Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Business Development Specialist (Sales) - Yangon

Yoma Bank
| Yangon
Verified This job has been verified by the company as a real job vacancy.
21 Nov 2022
Recruiter active 1 day ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Business Development Specialist (Sales) - Yangon
Yoma Bank, | Yangon

Business Development Specialist (Sales) - Yangon

Yoma Bank

Business Development Specialist (Sales) - Yangon

Yoma Bank
Recruiter active 1 day ago The recruiter at this company was last active reviewing applications.
Myanmar - Yangon
Verified This job has been verified by the company as a real job vacancy.

Experience level

Experienced Non-Manager

Job Function

Sales, Business Development

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Job Description

An Excellent Opportunity for ...

အဓိကတာဝန်

  • ဘဏ်ခွဲ၏အရောင်းဝန်ဆောင်မှုများအတွက် အပြည့်အဝအောင်မြင်မှုရရှိစေရန် အရောင်း နည်းဗျူဟာကောင်းများ အား အသုံးချကာ ဘဏ်၏လုပ်ငန်းအကျိုးစီးပွား တိုးတက်လာစေရန်ဆောင်ရွက်ပြီး Customer ဝန်ဆောင်မှု ၊ အရောင်း ဝန်ဆောင်မှု အရည်အချင်းများကိုအသုံးပြု၍ သတ်မှတ်ထားသည့် Loan နှင့် Deposit Goal Target ပြည့်မီအောင် ဆောင်ရွက်ရန်။
  • ကောင်းမွန်သော Customer ကောင်းများအားရှာဖွေခြင်း၊ ချေးငွေကောင်းများရရှိအောင် လုပ်ဆောင် ရှာဖွေခြင်းများ လုပ်ဆောင်ရွန်။
  • ကျင့်ဝတ်မှန်ကန်ပြီး ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်းလိုက်နာ ဆောင်ရွက်ကာ အရောင်းသမားကောင်း ဖြစ်အောင် လုပ်ဆောင်ရန်။

တာဝန်နှင့် ဝတ္တရားများ

အရောင်းဝန်ဆောင်မှု (၆၀%)

  • ဘဏ်အတွင်း၌ ရှိနေစဉ် မိမိဘဏ်ခွဲသို့ ရောက်ရှိလာသော Existing Customer များအပြင် New Customer ကိုပါ ၄င်းတို့၏ လိုအပ်ချက်များအား ဖော်ထုတ်နိုင်ပြီး ရင်းနှီးဖော်ရွှေစွာဝန်ဆောင်မှုပေးခြင်းဖြင့် Customer များ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် ဝန်ဆောင်မှုများနှင့် မိတ်ဆက်ပြီး အရောင်းအပြည့်အဝ ဖြစ်မြောက်အောင် ဆောင် ရွက်ရန်။
  • Customer အသစ်များ နှင့် Customer ကောင်းများ ရရှိစေရန်၊ ဘဏ်၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်ရှိလုပ်ငန်းအဆက်အသွယ်များ ၊ လက်ရှိ Customer များနှင့် ချိတ်ဆက်၍ အကောင်းဆုံးသော ရိုးမဘဏ်၏ ဘဏ်ဝန်ဆောင်မှုများဖြင့် Customer အသစ်များ ပိုမိုရရှိအောင် ဆောင်ရွက်ရန်။
  • မိမိဘဏ်ခွဲတည်ရှိရာ‌နေရာဒေသအလိုက် ဈေးကွက်စီးပွားအား အမြဲစဉ်ဆက်မပြတ်လေ့လာနေပြီး ၄င်းပတ်ဝန်း ကျင်ရှိ ဘဏ်ပြင်ပ Customer များသို့ Marketing Plan များသေချာစွာ ရေးဆွဲ၍ သွားရောက်ကာ ရိုးမဘဏ်၏ ဝန်ဆောင်မှုကောင်းများအား ပိုမိုသိရှိလာစေပြီး ရိုးမဘဏ်အား အဓိကဘဏ်အဖြစ် အသုံးပြုလာအောင် အကောင်းဆုံး ဘဏ်ဝန်ဆောင်မှုများဖြင့် အရောင်းဖြစ်မြောက်အောင်မြင်အောင် ဆောင်ရွက်ရန်။
  • ဘဏ်မှချမှတ်ထားသည့် Loan Goal နှင့် Deposit Goals များ ပြည့်မှီစေရန်အတွက် ဘဏ်တည်ရှိရာ‌ နေရာပေါ် မူတည်ပြီး Daily and Weekly Slae Plan , Sale Dashboard များဖြင့် ကောင်းမွန်စွာ ဆောင်ရွက်ရန်။
  • အထက်အရာရှိ၏ လမ်းညွှန်မှုများအားလိုက်နာပြီး မိမိဆောင်ရွက်ထားသော Weekly Sales Report အား တင်ပြ ခြင်း၊ ရောင်းချရန် ပြင်ဆင်ခြင်းများလည်းပြုလုပ်ရမည်။

Customer ဝန်ဆောင်မှု (၂၀%)

  • Customer ဝန်ဆောင်မှု အရည်အသွေးကို အမြဲတိုးတက်အောင်ဆောင်ရွက်ရန် နှင့် ဘဏ်အတွင်းနှင့်ဘဏ်အပြင်ရှိ Customer များအား ဝန်ဆောင်မှုပေးရာတွင် Customer များ၏ လိုအပ်ချက်ကို ကောင်းစွာ သိရှိနားလည်ပြီး   အရည်အသွေးပြည့်ဝမှုရှိသည့် ကောင်းမွန်သော ဝန်ဆောင်မှုများ နှင့် အကြံဉာဏ်များပေးရန်။
  • Customer များနှင့် ပတ်သက်၍ အရေးကြီးသည့် ကိစ္စရပ်များ ၊ မဖြေရှင်းရသေးသည့် ကိစ္စရပ်များရှိပါက မိမိ၏အထက် လူကြီးထံသို့ အချိန်နှင့်တပြေးညီအကြောင်းကြားခြင်း။
  • Customer များအတွက် သွက်လက်တက်ကြွသော အရောင်းဝန်ဆောင်မှုနှင့် တိကျမှန်ကန်၊ မြန်ဆန်သော ဝန်ဆောင်မှု အရည်အသွေးဖြင့် Customer ၏စိတ်ကျေနပ်မှုနှင့် စွဲမြဲမှုရရှိအောင် ဆောင်ရွက်ရန်။
  • Customer များ၏ လိုအပ်ချက်များကို အချိန် နှင့် တပြေးညီ လေ့လာ၍ မိမိဘဏ်၏ အကျိုးစီးပွား တိုးတက်အောင်မြင် လာစေရန်အတွက် Deposit Customer ‌ကောင်းများ၊ ချေးငွေ Customer ကောင်းများရရှိအောင် ဆောင်ရွက်ရန်။

ဝန်ထမ်းရေးရာ (၁၀%)

  • Customer နှင့်ကာလရှည်ကြာရှည်သောဆက်ဆံရေးတည်ဆောက်ခြင်း။
  • Customer ဝန်ဆောင်မှုအားတိုးမြှင့်နိုင်ရန်နှင့် ဘဏ်မှသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ လုပ်ဆောင်နိုင်ရန် ကောင်းမွန်သော အကြံဉာဏ်များ ၊ အဆိုပြုချက်များပေးခြင်းဖြင့် ပံ့ပိုးမှုပေးရန်။
  • Customer များ၏အကြံပေးချက်ကိုလက်ခံရယူခြင်းနှင့် အခြားဘဏ်၏ အရောင်းအဖွဲ့များကိုကြည့်၍ တိုးတက်အောင်ပြု လုပ်ခြင်း၊ (Example: Sales Cycle Approach, product process pricing Referral information)
  • Customer များနှင့် Team members များ၏ ဆွေးနွေးချက်နှင့် အကြံပေးချက်များအား အခြေခံပြီးလုပ်ငန်းခွင် တိုးတက် ကောင်းမွန်စေရန်အတွက် ဝန်ထမ်းမှတက်တက်ကြွကြွပါဝင်ဆောင်ရွက်ခြင်း။

လိုက်နာရမည့်စည်းကမ်းများ (၁၀%)

  • လုပ်ငန်းစဉ်များနှင့် အရောင်းလုပ်ငန်းများလုပ်ကိုင်ရာတွင် ဘဏ်မှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် အညီ ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်ခြင်းဖြင့် မိမိ၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရမည်။
  • ငွေကြေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (ဗဟိုဘဏ်) တို့မှ သတ်မှတ်ထားသော စည်းမျဉ်းများ၊ ညွှန်ကြားချက်များ နှင့် ကိုက်ညီအောင်ဆောင်ရွက်ရမည်။
  • မိမိတာဝန်ယူ လုပ်ဆောင်ရသည့် လုပ်ငန်းတာဝန်များ အပေါ်တွင် တာဝန်ယူမှု နှင့် တာဝန်ခံစိတ်အပြည့်ရှိရမည်။

Open To

Male/Female

Job Requirements

ပညာအရည်အချင်းနှင့်လုပ်ငန်းအတွေ့အကြုံ

အသိပညာနှင့်ကျွမ်းကျင်မှုများ

  • အလုပ်တာဝန်များကို ပြီးစီးအောင်လုပ်နိုင်ရမည်။
  • တက်တက်ကြွကြွနှင့် လုပ်ရည်ကိုင်ရည်ရှိရမည်။
  • တာဝန်ယူမှု/ တာဝန်ခံမှုအပြည့်ရှိရမည်။
  • စီးပွားရေးအမြင်ထက်မြက်မှုရှိရမည်။
  • လူအများနှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ရမည်။ အမျိုးမျိုးသော Customer များ နှင့် ကောင်းမွန်စွာ ဆက်ဆံညှိနှိုင်းတက်ရမည်။
  • အဖွဲ့အစည်းနှင့် အလုပ်လုပ်နိုင်ရမည်ဖြစ်ပြီး အချိန်ကိုကောင်းမွန်စွာစီမံနိုင်ရမည်။

ပညာအရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံ

  • ဘွဲ့ရဖြစ်ရမည်။
  • ဘဏ်လုပ်ငန်း၊ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းအတွေ့အကြုံရှိသူကို ပိုဦးစားပေး ပါမည်။
  • ဘဏ်နှင့်ပတ်သက်သည့် Sales လုပ်ငန်းအတွေ့အကြုံရှိသူကိုဦးစားပေးပါမည်။
  • Sales Targets မှီအောင်ဆောင်ရွက်နိုင်သည့်အရည်အချင်းရှိရမည်။
  • Customers Experience နှင့် Sales/Marketing အတွေ့အကြုံရှိသူ။

ကျွမ်းကျင်မှုများ

  • အပြောအဆို ကောင်းမွန်ရမည်။
  • မြန်မာစကားကျွမ်းကျင်ရမည်။
  • အင်္ဂလိပ်စကားအခြေခံနားလည်ရမည်။
  • စေ့စပ်ဆွေးနွေးခြင်းနှင့် Sales အကြောင်းသိရမည်။
  • အပြောင်းအလဲနှင့် အခွင့်အရေးကို လက်ခံနိုင်ရမည်။
  • Microsoft Excel & Word နှင့် Email အသုံးပြုနိုင်ပြီး မြန်မာစာနှင့် အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ ရိုက်နိုင်ရမည်။

What We Can Offer

Benefits

• Ferry Provided
• Mobile Phone Allowance
• Life Insurance
• Limited Medical Cover

Highlights

• Empowered Working Environment
• Diverse Team

Career Opportunities

• Learning and Development Platform
• Opportunities to Explore Multiple Career Paths