Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Assistant Manager - Business Loan & Home Loan

Yoma Bank
Thanlyin | Yangon
Verified This job has been verified by the company as a real job vacancy.
18 Aug 2022
Recruiter active 1 day ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Assistant Manager - Business Loan & Home Loan
Yoma Bank, Thanlyin | Yangon

Assistant Manager - Business Loan & Home Loan

Yoma Bank

Assistant Manager - Business Loan & Home Loan

Yoma Bank
Recruiter active 1 day ago The recruiter at this company was last active reviewing applications.
Myanmar - Yangon
Verified This job has been verified by the company as a real job vacancy.

Experience level

Experienced Non-Manager

Job Function

Sales, Business Development

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Job Description

A Big Opportunity for ...

အလုပ်၏ရည်ရွယ်ချက်

  • ရိုးမဘဏ်၏ ချေးငွေမထုတ်ချေးမီ နှင့် ချေးငွေထုတ်ချေးပြီးနောက် ဘဏ်သို့ပေးအပ်ထားသည့် အာမခံ(များ)၊လုပ်ငန်း(များ)နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ စိစစ်ခြင်း၊ မီးအာမခံ သက်တမ်း၊ ချေးငွေရယူထားသူများ လက်မှတ်ရေးထိုးထားသည့် စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်မှု ရှိ/ မရှိ စစ်ဆေးခြင်း၊ Fusion Banking System ကို   အသုံးပြု၍ ချေးငွေဆိုင်ရာအချက်အလက်များကို စစ်ဆေးခြင်း နှင့် သက်ဆိုင်ရာအရာရှိသို့ အချိန်မီတင်ပြနိုင်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ရမည်။ 


အလုပ်၏ အဓိကတာဝန်များ 

  • ချေးငွေကော်မတီမှ ခွင့်ပြုချက်ရရှိ ပြီးသော ချေးငွေအမှုတွဲများအတွက် ချေးငွေမထုတ်ချေးမီ ချေးငွေလျှောက်ထားသူများ ပြုလုပ်ရမည့် အချက်အလက်များ ပြည့်မီမှုရှိ/မရှိ စိစစ်ခြင်း၊ အခြားလိုအပ်ချက်များရှိပါက ဘဏ်ခွဲများ၊ သက်ဆိုင်ရာဌာနများထံမှ တောင်းခံခြင်း နှင့် သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်သို့ တင်ပြခြင်း၊  
  • သက်ဆိုင်ရာဌာနမှ ခွင့်ပြချက်ရရှိပြီးသော သက်တမ်းတိုးချေးငွေများအတွက် မီးအာမခံ နှင့် ဂရန်သက်တမ်းများ ကို စိစစ်ပြီး၊ ပြည့်စုံမှန်ကန်မှုရှိပါက Fusion Banking System ကို   အသုံးပြု၍ ချေးငွေသက်တမ်းတိုးရန် ဆောင်ရွက်ခြင်း၊ 
  • ချေးငွေစိစစ်ရာတွင် ထပ်မံသိလိုသော သတင်းအချက်အလက်များရှိပါက ဘဏ်ခွဲ/သက်ဆိုင်ရာဌာနများ သို့မေးမြန်းခြင်းနှင့် ချေးငွေအမှုတွဲတစ်ခု ပြည့်စုံစေရန်အတွက် လိုအပ်ချက်များအား ပူးပေါင်းဆောင်ရွက်ခြင်း၊
  • ချေးငွေထုတ်ချေးခြင်း နှင့် သက်တမ်းတိုးခြင်းအတွက် အကြောင်းကြားစာများ ပြင်ဆင်ပေးပို့ခြင်း၊ ချေးငွေရယူသူများမှ လက်မှတ်ရေးထိုးရမည့် စာရွက်စာတမ်းများ ပြင်ဆင်ပေးပို့ခြင်းနှင့် လက်မှတ်ရေးထိုးပြီးသော ချေးငွေဆိုင်ရာစာရွက်စာတမ်းများမှန်ကန်မှုရှိ/မရှိစစ်ဆေးခြင်း၊ 
  • ချေးငွေရယူပြီးနောက်ပိုင်း ချေးငွေနှင့်သက်ဆိုင်သည့်ကိစ္စရပ်များဆောင်ရွက်ရန် လိုအပ်ပါက ဘဏ်ခွဲ၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ ကွဲလွဲချက်များ(သို့) လိုအပ်ချက်များရှိပါက အချိန်နှင့် တပြေးညီစီမံ ဆောင်ရွက်နိုင်ခြင်း၊ 
  • ရိုးမဘဏ်တွင်အသုံးပြုနေသော Fusion Banking  ရှိ ချေးငွေနှင့်ပက်သက်သည့် Menu များကိုအကျွမ်းတဝင်သိရှိနားလည်ပြီး  ဘဏ်ခွဲများထံမှ  System နှင့်ပတ်သက်သည့် အကြံပြုချက်များတောင်းခံလာပါက  ကူညီဖြေရှင်းပေးနိုင်ခြင်း၊ 
  • ဌာနတွင်းသက်ဆိုင်ရာအဖွဲ့များမှ ရရှိလာသော သတင်းအချက်အလက်များကို စိစစ်သုံးသပ်ရာတွင် ရိုးမဘဏ်၏ တိုးတက်ပြောင်းလဲမှုများအတွက် တက်ကြွစွာပါဝင်ပြီး ဌာနအတွင်း အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း၊ အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်း ပါဝင်နိုင်ခြင်း။ 
  • ဌာနတွင်းသက်ဆိုင်ရာအဖွဲ့လိုက်ချမှတ်ထားသော တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ခြင်း၊ လိုအပ်ချက်များကို ဆွေးနွေးခြင်း၊ မိမိနှင့် အဖွဲ၏လုပ်ကိုင်မှုစွမ်းရည်မြင့်မားစေရန် စဉ်ဆက်မပြတ် အကြံပြုဆွေး‌နွေးခြင်း၊ ဌာန၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရန် ပူးပေါင်းဆောင်ရွက်ခြင်း၊ အကဲဖြတ်သုံးသပ်ခြင်းနှင့် လိုအပ်သောပြုပြင်ပြောင်းလဲမှုများကို ပူးပေါင်းဆောင်ရွက်ခြင်း၊ 
  • ချေး‌ငွေနှင့်သက်ဆိုင်သော အခက်အခဲပြဿနာများ၊ ဌာနအတွင်းစီမံခန့်ခွဲမှု၊ အခြားဌာနများ သို့မဟုတ် ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ပါဝင်ဆောင်ရွက်နိုင်ခြင်း၊ 
  • Fusion Banking Essence တွင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသစ်များ၊ ပြုပြင်ပြောင်းလဲမှုများ၊ အခက်အခဲ ဖြေရှင်းမှုများအတွက် အခြားသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ အဆင်ပြေအောင်မြင်စေရန် အချိန်မီ ဆောင်ရွက်ခြင်း၊ 
  • လုပ်ငန်းလိုအပ်ချက်အရ အလုပ်တာဝန်အသစ်များ ထပ်မံပေးအပ်လာပါက တာဝန်ကျေပွန်စွာ ထမ်းဆောင် နိုင်ခြင်း၊ 
  • ဘဏ်၏ချေးငွေမူဝါဒ၊ချေး‌ငွေလုပ်ထုံးလုပ်နည်းများ၊ ဗဟိုဘဏ်၏ ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များကို သဘောပေါက်နားလည်ပြီး လက်တွေ့အကောင်အထည်ဖော် ပါဝင်ဆောင်ရွက်ခြင်း၊
  • ချေးငွေနှင့်သက်ဆိုင်သော လက်မှတ်ရေးထိုးရန်စာရွက်စာတမ်းများကို ကောင်းစွာသိရှိနားလည်ပြီး အခါအားလျော်စွာ ထုတ်ပြန်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့် အညီလိုက်နာဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ 
  • ရိုးမဘဏ်၏ တိုးတက်ပြောင်းလဲမှုများအတွက် တက်ကြွစွာပါဝင်ပြီး ဌာနအတွင်း အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း၊ အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်း ပါဝင်နိုင်ခြင်း။ 

Open To

Male/Female

Job Requirements

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ရမည်။
  • မိမိလျှာက်ထားသောရာထူးနှင့်ကိုက်ညီသောစီမံခန့်ခွဲမှုအတွေ့အကြုံအပါအဝင် သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၅) နှစ်ရှိရမည်။
  • ဘဏ်လုပ်ငန်း အတွေ့အကြုံရှိသူ ဦးစားပေးမည်။
  • လူအများနှင့်ပေါင်းသင်းဆက်ဆံမှုကောင်းမွန်ပြီးဘဏ်ခွဲများ၊   သက်ဆိုင်ရာဌာနခွဲများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် အဆင်ပြေစွာ ပြောဆိုဆက်ဆံနိုင်ရမည်။
  • လုပ်ငန်းတာဝန်များအား အချိန်မှီပြီးစီးနိုင်ရမည်။
  • လုပ်ငန်းများကို အသေးစိတ်ဂရုပြုနိုင်ရမည်။ တာဝန်ယူနိုင်ရမည်။
  • စာအရေးအသားနှင့် စကားပြောကောင်းမွန်ရမည်။
  • အဖွဲ့အစည်းနှင့်ကောင်းမွန်စွာ အလုပ်လုပ်နိုင်၍ အချိန်နှင့် တပြေးညီ    စီမံခန့်ခွဲနိုင်မှု ကောင်းမွန်ရမည်။
  • အရေးကြီးသော၊ အဓိကဖြစ်သော လုပ်ငန်းတာဝန်များအား သိရှိနားလည်နိုင်ရမည်။
  • မြန်မာဘာသာစကားကျွမ်းကျင်ရမည်။
  • အင်္ဂလိပ်စာ အသင့်အတင့် ကျွမ်းကျင်ရမည်။

What We Can Offer

Benefits

• Ferry Provided
• Mobile Phone Allowance
• Life Insurance
• Limited Medical Cover

Highlights

• Empowered Working Environment
• Diverse Team

Career Opportunities

• Learning and Development Platform
• Opportunities to Explore Multiple Career Paths