Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes
| Yangon
Verified This job has been verified by the company as a real job vacancy.
22 Jun 2018
Recruiter active 1 week ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Recruiter active 1 week ago The recruiter at this company was last active reviewing applications.
Myanmar - Yangon
Verified This job has been verified by the company as a real job vacancy.

Experience level

Entry Level

Job Function

Food and Beverage

Job Industry

Food and Beverage/Catering

Min Education Level

High School

Job Type

Full Time

Job Description

A Fantastic Opportunity for ...

စားသုံးသူများအား ကိုယ်၊ နှုတ် အမူအရာ ချိုသာယဉ်ကျေးစွာဖြင့် ၀န်ဆောင် မှုပေးရမည်။
၂။ စားသုံးသူများအား Host မှ စားပွဲတွင် နေရာချထားသောအခါ ပျူဌာစွာ ကြိုဆို၍ စားသုံးသူများ အသင့်စားသုံးနိုင်ရေး လိုအပ်သော ၀န်ဆောင်မှုများ ဖြစ်သည့် အကင်အိုးမျာအား ပြင်ဆင်ပေးခြင်း၊ အကင်အိုးများအား မီးပေးခြင်း၊ အပြုတ်ရည် ထည့်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးရပါမည်။
၃။ စားသုံးသူများအား ဘူဖေးစင်များကို ညွှန်ပြခြင်း၊ အခမဲ့ ရယူစားသောက်နိုင်သည့် ရေခဲမုန့်၊ အချိုရည်၊ သစ်သီးများ၏ တည်နေရာများအား ညွှန်ပြခြင်းနှင့် အစားအသောက်များ အလဟာသအလေအလွင့် မဖြစ်စေရေးအတွက် ထိန်းချုပ်သည့် (Extra Charges) စနစ်ကို ရှင်းပြခြင်းတို့ကို ဆောင်ရွက်ရပါမည်။
၃။ စားသုံးသူများမှ သီးခြားထပ်မံ မှာယူလိုပါက ရရှိနိုင်သည့် မီနူးများအား သေချာစွာ ရှင်းလင်းပြောပြ၍ မှာယူသည့် အမျိုးအမည်များအား မှန်ကန်စွာမှတ်သားရမည်။
၎။ စားသုံးသူများ၏ မှာယူလိုသည့် အစားအသောက်စာရင်းကို Guest Check Report Voucher တွင် တိကျသေချာစွာမှတ်သားပြီး ငွေကိုင်ထံသို့ ချက်ခြင်းတင်ပြရမည်။
၅။ ထို့နောက်သက်ဆိုင်ရာ Counter အသီးသီးသို့ ပေးရမည့် Order စာရွက်များအား ပေးပို့ရမည်ဖြစ်ပြီး နောက်ဆုံးမိတ္တူတစ်စောင်ကို သတ်မှတ်ထားရှိသည့် စားပွဲနံပါတ် ပါရှိသည့်နေရာတွင် ပြန်လည်ထားရှိရမည်။
၆။ Kitchen (သို့) Bar ကောင်တာ တာဝန်ရှိသူထံမှ ထွက်ရှိလာသော အစားအသောက်များ ကို အော်ဒါမှာယူထားသည့် စာရင်းနှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးလက်ခံပြီး စားသုံးသူများ မှာထားသည့် စားပွဲနံပါတ်သို့ ပေးပို့၍ နေရာချထားပေးရပါမည်။
၇။ စားသုံးသူများမှ ငွေရှင်းလိုကြောင်း ခေါ်ယူခဲ့ပါက မှတ်တမ်းထားရှိသည့် Guest Check Report Voucher ကို ယူဆောင်၍ Cashier နှင့် ကွန်ပျူတာ ဘောက်ချာမထွက်မီ မှန်/ မမှန် စစ်ဆေးပြီး Bill ထုတ်ယူရမည်။
၈။ စားသုံးသူများ၏ အစားအသောက်များ ကျန်ရှိပါက အလေအလွင့် ထိန်းသိမ်းရေး အစီအစဉ် (Extra Changes) စနစ်ကို နောက်တကြိမ်ထပ်မံရှင်းပြ၍ အကြွင်းအကျန်များအတွက် ကျသင့်ငွေကို စနစ်တကျ တွက်ချက်ပြီး စားသုံးသူများသို့ အသိပေးရပါမည်။
၉။ ထို့နောက် စားသုံးသူထံမှ ကျသင့်ငွေကို ကောက်ခံရယူ၍ Cashier အား ငွေပေးချေပြီး ငွေလက်ခံရရှိကြောင်း (Received) တံဆိပ်တုံးနှိပ်၍ စားသုံးသူအား ပြန်လည်ပေးအပ်ခြင်း ကိုဆောင်ရွက်ရမည်။
၁၀။ စားသုံးသူများ စားသုံးရာတွင် လိုအပ်သော ၀န်ဆောင်မှုများဖြစ်သည့် ပြုတ်ရည်ထပ်ဖြည့်ပေးခြင်း၊ Tissue များထပ်မံဖြည့်ပေးခြင်း၊ ဇွန်းခရင်းတူ ပန်းကန်ခွက်ယောက်များ ထပ်မံဖြည့်ဆည်းပေးခြင်း၊ စသည့်တို့ကို ဆောင်ရွက်ပေးပြီး စားသုံးသူများ လိုအပ်သောအခြား ၀န်ဆောင်မှုများကိုလည်း ပျူဌာယဉ်ကျေးစွာ ပေးနိုင်ရန် အမြဲအသင့် ပြင်ဆင်ထားရပါမည်။
၁၁။ စားသုံးသူများမှ ဝေဖန်မှုများရှိပါက ချိုသာယဉ်ကျေးစွာဖြင့် ပြန်လည် ဖြေရှင်းပေးရန်မည် ဖြစ်ပြီး မိမိကိုယ်တိုင်ဖြေရှင်းရန် ခက်ခဲသောကိစ္စရပ်များအား Head Waiter ထံသို့ အချိန်နှင့် တပြေးညီ တင်ပြ၍ ဖြေရှင်းဆောင်ရွက်စေရပါမည်။
၁၂။ ဆိုင်အတွင်းရှိ ပရိဘောဂများ၊ အိုးခွက်ပန်းကန်များနှင့် အစားအသောက်များ၏ သန့်ရှင်းရေးကို အထူးဂရုပြုရမည် ဖြစ်ပြီး ခွဲဝေထားသောတာဝန်အတိုင်း ပုံမှန်သန့်ရှင်းရေး ပြုလုပ်ရမည်။
၁၃။ ဆိုင်အတွင်းအပြင် ၀န်းကျင်ရှိ ပန်းပင်များအား ပုံမှန်ရေလောင်းခြင်း၊ အမှိုက်များ သန့်ရှင်းခြင်းတို့ကို ဆောင်ရွက်ရမည်။
၁၄။ ဆိုင်၏အရောင်းဧရိယာရှိ ကြမ်းပြင်များ၊ မျက်နှာကျက်များ၊ နံရံများ၊ ပန်ကာများ၊ မီးလုံးမီးချောင်းများ၊ စင်များ၊ ကြော်ငြာဆိုင်းဘုတ်များတွင် ဖုန်များနှင့် ပင့်ကူအိမ်အမှိုက်များ မရှိစေရေး အမြဲစစ်ဆေးနေရမည်ဖြစ်ပြီး သန့်ရှင်းနေစေရန် ဆောင်ရွက်ရမည်။
၁၅။ မရရှိနိုင်သည့် ဟင်းလျာများအား မှတ်သားထား၍ စားသုံးသူများမှ မေးမြန်းလာပါက ချက်ချင်းပြန်လည် ဖြေဆိုနိုင်စေရေး ပြင်ဆင်ထားရမည်။
၁၆။ စားသုံးသူများအနေဖြင့် အစားအသောက်များနှင့်ဟင်းလျာများကို အဆင်ပြေပြေ သုံးဆောင်နိုင်ခြင်း ရှိ/ မရှိ ဂရုစိုက်၍ ၀န်ဆောင်မှုပေးရပါမည်။
၁၇။ ဆိုင်တွင် လာရောက်စားသုံးသူ ဧည့်သည်များ များပြားနေပါက ထောင့်စေ့အောင် ၀န်ဆောင်မှု ပေးနိုင်စေရေး အားသွန်ခွန်စိုက်ဆောင်ရွက်ရပါမည်။ အကယ်၍ စားသုံးသူအင်အားများ၍ Waiter အင်အား မလုံလောက်ပါက Captain သို့တင်ပြ၍ Host များ၏ အကူအညီရယူရမည်။
၁၈။ စားသုံးသူများ ပြန်လည်ထွက်ခွာချိန်တွင် စားဝိုင်းမှတစ်ရှူးများ၊ အမှိုက်များကို စနစ်တကျသန့်ရှင်းအောင် ဆောင်ရွက်၍ ဆေးကြောရန် လိုအပ်သည်များကို ပန်းကန်ဆေးသည့်နေရာသို့ ပို့ဆောင်ပေးရမည် ဖြစ်ပြီး စားဝိုင်းကို နောက်ထပ်စားသုံးသူအသစ်များမှ အသင့်စားသုံးနိုင်စေရန် ပြန်လည်ပြင်ဆင်မှု ပြုလုပ်ထားရပါမည်။
၁၉။ ဆိုင်တွင်း အင်းဆက်ပိုးမွှားများ နှိမ်နင်းခြင်းကို ဆောင်ရွက်ရာတွင် ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်။
၂၀။ ဆိုင်သိမ်းပြီးချိန်တွင် ဆိုင်တွင်းသန့်ရှင်းရေး၊ အခန်းတွင်းသန့်ရှင်းရေးများအား သတ်မှတ်ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရပါမည်။
၂၁။ စားသုံးသူများ၏ စိတ်ကျေနပ်မှု အပြည့်အ၀ ရရှိစေရေးနှင့် စိတ်ညိုညင်မှု မရှိစေရေးအတွက် ၀န်ဆောင်မှုပေးနိုင်ရန် ကြည်လင်ရွှင်ပြသော အသွင်သဏ္ဍာန်ဖြစ်နေစေရေး အမြဲဂရုပြု ရပါမည်။
၂၂။ Thai Pot နှင့် စပ်လျဉ်းသည့် Promotion အစီအစဉ်များ၊ Discount အစီအစဉ်များအား သေချာစွာ သိရှိနားလည်စေရန် လေ့လာထားပြီး စားသုံးသူများအား ရှင်းလင်းပြောပြနိုင်စေရေး ပြင်ဆင်ထားရပါမည်။
၂၃။ လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ အကြံပြုတင်ပြရန်နှင့် တွေ့ရှိမှုများအား သတင်းပို့ရန် လိုအပ်လာပါက Head Waiter, Captain, Outlet Manager တို့ထံသို့ အချိန်နှင့် တပြေးညီ တင်ပြဆောင်ရွက်ရမည်။
၂၄။ BOD နှင့် သက်ဆိုင်ရာတာဝန်ရှိသူ အကြီးအကဲများက လုပ်ငန်းလိုအပ်ချက်အရ တရားသဖြင့် ပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်။

Open To

Repatriate
Male/Female

Job Requirements

အခြေခံပညာအထက်တန်းအဆင့်ရှိသူဖြစ်ရမည်။
လုပ်ငန်းအတွေ့အကြုံ (၆) လရှိသူဖြစ်ရမည်။
ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
စကားပြောပြေပြစ်စွာ ပြောဆိုနိုင်ပြီး ၀န်ဆောင်မှုပေးခြင်းအပေါ်
စိတ်ပါဝင်စားမှု ရှိရမည်။

What We Can Offer

Benefits

Services Money+Duty Meal Allowance+Ferry+Uniform

Highlights

အလုပ်ချိန် (2:00 PM to 11:00 PM)
တစ်ပါတ်တစ်ရက်နားသည်။

Career Opportunities

  • Opportunities for promotion
  • Possibility for job training
  • Learn new skills and techniques