Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Branch Admin

Hana Microfinance Ltd
Kamaryut | Yangon
Verified This job has been verified by the company as a real job vacancy.
23 Sep 2022
Recruiter active 1 week ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Recruiter active 1 week ago The recruiter at this company was last active reviewing applications.
Myanmar - Yangon
Verified This job has been verified by the company as a real job vacancy.

Experience level

Experienced Non-Manager

Job Function

Administrative

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Job Description

A Fantastic Opportunity for ...

  • ရန်ကုန် (သိမ်ဖြူရုံးခွဲ) တွင် တာဝန်ထမ်းဆောင်ရန်အတွက်ဖြစ်သည်
  • နေ့စဉ် Field Officer များ အပ်နှံသော ကောက်ခံရရှိငွေများလာရောက်အပ်နှံသည့် အခါ ထို ငွေပမာဏနှင့် FO ၏ Denomination sheet (AC-004) မှ ငွေပမာဏ နှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးပြီး လက်ခံရမည်။  တစ်နေ့တာ လက်ခံရရှိလာသော ငွေများအားလုံး ကို ပေါင်း၍ စုစုပေါင်း AC-004 တစ်ခုအား ပြင်ဆင်ပြီး  ရုံးခွဲမန်နေဂျာထံ လက်မှတ်ရေးထိုးအပ်နှံရန်။
  • FO ထံမှ ရရှိလာသော ချေးငွေစာချုပ်၊ ငစရ၊ အင်တာဗျူးပုံစံ များအား လအလိုက် ချေးငွေပမာဏ နေ့အလိုက်နှင့်  အုပ်စုအလိုက် သေချာစွာ ဖိုင်တွဲသိမ်းဆည်းရန်။
  • နေ့စဉ် စာရင်းပိတ်ငွေလက်ကျန်ကို စစ်ဆေး၍ လုံခြုံအောင်သိမ်းဆည်းရန်။
  • အသုံးစရိတ်များထုတ်ပေးရာတွင် ငွေပေးဘောက်ချာ (Payment Voucher) တွင် သက်ဆိုင်သူတို့၏ လက်မှတ်များ ပြည့်စုံမှုရှိ မရှိ စစ်ဆေး၍ အသုံးစရိတ်ငွေထုတ်ပေးရန်။
  • ကောက်ခံရရှိငွေများ နေ့စဉ် ဘဏ်သို့ အပ်နှံနိုင်ရန် BM နှင့်အတူ ငွေများကို Denomanation နှင့်တကွ ဘဏ်သို့ ငွေသွင်းရန်အတွက် သွားရန်။
  • Branch Admin သည် ငွေထုတ်မချေးမီ တစ်ရက်ကြိုတင်၍ BM နှင့်အတူ ဘဏ်သို့ သွားရောက် ငွေထုတ်ယူရန်။ ရုံးသို့ပြန်ရောက်လျှင် ထုတ်ယူလာသောငွေကို နောက်ရက်ငွေထုတ်ချေးမည့် စာရင်းအတိုင်း အဖွဲ့ဝင်တစ်ဦးချင်းစီအတွက် ရေတွက်ပြီး Hana စာအိတ်အတွင်း ထည့်သွင်းထုတ်ပိုးပေးရန်။ ထိုနောက် မီးခံသေတ္တာ တွင် စနစ်တကျ သိမ်းဆည်းရန်။
  • ရုံးအတွက် လိုအပ်သည့်အသေးသုံးပစ္စည်းများကို ရုံးခွဲမန်နေဂျာ/ လက်ထောက်မန်နေဂျာ၏ ခွင့်ပြုချက်ဖြင့် ၀ယ်ယူပေး ရမည်။ ရုံးသုံးစာရေးကိရိယာများ၊ ရုံးတွင်းလိုအပ်ချက်များကို ရုံးခွဲမန်နေဂျာ/ လက်ထောက်မန်နေဂျာ၏ ခွင့်ပြုချက်ဖြင့် ရုံးချုပ် Admin Manager ထံတင်ပြတောင်းဆိုရန်။
  •  ရုံးချုပ်မှ လစဉ်ပေးပို့လာသည့် ပစ္စည်းများ၊ စာရွက်စာတမ်းများအား ယူဆောင်ပေးရမည်။ ဒေသခံအရာရှိများမှ တောင်းခံ လာသော စာရွက်စာတမ်းပုံစံများ၊ စာရေးကိရိယာများ နှင့် အခြားလိုအပ်ချက်များအား အချိန်မီ စိစစ်ထုတ်ပေးရန်။
  • လစဉ်  ရုံးတက်ရုံးဆင်းစာရင်းများ၊ ခွင့်မှတ်တမ်းများကို ပြင်ဆင်ပြီး ရုံးချုပ်သို့ ပေးပို့ရန်။
  • ရုံး၏စည်းမျဉ်းစည်းကမ်းအတိုင်း Penalty fees ကောက်ခံရန်။
  • မိမိရုံးခွဲသို့ ၀န်ထမ်းအသစ်များ အလုပ်စတင် ၀င်ရောက်သည့်နေ့တွင် ၀န်ထမ်းနှင့်ပတ်သက်သည့် လိုအပ်သော စာရွက်စာတမ်း၊ အစီရင်ခံစာများ တောင်း၍ ရုံးချုပ် H R Manager ထံသို့ပေးပို့ရန်။
  • အစမ်းခန့်ကာလပြီးဆုံးသွားပြီးသော ၀န်ထမ်းများ အတွက် ၀န်ထမ်းလိပ်စာကဒ်ပြုလုပ်နိုင်ရန်၊ Uniform များ ပေးနိုင်ရန် အတွက် စာရင်းပြုလုပ် ရုံးချုပ် Admin Manager ထံသို့တင်ပြရန်။
  • ရုံးခွဲမန်နေဂျာ/ ရုံးခွဲလက်ထောက်မန်နေဂျာ၏ စီစဉ်ညွှန်ကြားမှုဖြင့် ရုံးသုံးမော်တော်ယာဉ်များအား စီမံခန့်ခွဲရန်။
  • အစိုးရဌာနနှင့် ပတ်သက်သော အခွန်အခများ၊ Bill (မီတာ၊ ဖုန်း၊ အင်တာနက် အစရှိသည်) များကို အချိန်မီ ပေးဆောင်ရန်။
  • အခြားစီမံရေးရာနှင့်သက်ဆိုင်သော အစိုးရရုံးပိုင်းဆိုင်ရာကိစ္စရပ်များအား ဆောင်ရွက်ရန်။
  • ရုံးတွင်းရှိ ရုံးသုံး၊ လုပ်ငန်းသုံးပစ္စည်းများအား (Stationary register and Inventory register) များအား ပုံမှန်စာရင်းရေးသွင်းထိန်းသိမ်းဆောင်ရွက်ရန်။
  • မိမိရုံးခွဲ၏ ဘဏ်စာရင်းရှင်းတမ်း (Bank Statement) များကို KBZ ဘဏ်နှင့် AYA ဘဏ်များမှ ယူဆောင်ပေးရန်။
  • မိမိရုံးခွဲသို့ ဆက်သွယ်လာသည့် ဖုန်းများကို လက်ခံဖြေကြားပေးရမည်။
  • ရုံးစာ အ၀င်အထွက် နှင့် လက်ခံရရှိသော ပစ္စည်းများကို မှတ်တမ်း ထားရှိရမည် ဖြစ်ပြီး ၄င်းတို့အား သက်ဆိုင်ရာ ၀န်ထမ်းများအား ဖြန့်ဝေပေးရန်။
  • ရုံးချုပ် မှအခါ အားလျှော်စွာ ထုတ်ပြန်ထားသည့်ညွှန်ကြားစာများကို File တွဲထားရန်။
  • ရုံးတွင်း ရုံးပြင် သန့်ရှင်းမှုရှိနေစေရန် အမြဲဂရုစိုက်ရမည်။ သန့်ရှင်းရေးလုပ်သားမှ သန့်ရှင်းရေးမှပြုလုပ်မှုများကို     
  • ကြီးကြပ်စစ်ဆေးရန်။
  • ရုံးခန်းများ အတွင်းအပြင်ရှိ လျှပ်စစ်နှင့်သက်ဆိုင်သည့်အရာအားလုံး ပုံမှန်လုပ်ဆောင်နေမှု ရှိ/မရှိ၊ ဘေးကင်းမှုရှိမရှိအစဉ်လေ့လာနေရမည်။ ရုံးခန်းများ၏ ရေသန့်၊ ရေဆိုးစနစ်များ ကောင်းမွန်စေရန်ကြီးကြပ်ဆောင်ရွက်ရန်။ လိုအပ်ပါက ပြင်ပကျွမ်းကျင်သူများအား ခေါ်ယူဆောင်ရွက်ရန်။
  • ရုံးခွဲ၏လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု၊ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ နည်းစနစ်များ နှင့် လုပ်ငန်း ဆောင်ရွက်မှုအဆင့်ဆင့် တိုင်းတွင် အဆင်ပြေချောမွေ့စေရန်ဆောင်ရွက်ရန်။
  • Hana Company မှ အခါအားလျော်စွာ ထုတ်ပြန်သော လုပ်ထုံးလုပ်နည်းများကို အမြန်ဆုံး လေ့လာပြီး၊ စနစ်တကျ အကောင်အထည်ဖော်နိုင်စေရန် ကူညီဆောင်ရွက်ရမည်။ လိုအပ်၍ ပေးအပ်သောအခြားတာဝန်များကိုလည်း လုပ်ဆောင်ရန်။

Open To

Male/Female

Job Requirements

  • ပညာအရည်အချင်း အနည်းဆုံး တက္ကသိုလ်တစ်ခုမှ ဘွဲ့ရပြီးဖြစ်ရမည်။
  • ကွန်ပြူတာအရည်အချင်းနှင့်စပ်လျဉ်းပြီး Microsoft Word နှင့် Microsoft Excel ကို တတ်ကျွမ်းနားလည်ပြီး လက်တွေ့ ကျကျ ကျွမ်းကျင်စွာ ကိုယ်တွင်ဆောင်ရွက်နိုင်သူဖြစ်ရမည်။
  • ရန်ကုန် (သိမ်ဖြူရုံးခွဲ) တွင် တာဝန်ထမ်းဆောင်ရန်အတွက်ဖြစ်သည်


 

What We Can Offer

Benefits

Rewards over performance

Highlights

  • An awesome company
  • Join a winning team
  • You can make a difference

Career Opportunities

  • Opportunities for promotion
  • Possibility for job training
  • Learn new skills and techniques