Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Team Leader (Credit Administration Department)

Yoma Bank
| Yangon
Verified This job has been verified by the company as a real job vacancy.
05 Dec 2018
Recruiter active 2 days ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Team Leader (Credit Administration Department)
Yoma Bank, | Yangon

Team Leader (Credit Administration Department)

Yoma Bank

Team Leader (Credit Administration Department)

Yoma Bank
Recruiter active 2 days ago The recruiter at this company was last active reviewing applications.
Myanmar - Yangon
Verified This job has been verified by the company as a real job vacancy.

Experience level

Experienced Non-Manager

Job Function

Finance, Accounting, Audit

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Job Description

An Exciting Opportunity for ...

အလုပ်၏ ရည်ရွယ်ချက်
- ရိုးမဘဏ်၏ အိမ်ရာချေးငွေ Product များ၏ ချေးငွေဆိုင်ရာ အချက်အလက်များ မှန်ကန်မှု ရှိ၊မရှိ သုံးသပ်ရာတွင် ဦးဆောင်စီမံခန့်ခွဲရန်၊ လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်ကောင်းမွန်စေရန်အတွက် စဉ်ဆက်မပြတ်လေ့လာ ဆောင်ရွက်ရန်နှင့် ဌာနကို စီမံခန့်ခွဲရာတွင် ကြီးကြပ်ဆောင်ရွက်ရန် ဖြစ်သည်။

အလုပ်၏အဓိက တာဝန်များ
- Home Loan Centre မှ တင်ပြလာသော Housing Loan ချေးငွေများအတွက် ချေးငွေသက်တမ်းတိုးခွင့်ပြုခြင်း ၊ Employee Housing Loan ချေးငွေအမှုတွဲအသစ်များအား စိစစ်အကဲဖြတ်ခွင့်ပြုခြင်း တို့နှင့်ဆိုင်သည့် လုပ်ငန်းအဆင့်ဆင့်ကို ဌာနတွင်းရှိ သက်ဆိုင်ရာအဖွဲ့အား ဦးဆောင်စီမံခန့်ခွဲပြီး ကြီးကြပ်လမ်းညွှန်ခြင်း။
- ချေးငွေလျှောက်ထားသူများ၏ Collateral & Personal Information များကို သေချာစွာစိစစ်သုံးသပ်ပြီး ကွဲလွဲချက်များ၊ လိုအပ်ချက်များရှိပါက Home Loan Centre ၊ သက်ဆိုင်ရာဘဏ်ခွဲ၊ တို့နှင့်ဆက်သွယ်ဆောင်ရွက်ခြင်း။
- ဌာနတွင်းသက်ဆိုင်ရာအဖွဲ့များမှု ရရှိလာသောသီတင်းအချက်အလက်များကို စိစစ်သုံးသပ်ရာတွင် ကြီးကြပ် ညွှန်ကြားရန်၊ ကွဲလွဲချက်များ(သို့) လိုအပ်ချက်များရှိပါက စီမံဆောင်ရွက်ရန်၊
- အိမ်ရာချေးငွေများနှင့်ပတ်သက်သည့် သက်တမ်းတိုးလျှောက်ထားခြင်းတို့အတွက် စိစစ်သုံးသပ်င်္ပြီး ကွဲလွဲချက် လိုအပ်ချက်များရှိပါက ဦးဆောင်ဖြေရှင်း ဆောင်ရွက်ရန်။
- ချေးငွေနှင့်သက်ဆိုင်သော လက်မှတ်ရေးထိုးရန်စာရွက်စာတမ်းများကို ကောင်းစွာသိရှိနားလည်ပြီး အခါအားလျော်စွာ ထုတ်ပြန်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် စီမံဆောင်ရွက်ခြင်း၊
- ဘဏ်၏ချေးငွေမူဝါဒ၊ ချေးငွေလုပ်ထုံးလုပ်နည်းများ၊ ဗဟိုဘဏ်၏ ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များကို သဘောပေါက် နည်းလည်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်၊
- ချေးငွေနှင့်သက်ဆိုင်သော လက်မှတ်ရေးထိုးရန်စာရွက်စာတမ်းများကို ကောင်းစွာသိရှိနားလည်ပြီး အခါအားလျော်စွာ ထုတ်ပြန်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် စီမံဆောင်ရွက်ခြင်း၊
- ရိုးမဘဏ်၏ တိုးတက်ပြောင်းလဲမှုများအား ဦးစီးဆောင်ရွက်ရာတွင် တက်ကြွစွာပါဝင်ပြီး ဌာနအား ဦးစီးဦးဆောင်မှုပြုနိုင်သူ ဖြစ်ရမည်။ အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဦးဆောင်ပါဝင်နိုင်သူ ဖြစ်ရမည်။
- ဌာနတွင်းသက်ဆိုင်ရာအဖွဲ့များမှ ဝန်ထမ်းများအား တာဝန်သတ်မှတ်ပေးခြင်း၊ ၄င်းတို့အား ချမှတ်ထားသော တာဝန်များ ကျေပွန်စွာထမ်းဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ လိုအပ်သည်များကို ညွှန်ကြားပေးခြင်း၊ မိမိဝန်ထမ်းများအား လုပ်ကိုင်မှုစွမ်းရည်မြင့်မားစေရန် အနီးကပ်ကြီးကြပ် သင်ကြားပေးခြင်း၊ ဌာန၏လုပ်ငန်း စွမ်းဆောင်ရည်တိုးတက်စေရန် စီမံဆောင်ရွက်ခြင်း၊ အကဲဖြတ်သုံးသပ်ခြင်းနှင့် လိုအပ်သောပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ခြင်း၊
- ချေးငွေနှင့်သက်ဆိုင်သော အခက်အခဲပြဿနာများ၊ ဌာနအတွင်းစီမံခန့်ခွဲမှု၊ အခြားဌာနများ သို့မဟုတ် ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ဆောင်ရွက်ရန်၊
- Fusion Banking Essence တွင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသစ်များ၊ ပြုပြင်ပြောင်းလဲမှုများ၊ အခက်အခဲ ဖြေရှင်းမှုများအတွက် အခြားသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ အဆင်ပြေအောင်မြင်စေရန် အချိန်မီ ဆောင်ရွက်ခြင်း။
- အခါအားလျော်စွာ ဌာနတာဝန်ခံ၊ ‘ဒုတိယတာဝန်ခံနှင့် Chief Operating Officer မှ ပေးအပ်သော တာဝန်များကို ဆောင်ရွက်ပေးခြင်း၊

Open To

Male/Female

Job Requirements

လိုအပ်သော အသိပညာနှင့်ကျွမ်းကျင်မှုများ
(က) လူအများနှင့်ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်ပြီး ဘဏ်ခွဲများ၊ သက်ဆိုင်ရာရုံးဌာနများနှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် အဆင်ပြေစွာ ပြောဆိုဆက်ဆံနိုင်ရမည်။
(ခ) လုပ်ငန်းတာဝန်များအား အချိန်မှီပြီးစီးနိုင်ရမည်။
(ဂ) လုပ်ငန်းများကို အသေးစိတ်ဂရုပြုနိုင်ရမည်။ တာဝန်ယူနိုင်ရမည်။
(ဃ) စာအရေးအသားနှင့် စကားပြောကောင်းမွန်ရမည်။
(င) အဖွဲ့အစည်းနှင့်ကောင်းမွန်စွာ အလုပ်လုပ်နိုင်၍ အချိန်နှင့် တပြေးညီ စီမံခန့်ခွဲနိုင်မှု ကောင်းမွန်ရမည်။
(စ) အရေးကြီးသော၊ အဓိကဖြစ်သော လုပ်ငန်းတာဝန်များအား သိရှိနားလည်နိုင်ရမည်။
(ဆ) ဌာနစိတ်တစ်ခုအား စီမံခန့်ခွဲပြီး ကြီးကြပ်နိုင်ရမည်။ စီမံခန့်ခွဲမှုအတွေ့အကြုံ ရှိသူဖြစ်ရမည်။
(ဇ) လုပ်ငန်းတွင် ပြဿနာအခက်အခဲများကို လက်တွေ့ရင်ဆိုင်ဖြေရှင်းနိုင်သည့် အရည်အသွေးရှိရမည်။

လိုအပ်သော ပညာအရည်အချင်း
(က) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ရမည်။
(ခ) Advanced Microsoft Word, Microsoft Excel နှင့် E-mail အသုံးပြုနိုင်ပြီး မြန်မာစာနှင့် အင်္ဂလိပ်စာ ကျွမ်းကျင်စွာ ရိုက်နိုင်ရမည်။

လိုအပ်သော လုပ်ငန်းအတွေ့အကြုံ
(က) မိမိလျှောက်ထားသောရာထူးနှင့် ကိုက်ညီသော စီမံခန့်ခွဲမှုအတွေ့ အကြုံအပါအဝင် သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ်နှင့်အထက် ရှိရမည်။

ဦးစားပေးစဉ်းစားမည့် လုပ်ငန်းအတွေ့အကြုံ
(က) သက်ဆိုင်ရာနယ်ပယ်တွင် အတွေ့အကြုံရှိသည့်Yoma Bank Administration Department ရာထူးဖြင့် လုပ်သက်တစ်နှစ်နှင့်အထက် တာဝန်ထမ်းဆောင်နေ သူများအား ဦးစားပေးမည်။
(ခ) Fusion Banking Essence (FBE) System နှင့်ပတ်သက်သော စီမံခန့်ခွဲမှုအတွေ့အကြုံရှိသူ ဦးစွားပေးမည်။

လိုအပ်သော ဘာသာစကား
(က) မြန်မာဘာသာစကား ကျွမ်းကျင်ရမည်။

ဦးစားပေးစဉ်းစားမည့် ဘာသာစကား
(က) အင်္ဂလိပ်စာ အသင့်အတင့်တတ်ကျွမ်းရမည်။

What We Can Offer

Benefits

Rewards for Over Performance

Highlights

  • An awesome company
  • Join a winning team
  • You can make a difference

Career Opportunities

  • Opportunities for promotion
  • Possibility for job training
  • Learn new skills and techniques