Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Sales & Services Associate (တောင်ကြီး ၁)

Yoma Bank
| Shan State
Verified This job has been verified by the company as a real job vacancy.
16 Aug 2018
Recruiter active 2 days ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Sales & Services Associate (တောင်ကြီး ၁)
Yoma Bank, | Shan State

Sales & Services Associate (တောင်ကြီး ၁)

Yoma Bank

Sales & Services Associate (တောင်ကြီး ၁)

Yoma Bank
Recruiter active 2 days ago The recruiter at this company was last active reviewing applications.
Myanmar - Shan State
Verified This job has been verified by the company as a real job vacancy.

Experience level

Experienced Non-Manager

Job Function

Sales, Business Development

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Job Description

An Excellent Opportunity for ...

(အဓိကတာဝန်)

အရောင်းတာဝန် ၊ဝန်ဆောင်မှုပေးခြင်း။

(အလုပ်၏ရည်ရွယ်ချက်)

မိမိဘဏ်ခွဲအတွက်သတ်မှတ်ထားသော Sales, Services and Profit Targets ပြည့်မှီရေးအတွက် Customer များ၏လိုအပ်ချက်များအပေါ်တွင် အခြေခံ၍ ၎င်းတို့၏ လိုအပ်ချက်များအားသိရှိပြီးလွယ်ကူသောဘဏ်လုပ်ငန် အတွေ့အကြုံကောင်းများရရှိစေရန် ကူညီဆောင်ရွက် ပေးခြင်းဖြင့် အကောင်းဆုံးဝန်ဆောင်မှု ပေးရန်။

(တာဝန်နှင့်ဝတ္တရားများ)

လုပ်ငန်းရေးရာ- သွက်လက်တက်ကြွသောအရောင်းဝန်ဆောင်မှု(၃၀%)
Sales နှင့် referral targets ကိုအောင်မြင်စွာလုပ်ဆောင်နိုင်ရန်အတွက်-
-Customer လိုအပ်ချက်များကိုဖော်ထုတ်ပြီး ၊ ဘဏ်၏ Products & Services ကိုအပြည့်အဝရောင်းခြင်း ၊မိမိနှင့်ရင်းနှီးသောမိတ်ဆက်ထားသော referrals နှင့် follow-up ပြုလုပ်ခြင်း။
-ချေးငွေနှင့် ပတ်သက်သည့်အလားအလာရှိသောအခွင့်အရေးများပေါ်ပေါက်ပါကဘဏ်ခွဲမန်နေဂျာ (သို့မဟုတ်) သက်ဆိုင်ရာ Officer သို့ညွှန်းပေးရန်။
-Sale & Services ကိုအဓိကအာရုံစိုက်ပြီး Branch Customer Calling Programs ကိုပြုလုပ်ဆောင်ရွက်ရန်။
-အပတ်စဉ် အရောင်းအစီရင်ခံစာအားရေးဆွဲ၍ Sale & Service Officer သို့တင်ပြရန်။
Customer ဝန်ဆောင်မှု (၃၀%)
Customer များအသုံးပြုလိုသောဝန်ဆောင်မှုများအပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရန် -
-ဘဏ်၏ပတ်ဝန်းကျင်ကို Customer များလွယ်ကူမှုရှိစေရန်နှင့် မိမိတို့အနေနှင့်လည်း အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်သော အခြေအနေကိုဖန်တီးနိုင်ရန်။
- Customer Service Standardsများအားအသုံးပြု၍ရင်းနှီးဖော်ရွေပြီးစိတ်ပါဝင်စားမှုရှိသောဝန်ဆောင်မှုပေးရမည်။

(Customer Service Standards)

- အမြဲတမ်းပြုံးပြုံးရွှင်ရွှင်ရှိခြင်း။
- မျက်လုံးချင်းဆိုင်စကားပြောခြင်းအလေ့အထကိုကျင့်သုံးခြင်း။
- နှုတ်ဆက်ရန် - ဖြစ်နိုင်လျှင်Customer ၏အမည်ကိုအသုံးပြုခြင်း။
- Transaction ကိုပြီးမြောက်အောင်ဆောင်ရွက်ပေးပြီး Customer အနေဖြင့် အခြားလိုအပ်ချက်များရှိ ၊ မရှိမေးခြင်း။
- ကျေးဇူးတင်စကားပြောပြီး နှုတ်ဆက်ရာတွင် Customer ၏အမည်ကိုအသုံးပြုခြင်း။
- အဆက်အသွယ်သစ်များရှာဖွေခြင်းနှင့် ရှိပြီးသား Customer များကိုထိန်းသိမ်းထားရှိခြင်း။
လုပ်ငန်းစဉ် (၂၀%)
-Customer မကျေနပ်မှုများကိုဖြေရှင်းပေးရန် follow-upလုပ်ခြင်းနှင့် မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် သေသပ်စွာဖြေရှင်းပေးရန်၊ လိုအပ်လျှင် သက်ဆိုင်ရာတာဝန်ရှိသူသို့ လွှဲပြောင်းပေးရန်။
-အဆင့်မြင့်သော Product နှင့် Service Knowledge များတိုးတက်အောင်ပြုလုပ်ပြီးအကောင်းဆုံးဝန်ဆောင်မှုများပေးနိုင်ရန် အစဉ်တစိုက် ကြိုးစားရမည်။
-ဘဏ်ခွဲ၏ အခြားဝန်ထမ်းများအားအလုပ်ပြီးမြောက်အောင် ကူညီလုပ်ဆောင်ပေးခြင်း။
လိုက်နာရမည့်နည်းလမ်းများ (၁၀%)
-လုပ်ငန်းတာဝန်များလုပ်ဆောင်ရာတွင် ဘဏ်မှညွှန်ကြားထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ကျေပွန်စွာ လုပ်ဆောင်ရမည်ဖြစ်ပါသည်။
-ရိုးသားဖြောင့်မတ်စွာလုပ်ကိုင်ခြင်းဖြင့် မိမိ၏ လုပ်ငန်းတာဝန်များကိုကျေပွန်စွာထမ်းဆောင်နိုင်ရမည်။
-ဘဏ်အတွင်းသတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိ/မရှိကိုလိုအပ်လျှင်စစ်ဆေးရန်။
-လုပ်ငန်းစဉ်များနှင့် အရောင်းလုပ်ငန်းများလုပ်ကိုင်ရာတွင် ငွေကြေးဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း(ဗဟိုဘဏ် / FIU စသည့်)တို့မှ သတ်မှတ်ထားသောစည်းမျဉ်းများ ၊လိုအပ်ချက်များနှင့် ကိုက်ညီအောင်လုပ်ဆောင်ရမည်။
-ဘဏ်တွင်းစာရင်းစစ်၏ လက်ခံနိုင်သည် သို့မဟုတ် ကောင်းသည် ဟူသောသုံးသပ်ချက်ရရှိနိုင်ရန်အတွက် ကူညီပူးပေါင်းဆောင်ရွက် ရမည်။
ဝန်ထမ်းရေးရာ - အသင်းအဖွဲ့နှင့်လုပ်ဆောင်မှု (၁၀%)
-ဘဏ်ခွဲ၏ လုပ်ငန်းစဉ်များကိုထိရောက်အကျိုးရှိစေရန်နှင့် တိုးမြှင့်လုပ်ဆောင်နိုင်ရန်။
-Customer Service ကိုတိုးမြှင့်နိုင်ရန်နှင့် သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများ နှင့်အညီလုပ်ဆောင်နိုင်ရန် ကောင်းမွန်သော အကြံဥာဏ်များ ၊အဆိုပြုချက်များပေးခြင်းဖြင့် ပံ့ပိုးမှုပေးရန်။
-ဘဏ်ခွဲ၏လုပ်ငန်းတာဝန်များတွင် အကူအညီပေးခြင်း ၊စည်းမျဉ်းစည်းကမ်းများနှင့် အညီဝန်ဆောင်ခများကောက်ခံခြင်းနှင့် ပေးဆောင်ခြင်းများကိုလိုအပ်သလိုပြုလုပ်ပေးရန်။

Open To

Male/Female

Job Requirements

(လိုအပ်သောအသိပညာနှင့်ကျွမ်းကျင်မှုများ)

(က) လူအများနှင့်ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်ရမည်။
(ခ) ပိုင်းခြားစိတ်ဖြာနိုင်စွမ်းရှိပြီးအပြောင်းအလဲရှိသောပတ်ဝန်းကျင်တွင် လုပ်ဆောင်နိုင် ခြင်းရှိရမည်။
(ဂ) Business Development တီထွင်မှု ၊မှတ်တမ်းမှတ်ရာ ကျွမ်းကျင်မှုဖြင့်ဆောင်ရွက်နိုင် ရမည်။
(ဃ) စာအရေးအသားနှင့် စကားပြောကောင်းမွန်ရမည်။
(င) အမြင့်ဆုံးသော Sales Skills နှင့် Sales သဘောနားလည်မှု ၊Financial Service Sector တွင် အတွေ့အကြုံရှိရမည်။
(စ) အရေးကြီးသော ၊အဓိကဖြစ်သောဘဏ်နှင့်ပတ်သက်သည့် လုပ်ငန်းတာဝန်များအား ပြည့်ပြည့်စုံစုံသိရှိနားလည်ထားသူဖြစ်ရမည်။
(ဆ) ဘဏ်၏ ချေးငွေလုပ်ငန်းနှင့်ပတ်သက်သည့် ပြင်ဆင်မှုများနှင့် အပြီးသတ် လုပ်ဆောင်မှု တာဝန်များအား ပြည့်ပြည့်စုံစုံသိရှိနားလည်ထားသူဖြစ်ရမည်။
(ဇ) လုပ်ငန်းအကျိုးအမြတ်ကိုအာရုံစိုက်သူ ၊လူသားအရင်းအမြစ် စီမံခန့်ခွဲခြင်းဆိုင်ရာ အတတ်ပညာ ၊ကျွမ်းကျင်မှုအတွေ့အကြုံရှိသူဖြစ်ရမည်။
(ဈ) စည်းမျဉ်းချိုးဖောက်မှုများအားရှောင်ကျဉ်၍ ရိုးသားဖြောင့်မတ်တာဝန်သိစွာ လုပ်ကိုင် ဆောင်ရွက်ရမည်။
(ည) Customer သိရှိလိုသောအချက်များကိုအရေးထားအာရုံစိုက်၍ စဉ်းစားဖြေကြား ပေးနိုင်ရမည်။

(လိုအပ်သောပညာအရည်အချင်း)
(က) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။
(ခ) LCCI Level II ,III (သို့မဟုတ်) စီးပွားရေး Diploma တစ်ခုခုရရှိထားသူကိုဦးစားပေးစဉ်းစားမည်။
(ဂ) Microsoft Word, Microsoft Excel နှင့် E-mail အသုံးပြုနိုင်ရမည်။
(ဃ)အချိန် ၁မိနစ်အတွင်း English စာလုံးရေအနည်းဆုံး၂၅လုံးရိုက်နှိပ်နိုင်ရမည်။

(လိုအပ်သောလုပ်ငန်းအတွေ့အကြုံ)
(က) အမြင့်ဆုံးသော Sales skills နှင့် Sales သဘောနားလည်မှု ၊Service Sector တွင်အတွေ့အကြုံရှိပြီး Relationship Building ကောင်းမွန်သောသူ။
(ခ) Business Development တီထွင်မှု ၊မှတ်တမ်းမှတ်ရာကျွမ်းကျင်မှု ပိုင်းခြားစိတ်ဖြာ နိုင်စွမ်းအမြင့်ဆုံးရှိပြီးအပြောင်းအလဲရှိသောပတ်ဝန်းကျင်တွင် လုပ်ဆောင်နိုင်ခြင်း။

(ဦးစားပေးစဉ်းစားမည့် လုပ်ငန်းအတွေ့အကြုံ)
(က) သက်ဆိုင်ရာနယ်ပယ်တွင် အတွေ့အကြုံရှိသူဦးစားပေးမည်။

(လိုအပ်သောဘာသာစကား)
(က) မြန်မာဘာသာစကား ကျွမ်းကျင်ရမည်။
(ခ) အင်္ဂလိပ်စာအခြေခံအသင့်အတင့် ကျွမ်းကျင်ရမည်။

What We Can Offer

Benefits

Rewards for Over Performance

Highlights

  • An awesome company
  • Join a winning team
  • You can make a difference

Career Opportunities

  • Opportunities for promotion
  • Possibility for job training
  • Learn new skills and techniques