A Big Opportunity for ...
ရာထူးအကျဉ်းဖော်ပြချက်
ဤရာထူးသည် လုပ်ငန်းဈေးကွက်ဖော်ဆောင်ရေး၊ ငွေချေးမည့်သူများစုဆောင်းရရှိရေး၊ ချေးငွေများထုတ် ပေးရန်နှင့်ပြန်လည် ကောက်ခံရေး၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေး နှင့် ပတ်သက်၍ တစ်ဦးချင်းအတွက် သတ်မှတ်ထားသောလစဉ်နှင့် နှစ်စဉ် လျာထားချက်များ ပြည့်မီရေးအတွက် တာဝန်ရှိသည်။
အဓိကတာဝန်ဝတ္တရားများ
၁။လုပ်ငန်းဈေးကွက်ဖော်ဆောင်ရေးနှင့် ငွေချေးမည့်သူများ စုဆောင်းရရှိရေးတာဝန်များ
- လုပ်ငန်းနေရာသစ်များ သတ်မှတ်ဖော်ထုတ်၍ လေ့လာဆန်းစစ်မှုများပြုလုပ်ခြင်း။
- ချေးငွေရယူရန်အလားလာရှိသူများထံ သွားရောက်၍ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအကြောင်း ရှင်းလင်း ဆွေးနွေးခြင်း။
- လုပ်ငန်းအစည်းအဝေးများ ကျင်းပခြင်းနှင့် အဖွဲ့များဖွဲ့စည်းခြင်း။
- အဖွဲ့ဝင်များအားလုံးအတွက် မဖြစ်မနေတက်ရောက်ရမည့် မူဝါဒနှင့် လုပ်ငန်းစဉ်များဆိုင်ရာသင်တန်းများ ပြုလုပ်ခြင်း။
- စုံစမ်းမေးမြန်မှုများအား ပြန်လည်ဖြေကြားခြင်းနှင့် သတင်းအချက်အလက်ဖြန့်ဝေခြင်း။
- ငွေချေးသူများ၏ကိုယ်ရေးအချက်အလက်ပုံစံများကို အပြည့်အ၀ တိကျမှန်ကန်စွာ ဖြည့်သွင်းခြင်းနှင့် လိုအပ်သော အထောက်အထားများ စုဆောင်းထားရှိခြင်း။
- ငွေးချေးသူ၏ နေအိမ်သို့သွားရောက်၍ ၎င်းပေးအပ်ထားသည့် အိမ်ထောင်စုပိုင်ဆိုင်ပစ္စည်းစာရင်း အသေးစိတ်ကို စစ်ဆေးခြင်း
- လုပ်ငန်းအကောင်အထည်ဖော်ခြင်းနှင့် ညှိုနှိုင်းဆွေးနွေးခြင်း၊ အစည်းအဝေးများ သတ်မှတ်ထားသည့်အတိုင်း အပြည့်အ၀ ကျင်းပနိုင်ရန် ဆောင်ရွက်ခြင်း
- လက်ရှိမူဝါဒအရ သတ်မှတ်ရက်နှင့်အချိန်တွင် ငွေချေးသူများ မှန်မှန်တက်ရောက်ရန်ဆောင်ရွက်ခြင်း
- အစည်းအဝေးတွင် အဖွဲ့များ၏ စာရင်းမှတ်တမ်းများကို နောက်ဆုံးအခြေအနေထိ မှတ်တမ်း ရေးသွင်းခြင်း
၂။ ငွေချေးသူများနှင့် ချေးငွေစီမံခန့်ခွဲမှုတာဝန်များ
- ချေးငွေရယူလိုသူများအားစီစစ်ရွေးချယ်ခြင်း
- ချေးငွေလျှောက်လွှာတွင် ဖော်ပြထားသော အချက်အလက်များ နှင့် ပတ်သတ်၍တွေ့ဆုံမေးမြန်းခြင်း၊ စီစစ်ခြင်းနှင့် လိုအပ်ချက်များဖြည့်စွက်နိုင်ရန် ကူညီပေးခြင်း
- လုပ်ငန်းဒေသသို့သွားရောက်ကြည့်ရှုခြင်းနှင့် ထောက်ခံမည့်သူများမှတစ်ဆင့်စစ်ဆေးခြင်း
- လုပ်ငန်း၏ငွေသားစီးဆင်းမှုနှင့် ချေးငွေပြန်ဆပ်နိုင်မှု အလားအလာ ဆန်းစစ်လေ့လာခြင်း
- ချေးငွေထုတ်ပေးရေးအတွက် အထောက်ထားများ စုဆောင်းခြင်းနှင့် စစ်ဆေးခြင်း
- ချေးငွေထုတ်ပေးပြီး ၂လ အတွင်း ချေးငွေအသုံးပြုမှုကိုစစ်ဆေးခြင်း
- လုပ်ငန်းကို ပိုမိုထိန်းကွပ်နိုင်ရေးအတွက် ငွေချေးသူများအား စောင့်ကြည့်စစ်ဆေးမှုပြုလုပ်ခြင်း
- ငွေချေးသူများအား ဆွဲဆောင်ထိန်းသိမ်းထားနိုင်ရန်နှင့် နှုတ်ထွက်မှုများနည်းပါးစေရန်ဆောင်ရွက်ခြင်း
- ငွေချေးယူသူများ၏ မေးမြန်းစုံစမ်းခြင်းများနှင့် မကျေနပ်တိုင်တန်းချက်များကို မဆိုင်းမတွဖြေရှင်းပေးခြင်း
- ထုတ်ချေးငွေစုစုပေါင်းနှင့် ပတ်သတ်၍ စီမံခန့်ခွဲခြင်း
- လုပ်ငန်းအစီအစဉ် တိုးတက်စေရန် ငွေချေးယူသူများ၊ ဒေသခံများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်ခြင်း
၃။ မှတ်တမ်းထားရှိခြင်းနှင့် လုပ်ငန်းစဉ်များ လိုက်နာဆောင်ရွက်ရေးတာဝန်များ
- ငွေချေးယူသူများနှင့် ပတ်သတ်သည့် အထောက်အထားများကို စီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ထိန်းသိမ်း ထားရှိခြင်း
- သက်ဆိုင်ရာဋ္ဌာနခွဲ၏ မန်နေဂျာ၊ ငွေကိုင်နှင့် စာရင်းကိုင်တို့ပုံမှန်စစ်ဆေးချက်များနှင့်အတူ ငွေချေးယူသူ တစ်ဦးချင်း၏ လယ်ဂျာများကို အချိန်နှင့် တပြေးညီထိန်းသိမ်းထားရှိခြင်း
- လုပ်ငန်းဒေသနှင့် ပတ်သတ်သည့် ကိစ္စရပ်များကို ဋ္ဌာနခွဲမန်နေဂျာနှင့်အတူ ဆွေးနွေးညှိနှိုင်းဖြေရှင်းပေးခြင်း
- အပ်နှံငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နေ့စဉ်အပ်နှံမှုစနစ်ဖြင့် လိုက်နာဆောင်ရွက်ခြင်း