Kamaryut | Yangon
Verified
This job has been verified by the company as a real job vacancy.
23 Sep 2022
Recruiter active 1 day ago
The recruiter at this company was last active reviewing applications.
Ooops, Your facebook log in failed. Please try again or log in using an email address only.
Sorry, unable to SignIn / Login using LinkedIn , check your local software installation; or please try another option here.
Myanmar - Yangon
Verified
This job has been verified by the company as a real job vacancy.
Experience level
Experienced Non-Manager
Job Function
Administrative
Job Industry
Banking/ Insurance/ Microfinance
Min Education Level
Bachelor Degree
Job Description
A Great Opportunity for ...
- ရန်ကုန် (သိမ်ဖြူရုံးခွဲ) တွင် တာဝန်ထမ်းဆောင်ရန်အတွက်ဖြစ်သည်
- နေ့စဉ် Field Officer များ အပ်နှံသော ကောက်ခံရရှိငွေများလာရောက်အပ်နှံသည့် အခါ ထို ငွေပမာဏနှင့် FO ၏ Denomination sheet (AC-004) မှ ငွေပမာဏ နှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးပြီး လက်ခံရမည်။ တစ်နေ့တာ လက်ခံရရှိလာသော ငွေများအားလုံး ကို ပေါင်း၍ စုစုပေါင်း AC-004 တစ်ခုအား ပြင်ဆင်ပြီး ရုံးခွဲမန်နေဂျာထံ လက်မှတ်ရေးထိုးအပ်နှံရန်။
- FO ထံမှ ရရှိလာသော ချေးငွေစာချုပ်၊ ငစရ၊ အင်တာဗျူးပုံစံ များအား လအလိုက် ချေးငွေပမာဏ နေ့အလိုက်နှင့် အုပ်စုအလိုက် သေချာစွာ ဖိုင်တွဲသိမ်းဆည်းရန်။
- နေ့စဉ် စာရင်းပိတ်ငွေလက်ကျန်ကို စစ်ဆေး၍ လုံခြုံအောင်သိမ်းဆည်းရန်။
- အသုံးစရိတ်များထုတ်ပေးရာတွင် ငွေပေးဘောက်ချာ (Payment Voucher) တွင် သက်ဆိုင်သူတို့၏ လက်မှတ်များ ပြည့်စုံမှုရှိ မရှိ စစ်ဆေး၍ အသုံးစရိတ်ငွေထုတ်ပေးရန်။
- ကောက်ခံရရှိငွေများ နေ့စဉ် ဘဏ်သို့ အပ်နှံနိုင်ရန် BM နှင့်အတူ ငွေများကို Denomanation နှင့်တကွ ဘဏ်သို့ ငွေသွင်းရန်အတွက် သွားရန်။
- Branch Admin သည် ငွေထုတ်မချေးမီ တစ်ရက်ကြိုတင်၍ BM နှင့်အတူ ဘဏ်သို့ သွားရောက် ငွေထုတ်ယူရန်။ ရုံးသို့ပြန်ရောက်လျှင် ထုတ်ယူလာသောငွေကို နောက်ရက်ငွေထုတ်ချေးမည့် စာရင်းအတိုင်း အဖွဲ့ဝင်တစ်ဦးချင်းစီအတွက် ရေတွက်ပြီး Hana စာအိတ်အတွင်း ထည့်သွင်းထုတ်ပိုးပေးရန်။ ထိုနောက် မီးခံသေတ္တာ တွင် စနစ်တကျ သိမ်းဆည်းရန်။
- ရုံးအတွက် လိုအပ်သည့်အသေးသုံးပစ္စည်းများကို ရုံးခွဲမန်နေဂျာ/ လက်ထောက်မန်နေဂျာ၏ ခွင့်ပြုချက်ဖြင့် ၀ယ်ယူပေး ရမည်။ ရုံးသုံးစာရေးကိရိယာများ၊ ရုံးတွင်းလိုအပ်ချက်များကို ရုံးခွဲမန်နေဂျာ/ လက်ထောက်မန်နေဂျာ၏ ခွင့်ပြုချက်ဖြင့် ရုံးချုပ် Admin Manager ထံတင်ပြတောင်းဆိုရန်။
- ရုံးချုပ်မှ လစဉ်ပေးပို့လာသည့် ပစ္စည်းများ၊ စာရွက်စာတမ်းများအား ယူဆောင်ပေးရမည်။ ဒေသခံအရာရှိများမှ တောင်းခံ လာသော စာရွက်စာတမ်းပုံစံများ၊ စာရေးကိရိယာများ နှင့် အခြားလိုအပ်ချက်များအား အချိန်မီ စိစစ်ထုတ်ပေးရန်။
- လစဉ် ရုံးတက်ရုံးဆင်းစာရင်းများ၊ ခွင့်မှတ်တမ်းများကို ပြင်ဆင်ပြီး ရုံးချုပ်သို့ ပေးပို့ရန်။
- ရုံး၏စည်းမျဉ်းစည်းကမ်းအတိုင်း Penalty fees ကောက်ခံရန်။
- မိမိရုံးခွဲသို့ ၀န်ထမ်းအသစ်များ အလုပ်စတင် ၀င်ရောက်သည့်နေ့တွင် ၀န်ထမ်းနှင့်ပတ်သက်သည့် လိုအပ်သော စာရွက်စာတမ်း၊ အစီရင်ခံစာများ တောင်း၍ ရုံးချုပ် H R Manager ထံသို့ပေးပို့ရန်။
- အစမ်းခန့်ကာလပြီးဆုံးသွားပြီးသော ၀န်ထမ်းများ အတွက် ၀န်ထမ်းလိပ်စာကဒ်ပြုလုပ်နိုင်ရန်၊ Uniform များ ပေးနိုင်ရန် အတွက် စာရင်းပြုလုပ် ရုံးချုပ် Admin Manager ထံသို့တင်ပြရန်။
- ရုံးခွဲမန်နေဂျာ/ ရုံးခွဲလက်ထောက်မန်နေဂျာ၏ စီစဉ်ညွှန်ကြားမှုဖြင့် ရုံးသုံးမော်တော်ယာဉ်များအား စီမံခန့်ခွဲရန်။
- အစိုးရဌာနနှင့် ပတ်သက်သော အခွန်အခများ၊ Bill (မီတာ၊ ဖုန်း၊ အင်တာနက် အစရှိသည်) များကို အချိန်မီ ပေးဆောင်ရန်။
- အခြားစီမံရေးရာနှင့်သက်ဆိုင်သော အစိုးရရုံးပိုင်းဆိုင်ရာကိစ္စရပ်များအား ဆောင်ရွက်ရန်။
- ရုံးတွင်းရှိ ရုံးသုံး၊ လုပ်ငန်းသုံးပစ္စည်းများအား (Stationary register and Inventory register) များအား ပုံမှန်စာရင်းရေးသွင်းထိန်းသိမ်းဆောင်ရွက်ရန်။
- မိမိရုံးခွဲ၏ ဘဏ်စာရင်းရှင်းတမ်း (Bank Statement) များကို KBZ ဘဏ်နှင့် AYA ဘဏ်များမှ ယူဆောင်ပေးရန်။
- မိမိရုံးခွဲသို့ ဆက်သွယ်လာသည့် ဖုန်းများကို လက်ခံဖြေကြားပေးရမည်။
- ရုံးစာ အ၀င်အထွက် နှင့် လက်ခံရရှိသော ပစ္စည်းများကို မှတ်တမ်း ထားရှိရမည် ဖြစ်ပြီး ၄င်းတို့အား သက်ဆိုင်ရာ ၀န်ထမ်းများအား ဖြန့်ဝေပေးရန်။
- ရုံးချုပ် မှအခါ အားလျှော်စွာ ထုတ်ပြန်ထားသည့်ညွှန်ကြားစာများကို File တွဲထားရန်။
- ရုံးတွင်း ရုံးပြင် သန့်ရှင်းမှုရှိနေစေရန် အမြဲဂရုစိုက်ရမည်။ သန့်ရှင်းရေးလုပ်သားမှ သန့်ရှင်းရေးမှပြုလုပ်မှုများကို
- ကြီးကြပ်စစ်ဆေးရန်။
- ရုံးခန်းများ အတွင်းအပြင်ရှိ လျှပ်စစ်နှင့်သက်ဆိုင်သည့်အရာအားလုံး ပုံမှန်လုပ်ဆောင်နေမှု ရှိ/မရှိ၊ ဘေးကင်းမှုရှိမရှိအစဉ်လေ့လာနေရမည်။ ရုံးခန်းများ၏ ရေသန့်၊ ရေဆိုးစနစ်များ ကောင်းမွန်စေရန်ကြီးကြပ်ဆောင်ရွက်ရန်။ လိုအပ်ပါက ပြင်ပကျွမ်းကျင်သူများအား ခေါ်ယူဆောင်ရွက်ရန်။
- ရုံးခွဲ၏လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု၊ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ နည်းစနစ်များ နှင့် လုပ်ငန်း ဆောင်ရွက်မှုအဆင့်ဆင့် တိုင်းတွင် အဆင်ပြေချောမွေ့စေရန်ဆောင်ရွက်ရန်။
- Hana Company မှ အခါအားလျော်စွာ ထုတ်ပြန်သော လုပ်ထုံးလုပ်နည်းများကို အမြန်ဆုံး လေ့လာပြီး၊ စနစ်တကျ အကောင်အထည်ဖော်နိုင်စေရန် ကူညီဆောင်ရွက်ရမည်။ လိုအပ်၍ ပေးအပ်သောအခြားတာဝန်များကိုလည်း လုပ်ဆောင်ရန်။
Job Requirements
- ပညာအရည်အချင်း အနည်းဆုံး တက္ကသိုလ်တစ်ခုမှ ဘွဲ့ရပြီးဖြစ်ရမည်။
- ကွန်ပြူတာအရည်အချင်းနှင့်စပ်လျဉ်းပြီး Microsoft Word နှင့် Microsoft Excel ကို တတ်ကျွမ်းနားလည်ပြီး လက်တွေ့ ကျကျ ကျွမ်းကျင်စွာ ကိုယ်တွင်ဆောင်ရွက်နိုင်သူဖြစ်ရမည်။
- ရန်ကုန် (သိမ်ဖြူရုံးခွဲ) တွင် တာဝန်ထမ်းဆောင်ရန်အတွက်ဖြစ်သည်
- An awesome company
- Join a winning team
- You can make a difference
- Opportunities for promotion
- Possibility for job training
- Learn new skills and techniques
Experience level
Experienced Non-Manager
Job Function
Administrative
Job Industry
Banking/ Insurance/ Microfinance
Min Education Level
Bachelor Degree