင်း ဆောင်ရွက်ရန်။
- ချေးငွေနှင့်သက်ဆိုင်သော လက်မှတ်ရေးထိုးရန်စာရွက်စာတမ်းများကို ကောင်းစွာသိရှိနားလည်ပြီး အခါအားလျော်စွာထုတ်ပြန်သည့် ဥပဒေ၊ နည်းဥပဒေများ၊ဗဟိုဘဏ်၏ညွှန်ကြားချက်များနှင့်အညီ ကိုက်ညီအောင် ဦးဆောင်လမ်းညွှန်မှုပေးရန်။
- ဌာနတွင်းသက်ဆိုင်ရာအဖွဲ့များမှ ဝန်ထမ်းများအားတာဝန်သတ်မှတ်ပေးခြင်း၊ ၄င်းတို့အား ချမှတ်ထားသောတာဝန်များ ကျေပွန်စွာထမ်းဆောင်ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ လိုအပ်သည်များကို ညွှန်ကြားပေးခြင်း၊ မိမိဝန်ထမ်းများအား လုပ်ကိုင်စွမ်းရည်မြင့်မားစေရန် အနီးကပ်ကြီးကြပ် သင်ကြားပေးခြင်း၊ ဌာန၏လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရန် စီမံဆောင်ရွက်ခြင်း။
- အိမ်ယာချေးငွေ၊ အငှားဝယ်ယူခြင်းနှင့်သက်ဆိုင်သော အခက်အခဲပြဿနာများ၊ ဌာနတွင်းစီမံခန့်ခွဲမှု၊ အခြားဌာနများ(သို့မဟုတ်) ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ဆောင်ရွက်ခြင်း။
- Fusion Banking Essence တွင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသစ်များ၊ပြုပြင်ပြောင်းလဲမှုများ ၊အခက်အခဲဖြေရှင်းမှုများအတွက် အခြားသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ အဆင်ပြေ အောင်မြင်စေရန် အချိန်မီဆောင်ရွက်ခြင်း။
- ဌာနတွင်းပုံမှန်လုပ်ငန်းတာဝန်များအပြင် အခါအားလျော်စွာ ဌာနတာဝန်ခံ၊ ဒုတိယတာဝန်ခံ၊ နှင့်အကြီးတန်းမန်နေဂျာများမှ ပေးအပ်သော တာဝန်များကို ဆောင်ရွက်ပေးခြင်း၊

Open To

Repatriate
Male/Female

Job Requirements

လိုအပ်သော အသိပညာနှင့်ကျွမ်းကျင်မှုများ
(က) လူအများနှင့်ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်ပြီး ဘဏ်ခွဲ များ၊ သက်ဆိုင်ရာရုံးဌာနများနှင့် ဆက်သွယ်ဆောင်ရွက် ရာတွင် အဆင်ပြေစွာ ပြောဆိုဆက်ဆံနိုင်ရမည်။
(ခ) လုပ်ငန်းတာဝန်များအား အချိန်မှီပြီးစီးနိုင်ရမည်။
(ဂ) လုပ်ငန်းများကို အသေးစိတ်ဂရုပြုနိုင်ရမည်။ တာဝန်ယူနိုင်ရမည်။
(ဃ) စာအရေးအသားနှင့် စကားပြောကောင်းမွန်ရမည်။
(င) အဖွဲ့အစည်းနှင့်ကောင်းမွန်စွာ အလုပ်လုပ်နိုင်၍ အချိန်နှင့် တပြေးညီ စီမံခန့်ခွဲနိုင်မှု ကောင်းမွန်ရမည်။
(စ) အရေးကြီးသော၊ အဓိကဖြစ်သော လုပ်ငန်းတာဝန်များအား သိရှိနားလည်နိုင်ရမည်။

လိုအပ်သော ပညာအရည်အချင်း
(က) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ရမည်။
(ခ) Advanced Microsoft Word, Microsoft Excel နှင့် Email အသုံးပြုနိုင်ပြီး မြန်မာစာနှင့် အင်္ဂလိပ်စာ ကျွမ်းကျင်စွာရိုက်နိုင်ရမည်။

လိုအပ်သော လုပ်ငန်းအတွေ့အကြုံ
(က) မိမိလျှောက်ထားသောရာထူးနှင့် ကိုက်ညီသော လုပ်ငန်းအတွေ့ အကြုံ အနည်းဆုံး(၁)နှစ် ရှိရမည်။

ဦးစားပေးစဉ်းစားမည့် လုပ်ငန်းအတွေ့အကြုံ
(က) သက်ဆိုင်ရာနယ်ပယ်တွင် အတွေ့အကြုံရှိသည့် လက်ရှိ ညြေေါနမ ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူများအား ဦးစားပေးမည်။

လိုအပ်သော ဘာသာစကား
(က) မြန်မာဘာသာစကား ကျွမ်းကျင်ရမည်။

ဦးစားပေးစဉ်းစားမည့် ဘာသာစကား
(က) အင်္ဂလိပ်စာ အသင့်အတင့် တတ်ကျွမ်းရမည်။

What We Can Offer

Benefits

Rewards for Over Performance

Highlights

  • An awesome company
  • Join a winning team
  • You can make a difference

Career Opportunities

  • Opportunities for promotion
  • Possibility for job training
  • Learn new skills and techniques