Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Cashier

Yoma Bank
| Yangon
Verified This job has been verified by the company as a real job vacancy.
20 Mar 2020
Recruiter active 1 day ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile

Cashier

Yoma Bank
Recruiter active 1 day ago The recruiter at this company was last active reviewing applications.
Myanmar - Yangon
Verified This job has been verified by the company as a real job vacancy.

Experience level

Entry Level

Job Function

Finance, Accounting, Audit

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Job Description

An Exciting Opportunity for ...

အဓိကတာဝန်

ငွေကြေးပိုင်းဆိုင်ရာလုပ်ငန်း ၊ Customer အသုံးပြုလိုသည့် ဝန်ဆောင်မှုများအား သက်ဆိုင်ရာဌာနအသီးသီးသို့ ချိတ်ဆက်ပေး၍ အကောင်းဆုံးဝန်ဆောင်မှုပေးရန်။  

 

အလုပ်၏ရည်ရွယ်ချက်

Customer များအားလွယ်ကူချောမွေ့သော ဘဏ်အတွေ့အကြုံပေးနိုင်ရန်အတွက် ငွေသွင်းငွေထုတ်ဝန်ထမ်းများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးခြင်းဖြင့် Customer များ၏လိုအပ်ချက်များကို သိရှိပြီး ၊ လိုအပ်ချက်နှင့် ကိုက်ညီအောင် အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် Customer Service Standards များကို တိုက်ရိုက်အသုံးချခြင်းဖြင့် ဘဏ်ခွဲ၏ Sales referral product target များရရှိရန် ထောက်ပံ့ပေးသွားရန်၊ Customer များအသုံးပြုလိုသည့် ဝန်ဆောင်မှုကို မြန်ဆန်စွာဝန်ဆောင်မှုပေးခြင်းဖြင့် ရှိပြီးသား Customer များကို ထိန်းသိမ်းထားရှိခြင်း ဖြင့် အောင်မြင်မှုရရှိရန်။

 

တာဝန်နှင့် ဝတ္တရားများ

လုပ်ငန်းရေးရာ - သွက်လက်တက်ကြွသော အရောင်းဝန်ဆောင်မှု (၁၀%)

Customer ၏ လိုအပ်ချက်ကို သိရှိရန် သွက်လက်တက်ကြွစွာ မေးမြန်းစုံစမ်းခြင်းများပြုလုပ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ (Sale & Service Teller ၊ Sale & Service Officer ၊ Account Manager ၊ Branch Manager ၊ etc.) အားချိတ်ဆက်ပေးခြင်းဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေးရန်.

 

Customer ဝန်ဆောင်မှု (၃၀%)

Customer များအသုံးပြုလိုသော ဝန်ဆောင်မှုများအပေါ်တွင် စိတ်ကျေနပ်မှုရှိစေရန် -

  • မိမိလုပ်ငန်းနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုအသီးသီး၏ အချက်အလက်များအား သိရှိနားလည်ပြီး သက်ဆိုင်ရာတာဝန်ရှိသူသို့ မြန်ဆန်စွာချိတ်ဆက်ပေးခြင်းဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရမည်။
  • Customer Service Standards များအားအသုံးပြု၍ ရင်းနှီးဖော်ရွေပြီး စိတ်ပါဝင်စားမှုရှိသော ဝန်ဆောင်မှုပေးရမည်။

Customer Service Standards

  • အမြဲတမ်းပြုံးပြုံးရွှင်ရွှင်ရှိခြင်း။
  • မျက်လုံးချင်းဆိုင်စကားပြောခြင်းအလေ့အထကို ကျင့်သုံးခြင်း။
  • နှုတ်ဆက်ရန် - ဖြစ်နိုင်လျှင် Customer ၏ အမည်ကိုအသုံးပြုခြင်း။
  • Transaction ကိုပြီးမြောက်အောင် ဆောင်ရွက်ပေးပြီး Customer အနေဖြင့် အခြားလိုအပ်ချက်များရှိ ၊ မရှိ မေးခြင်း။
  • ကျေးဇူးတင်စကားပြောပြီး နှုတ်ဆက်ရာတွင် Customer ၏ အမည်ကိုအသုံးပြုခြင်း။
  • အဆက်အသွယ်သစ်များရှာဖွေခြင်းနှင့် ရှိပြီးသား Customer များကို ထိန်းသိမ်းထားရှိခြင်း။

လုပ်ငန်းစဉ် (၃၅%)

  • လုပ်ငန်းများလုပ်ဆောင်ရာတွင် ဘဏ်၏လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်နိုင်ရန်။
  • တစ်နေ့တာစာရင်းပိတ်ရာတွင် အမှားအယွင်းမရှိအောင် ဆောင်ရွက်ရန်။
  • Customer မကျေနပ်မှုများကို ဖြေရှင်းပေးရန်၊ follow-up လုပ်ခြင်းနှင့် မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် သေသပ်စွာ ဖြေရှင်းပေးရန်၊ လိုအပ်လျှင် သက်ဆိုင်ရာတာဝန်ရှိသူသို့ လွှဲပြောင်းပေးရန်။
  • ငွေကြေး၊ ဘဏ်လုပ်ငန်းနှင့် ဝန်ဆောင်မှုဆိုင်ရာများကို ကျွမ်းကျင်စွာသိရှိနားလည်ရမည် ဖြစ်ပြီးဆက်လက်၍ ဖွံ့ဖြိုးတိုးတက် အောင်နှင့် ထိန်းသိမ်းဆောင်ရွက်ရန်။

လိုက်နာရမည့်နည်းလမ်းများ (၁၅%)

  • လုပ်ငန်းတာဝန်များလုပ်ဆောင်ရာတွင် ဘဏ်မှညွှန်ကြားထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ကျေပွန်စွာ လုပ်ဆောင်ရမည်ဖြစ်ပါသည်။
  • ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်ခြင်းဖြင့် မိမိ၏ လုပ်ငန်းတာဝန်များကိုကျေပွန်စွာ ထမ်းဆောင်နိုင်ရမည်။

ဝန်ထမ်းရေးရာ - အသင်းအဖွဲ့နှင့် လုပ်ဆောင်မှု (၁၀%)

  • ဘဏ်ခွဲ၏ လုပ်ငန်းစဉ်များကို ထိရောက်အကျိုးရှိစေရန်နှင့် တိုးမြှင့်လုပ်ဆောင်နိုင်ရန်။
  • Customer Service ကိုတိုးမြှင့်နိုင်ရန်နှင့် သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့် အညီ လုပ်ဆောင်နိုင်ရန် ကောင်းမွန် သော အကြံဉာဏ်များ၊ အဆိုပြုချက်များပေးခြင်းဖြင့် ပံ့ပိုးမှုပေးရန်။
  • ဘဏ်ခွဲ၏ စီမံခန့်ခွဲမှုအပိုင်းများတွင် လိုအပ်သလို ကူညီဆောင်ရွက်ပေးရန်။

Open To

Male/Female

Job Requirements

အသိပညာနှင့် ကျွမ်းကျင်မှုများ

လိုအပ်သောအသိပညာနှင့်ကျွမ်းကျင်မှုများ
(က)လူအများနှင့်ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်ရမည်။
(ခ) လုပ်ငန်းတာဝန်များအားအချိန်မှီပြီးစီးနိုင်ရမည်။
(ဂ) လုပ်ငန်းများကို အသေးစိတ်ဂရုပြုနိုင်ရမည်။ တာဝန်ယူနိုင်ရမည်။ 
(ဃ) စာအရေးအသားနှင့် စကားပြောကောင်းမွန်ရမည်။ 
(င) အရေးကြီးသော၊ အဓိကဖြစ်သောဘဏ်နှင့် ပတ်သက်သည့် လုပ်ငန်းတာဝန်များအား ပြည့်ပြည့်စုံစုံသိရှိနားလည်ထားသူဖြစ်ရမည်။ 
(စ) ငွေသွင်း၊ ငွေထုတ်ခြင်းဆိုင်ရာ တာဝန်များအတွက် ငွေကြေးကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သော အတွေ့အကြုံရှိသူဖြစ်ရမည်။
(ဆ) ၄၀ ကီလိုဂရမ်ရှိသော အလေးချိန်အား သယ်မနိုင်သူဖြစ်ရမည်။
(ဇ) စည်းမျဉ်းချိုးဖောက်သူများအားရှောင်ကျဉ်၍ ရိုးသားဖြောင့်မတ်တာဝန်သိစွာ လုပ်ကိုင် ဆောင်ရွက်ရမည်။
(ဈ) Customer သိရှိလိုသော အချက်များကိုအရေးထားအာရုံစိုက်၍ စဉ်းစားဖြေကြားပေး နိုင်ရမည်။ 
 

ပညာအရည်အချင်းနှင့် Training    

လိုအပ်သောပညာအရည်အချင်း
(က) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ။
(ခ) Microsoft Word, Microsoft Excel နှင့် Email အသုံးပြုနိုင်ရမည်။
(ဂ) အချိန် ၁ မိနစ်အတွင်း အင်္ဂလိပ်စလုံးရေ အနည်းဆုံး ၂၅ လုံးရိုက်နှိပ်နိုင်ရမည်။

 

လုပ်ငန်းအတွေ့အကြုံ    

ဦးစားပေးစဉ်းစားမည့် လုပ်ငန်းအတွေ့အကြုံ
(က) သက်ဆိုင်ရာနယ်ပယ်တွင် အတွေ့အကြုံရှိသူဦးစားပေးမည်။

 

ဘာသာစကား    

လိုအပ်သောဘာသာစကား
(က) မြန်မာဘာသာစကားကျွမ်းကျင်ရမည်။
(ခ) အင်္ဂလိပ်စာအခြေခံအသင့်အတင့် ကျွမ်းကျင်ရမည်။
 

What We Can Offer

Benefits

- Annual Performance Bonus
- OT Payment
- Ferry Provided

Highlights

  • An awesome company
  • Join a winning team
  • You can make a difference

Career Opportunities

  • Opportunities for promotion
  • Possibility for job training
  • Learn new skills and techniques
OR

Experience level

Entry Level

Job Function

Finance, Accounting, Audit

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Share with a Friend