Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Loan Officer (Mon Region)

Early Dawn Microfinance
| Mon State
Verified This job has been verified by the company as a real job vacancy.
06 Jan 2021
Recruiter active 1 week ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile

Loan Officer (Mon Region)

Early Dawn Microfinance

Loan Officer (Mon Region)

Early Dawn Microfinance
Recruiter active 1 week ago The recruiter at this company was last active reviewing applications.
Myanmar - Mon State
Verified This job has been verified by the company as a real job vacancy.

Experience level

Entry Level

Job Function

Customer Service, Support

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Job Description

An Excellent Opportunity for ...

ရာထူးအကျဉ်းဖော်ပြချက်

ဤရာထူးသည် လုပ်ငန်းဈေးကွက်ဖော်ဆောင်ရေး၊ ငွေချေးမည့်သူများစုဆောင်းရရှိရေး၊ ချေးငွေများထုတ် ပေးရန်နှင့်ပြန်လည် ကောက်ခံရေး၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေး နှင့် ပတ်သက်၍ တစ်ဦးချင်းအတွက် သတ်မှတ်ထားသောလစဉ်နှင့် နှစ်စဉ် လျာထားချက်များ ပြည့်မီရေးအတွက် တာဝန်ရှိသည်။

အဓိကတာဝန်ဝတ္တရားများ

၁။လုပ်ငန်းဈေးကွက်ဖော်ဆောင်ရေးနှင့် ငွေချေးမည့်သူများ စုဆောင်းရရှိရေးတာဝန်များ

- လုပ်ငန်းနေရာသစ်များ သတ်မှတ်ဖော်ထုတ်၍ လေ့လာဆန်းစစ်မှုများပြုလုပ်ခြင်း။

- ချေးငွေရယူရန်အလားလာရှိသူများထံ သွားရောက်၍ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအကြောင်း ရှင်းလင်း ဆွေးနွေးခြင်း။

- လုပ်ငန်းအစည်းအဝေးများ ကျင်းပခြင်းနှင့် အဖွဲ့များဖွဲ့စည်းခြင်း။

- အဖွဲ့ဝင်များအားလုံးအတွက် မဖြစ်မနေတက်ရောက်ရမည့် မူဝါဒနှင့် လုပ်ငန်းစဉ်များဆိုင်ရာသင်တန်းများ ပြုလုပ်ခြင်း။

- စုံစမ်းမေးမြန်မှုများအား ပြန်လည်ဖြေကြားခြင်းနှင့် သတင်းအချက်အလက်ဖြန့်ဝေခြင်း။

- ငွေချေးသူများ၏ကိုယ်ရေးအချက်အလက်ပုံစံများကို အပြည့်အ၀ တိကျမှန်ကန်စွာ ဖြည့်သွင်းခြင်းနှင့် လိုအပ်သော အထောက်အထားများ စုဆောင်းထားရှိခြင်း။

- ငွေးချေးသူ၏ နေအိမ်သို့သွားရောက်၍ ၎င်းပေးအပ်ထားသည့် အိမ်ထောင်စုပိုင်ဆိုင်ပစ္စည်းစာရင်း အသေးစိတ်ကို စစ်ဆေးခြင်း

- လုပ်ငန်းအကောင်အထည်ဖော်ခြင်းနှင့် ညှိုနှိုင်းဆွေးနွေးခြင်း၊ အစည်းအဝေးများ သတ်မှတ်ထားသည့်အတိုင်း အပြည့်အ၀ ကျင်းပနိုင်ရန် ဆောင်ရွက်ခြင်း

- လက်ရှိမူဝါဒအရ သတ်မှတ်ရက်နှင့်အချိန်တွင် ငွေချေးသူများ မှန်မှန်တက်ရောက်ရန်ဆောင်ရွက်ခြင်း

- အစည်းအဝေးတွင် အဖွဲ့များ၏ စာရင်းမှတ်တမ်းများကို နောက်ဆုံးအခြေအနေထိ မှတ်တမ်း ရေးသွင်းခြင်း

၂။ ငွေချေးသူများနှင့် ချေးငွေစီမံခန့်ခွဲမှုတာဝန်များ

- ချေးငွေရယူလိုသူများအားစီစစ်ရွေးချယ်ခြင်း

- ချေးငွေလျှောက်လွှာတွင် ဖော်ပြထားသော အချက်အလက်များ နှင့် ပတ်သတ်၍တွေ့ဆုံမေးမြန်းခြင်း၊ စီစစ်ခြင်းနှင့် လိုအပ်ချက်များဖြည့်စွက်နိုင်ရန် ကူညီပေးခြင်း

- လုပ်ငန်းဒေသသို့သွားရောက်ကြည့်ရှုခြင်းနှင့် ထောက်ခံမည့်သူများမှတစ်ဆင့်စစ်ဆေးခြင်း

- လုပ်ငန်း၏ငွေသားစီးဆင်းမှုနှင့် ချေးငွေပြန်ဆပ်နိုင်မှု အလားအလာ ဆန်းစစ်လေ့လာခြင်း

- ချေးငွေထုတ်ပေးရေးအတွက် အထောက်ထားများ စုဆောင်းခြင်းနှင့် စစ်ဆေးခြင်း

- ချေးငွေထုတ်ပေးပြီး ၂လ အတွင်း ချေးငွေအသုံးပြုမှုကိုစစ်ဆေးခြင်း

- လုပ်ငန်းကို ပိုမိုထိန်းကွပ်နိုင်ရေးအတွက် ငွေချေးသူများအား စောင့်ကြည့်စစ်ဆေးမှုပြုလုပ်ခြင်း

- ငွေချေးသူများအား ဆွဲဆောင်ထိန်းသိမ်းထားနိုင်ရန်နှင့် နှုတ်ထွက်မှုများနည်းပါးစေရန်ဆောင်ရွက်ခြင်း

- ငွေချေးယူသူများ၏ မေးမြန်းစုံစမ်းခြင်းများနှင့် မကျေနပ်တိုင်တန်းချက်များကို မဆိုင်းမတွဖြေရှင်းပေးခြင်း

- ထုတ်ချေးငွေစုစုပေါင်းနှင့် ပတ်သတ်၍ စီမံခန့်ခွဲခြင်း

- လုပ်ငန်းအစီအစဉ် တိုးတက်စေရန် ငွေချေးယူသူများ၊ ဒေသခံများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်ခြင်း

၃။ မှတ်တမ်းထားရှိခြင်းနှင့် လုပ်ငန်းစဉ်များ လိုက်နာဆောင်ရွက်ရေးတာဝန်များ

- ငွေချေးယူသူများနှင့် ပတ်သတ်သည့် အထောက်အထားများကို စီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ထိန်းသိမ်း ထားရှိခြင်း

- သက်ဆိုင်ရာဋ္ဌာနခွဲ၏ မန်နေဂျာ၊ ငွေကိုင်နှင့် စာရင်းကိုင်တို့ပုံမှန်စစ်ဆေးချက်များနှင့်အတူ ငွေချေးယူသူ တစ်ဦးချင်း၏ လယ်ဂျာများကို အချိန်နှင့် တပြေးညီထိန်းသိမ်းထားရှိခြင်း

- လုပ်ငန်းဒေသနှင့် ပတ်သတ်သည့် ကိစ္စရပ်များကို ဋ္ဌာနခွဲမန်နေဂျာနှင့်အတူ ဆွေးနွေးညှိနှိုင်းဖြေရှင်းပေးခြင်း

- အပ်နှံငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နေ့စဉ်အပ်နှံမှုစနစ်ဖြင့် လိုက်နာဆောင်ရွက်ခြင်း

Open To

Male/Female

Job Requirements

လိုအပ်သော ပညာအရည်အချင်း

- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရ ရှိပြီးသူဖြစ်ရမည် ။ လုပ်ငန်းအတွေ့အကြုံ မရှိသေးသူများလည်း လျောက်ထားနိုင်ပါသည်။

- ဖွံ့ဖြိုးရေးလုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။

- လုပ်ငန်းဆောင်ရွက်မည့် ဒေသတွင်နေထိုင်သူဖြစ်ပြီး အသေးစားလုပ်ငန်းများနှင့် ရပ်ရွာလူထုနှင့် ဆက်သွယ် ဆောင်ရွက်သည့် လုပ်ငန်းအကြောင်းသိရှိသူဖြစ်ရမည်

- မှတ်တမ်းထိန်းသိမ်းခြင်းနှင့် ကိန်းဂဏန်း၊ စာရင်းဇယား ကျွမ်းကျင်သူဖြစ်ရမည်

- လုပ်ငန်းဆောင်ရွက်ရန်အတွက် ခြေကျင်၊ ဘတ်စ်ကား၊ မော်တော်ဆိုင်ကယ် စသည်တို့ဖြင့်သွားလာနိုင်သူ ဖြစ်ရမည်

- ဆက်သွယ်ပြောဆိုမှုစွမ်းရည် ကောင်းမွန်သူဖြစ်ရမည်။ စီမံကိန်းရှိသည့် နေရာဒေသမရွေးသွားလာနိုင်ရမည်။

What We Can Offer

Benefits

* Medical Benefits & Insurance
* Travel Allowance
* Other Benefits
* Working Days => Monday to Friday

Highlights

* Fun Working Environment
* Join an experienced team

Career Opportunities

Training Provided