Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Business Development Specialist (Operations) - YGN

Yoma Bank
| Yangon
Verified This job has been verified by the company as a real job vacancy.
12 Sep 2022
Recruiter active 3 days ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Business Development Specialist (Operations) - YGN
Yoma Bank, | Yangon

Business Development Specialist (Operations) - YGN

Yoma Bank

Business Development Specialist (Operations) - YGN

Yoma Bank
Recruiter active 3 days ago The recruiter at this company was last active reviewing applications.
Myanmar - Yangon
Verified This job has been verified by the company as a real job vacancy.

Experience level

Experienced Non-Manager

Job Function

Customer Service, Support

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Job Description

An Exciting Opportunity for ...

အဓိကတာဝန်

  • Customer များနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်၍ နေ့စဉ်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား မိမိအဖွဲ့အစည်းများနှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ Customer များ၏ လိုအပ်ချက်များ၊ ဘဏ်၏ သက်ဆိုင်ရာ ငွေကြေးဝန်ဆောင်မှုများအတွက် ကောင်းမွန်သော ဝန်ဆောင်မှုပေးရန်။

တာဝန်နှင့်ဝတ္တရားများ (Key Accountabilities)

  • Customer များ၏ လိုအပ်ချက်များကိုလေ့လာ၍ ၎င်းတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် ဝန်ဆောင်မှုများနှင့် မိတ်ဆက်ပြီး အရောင်းဖြစ်မြောက်စေရန်အတွက် ရုံးချုပ်/ဘဏ်ခွဲ ၏ သက်ဆိုင်ရာအရောင်းဌာနများသို့ ချိတ်ဆက် လွဲပြောင်းပေးရန်။
  • ဘဏ်၏အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်ရှိလုပ်ငန်းအဆက်အသွယ်များ ၊  လက်ရှိ Customerများနှင့် ချိတ်ဆက်၍   Customer အသစ်များ ပိုမိုရရှိအောင် ဆောင်ရွက်ရန်။
  • ဘဏ်တွင်းလုပ်ငန်းများပိုမိုတိုးတက်ကောင်းမွန်အောင် ကူညီပံ့ပိုးဆောင်ရွက်ရန် နှင့် Customer များအား ဝန်ဆောင် မှုပေးသည့် စံနှုန်းတိုးတက်လာအောင် လုပ်ဆောင်ရန်။
  • ဘဏ်၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက်  လက်ရှိလုပ်ငန်းအဆက်အသွယ်များ ၊ လက်ရှိ Customer များနှင့် ချိတ်ဆက်၍ Customer အသစ်များ ပိုမိုရရှိအောင်ဆောင်ရွက်ရန်။

Customer ဝန်ဆောင်မှု (၂၀%)

  • Customer များအား ဝန်ဆောင်မှုပေးရာတွင် ၎င်းတို့၏လိုအပ်ချက်ကို မိမိကိုယ်တိုင် နားလည်၍ အကောင်းဆုံး ဝန်ဆောင်မှု နှင့် အကြံဉာဏ်ကောင်းများ ပေးနိုင်ရန်။
  • Customer ဝန်ဆောင်မှု အရည်အသွေးကို အမြဲတိုးတက်အောင်ဆောင်ရွက်ရန်။
  • Customer များအတွက် သွက်လက်တက်ကြွသော အရောင်းဝန်ဆောင်မှုနှင့် တိကျမှန်ကန်၊ မြန်ဆန်သော ဝန်ဆောင်မှု အရည်အသွေးဖြင့် Customer ၏စိတ်ကျေနပ်မှုနှင့် စွဲမြဲမှုရရှိအောင် ဆောင်ရွက်ရန်။
  • Customer များ၏ လိုအပ်ချက်များကို အချိန်နှင့်တပြေးညီလေ့လာ၍ ဘဏ်ခွဲ၏အကျိုးစီးပွား တိုးတက်အောင်မြင် လာစေရန်အတွက် Customer အသစ်များ၊ ချေးငွေအသစ်များ ရရှိအောင်ဆောင်ရွက်ရန် နှင့် တက်ကြွစွာ ပါဝင်ကူညီ ဆောင်ရွက်ရန်။

လုပ်ငန်းစဉ် (၄၀%)

  • ချေးငွေသက်တမ်းတိုးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား အမှားအယွင်းမရှိ၊ နောက်ကျမှု မရှိစေဘဲဆောင်ရွက်ရန်။
  • ချေးငွေ Customer များ၏ မီးအာမခံသက်တမ်း ကျော်လွန်မှု မရှိစေရန် ဂရုစိုက်၍ မီးအာမခံသက်တမ်တိုးခြင်းများအား လုပ်ဆောင်ပေးရန်။
  • ချေးငွေ Customer များ၏ ပေးဆပ်ရမည့်ရက်အား သေချာစွာ မှတ်သားထား၍ ငွေသွင်းနောက်ကျမှုမရှိစေရန် Customer ထံသို့ ကြိုတင်အကြောင်းကြားမှုမျိုးများ လုပ်ဆောင်ရန်။ ငွေသွင်းမှု နောက်ကျနေခြင်းများရှိနေပါက မိမိအထက်လူကြီးထံသို့ လျှင်မြန်စွာ အစီရင်ခံမှုများပြုလုပ်ရန်။
  • ချေးငွေလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သော စာရွက်စာတမ်းများအား တောင်းခံရာတွင် Customer အား နားလည်သဘောပေါက်အောင် ဦးစွာရှင်းပြထားပြီးမှသာ တောင်းခံရန်။
  • ချေးငွေ Customer နှင့် ပတ်သက်သည့် စီးပွားရေးဆိုင်ရာစာရွက်စာတမ်း(စည်ပင်လိုင်စင်၊ အခွန်၊ လုပ်ငန်း လိုင်စင်)များအား Update ဖြစ်အောင် အမြဲ‌‌ဆောင်ရွက်ရန်။
  • ရုံးချုပ်ရှိ သက်ဆိုင်ရာ ဌာနအသီးသီးနှင့် မိမိဘဏ်ခွဲရှိ ဌာနများမှ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန် များကို မိမိကိုယ်တိုင်မှလည်း သေချာစွာ သိရှိနားလည်ပြီး ဘဏ်ခွဲတာဝန်ခံနှင့်အတူ ပူးပေါင်း၍ စီမံ ခန့်ခွဲရန်။
  • ချေးငွေထုတ်ချေးခြင်းများ၊ သက်တမ်းတိုးခြင်း၊ ဖြည့်စွက်ချေးငွေထုတ်ချေးခြင်း၊ တိုးမြှင့်ချေးငွေထုတ်ချေး ခြင်းများအား Risk and Compliance Department နှင့် ချေးငွေဌာနမှချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများ ၊ ညွှန်ကြားချက်များ ၊ SOP (Standard Operation Procedure) များအတိုင်း လိုက်နာ ဆောင်ရွက်ရန်။

ဝန်ထမ်းရေးရာ (၁၀%)

  • Customer နှင့် ကာလရှည်ကြာဆက်ဆံရေးဖြစ်ထွန်းစေသော ဝန်ဆောင်မှု ၊ ရင်းနှီးဖော်ရွေသည့် ဝန်ဆောင်မှု အတွေ့အကြုံပေးသည့် ပတ်ဝန်းကျင်ဖြစ်အောင်ဖန်တီးရန်။
  • မိမိတာဝန်ယူ လုပ်ဆောင်ရသည့် လုပ်ငန်းတာဝန်များ အပေါ်တွင် တာဝန်ယူမှု နှင့် တာဝန်ခံစိတ်အပြည့် ရှိရမည်။
  • Customer များနှင့် Team members များ၏ ဆွေးနွေးချက်နှင့် အကြံပေးချက်များအား အခြေခံပြီးလုပ်ငန်းခွင်ဝန်း ကျင်တိုးတက်ကောင်းမွန်ရန်အတွက်ဝန်ထမ်းမှတက်တက်ကြွကြွပါဝင်ဆောင်ရွက်ခြင်း။

လိုက်နာရမည့်စည်းကမ်းများ (၁၀%)

  • လုပ်ငန်းစဉ်များနှင့် အရောင်းလုပ်ငန်းများလုပ်ကိုင်ရာတွင် အဖွဲ့အစည်းမှ သတ်မှတ်ထားသော စည်းမျဉ်းများ၊ လိုအပ် ချက်များနှင့် ကိုက်ညီအောင်သေချာစွာလုပ်ဆောင်ရမည်။
  • ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်ခြင်းဖြင့် မိမိ၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရမည်။
  • လုပ်ငန်းစဉ်များ နှင့် အရောင်းလုပ်ငန်းများလုပ်ကိုင်ရာတွင် ငွေကြေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (ဗဟိုဘဏ်) တို့မှ သတ်မှတ်ထားသော စည်းမျဉ်းများ၊ ညွှန်ကြားချက်များ နှင့် ကိုက်ညီအောင်ဆောင်ရွက်ရမည်။

    Open To

    Male/Female

    Job Requirements

    ပညာအရည်အချင်းနှင့်လုပ်ငန်းအတွေ့အကြုံ

    အသိပညာနှင့်ကျွမ်းကျင်မှုများ

    • လူအများနှင့် ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်ရမည်။
    • လုပ်ငန်းတာဝန်များအား အချိန်မီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရမည်။
    • စာအရေးအသားနှင့် စကားပြော ကောင်းမွန်ရမည်။
    • တာဝန်ယူမှု/ တာဝန်ခံမှုရှိရမည်။
    • အဖွဲ့အစည်း နှင့် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရမည်။
    • ဘဏ်၏ ချေးငွေလုပ်ငန်းနှင့် ပတ်သက်သည့် ပြင်ဆင်မှုများနှင့် အပြီးသတ် လုပ်ဆောင်မှုတာဝန်များအားပြည့်ပြည့်စုံစုံ သိရှိနားလည်ထားသူ ဖြစ်ရ မည်။

    ပညာအရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံ

    • Microsoft Excel & Word နှင့် Email အသုံးပြုနိုင်ပြီး မြန်မာစာနှင့် အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ ရိုက်နိုင်ရမည်။
    • အချိန် ၁ မိနစ်အတွင်း English စာလုံးရေ အနည်းဆုံး ၂၅ လုံး ရိုက်နှိပ် နိုင်ရမည်။
    • ကွန်ပျူတာကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
    • ဘဏ်နှင့်ပတ်သက်သည့်လုပ်ငန်းအတွေ့အကြုံရှိသူကိုဦးစားပေးပါမည်။

    လုပ်ငန်းအတွေ့အကြုံ

    • စာရင်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိရမည်။
    • သက်ဆိုင်ရာ နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံရှိပါက ဉီးစားပေးမည်။

    ဘာသာစကားများ

    • မြန်မာဘာသာစကားကို ကောင်းမွန်စွာပြောဆို ဆက်ဆံ၊ရေးသားနိုင်ရမည်။
    • အင်္ဂလိပ်စာ အသင့်အတင့် တတ်ကျွမ်းရမည်။
       

    What We Can Offer

    Benefits

    • Ferry Provided
    • Mobile Phone Allowance
    • Life Insurance
    • Limited Medical Cover

    Highlights

    • Empowered Working Environment
    • Diverse Team

    Career Opportunities

    • Learning and Development Platform
    • Opportunities to Explore Multiple Career Paths