Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Officer - Branch Operations (Head Office)

Yoma Bank
Thanlyin | Yangon
Verified This job has been verified by the company as a real job vacancy.
29 Dec 2022
Recruiter active 1 day ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Officer - Branch Operations (Head Office)
Yoma Bank, Thanlyin | Yangon

Officer - Branch Operations (Head Office)

Yoma Bank

Officer - Branch Operations (Head Office)

Yoma Bank
Recruiter active 1 day ago The recruiter at this company was last active reviewing applications.
Myanmar - Yangon
Verified This job has been verified by the company as a real job vacancy.

Experience level

Experienced Non-Manager

Job Function

Project, Operations Management

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Job Description

A Good Opportunity for ..

အဓိကတာဝန်များ

ဘဏ်ခွဲများနှင့် နီးကပ်စွာအလုပ်လုပ်၍ လိုအပ်သော Operations နှင့် Core Banking System Support များကိုပေးခြင်း၊ ဘဏ်ခွဲများ၌ လုပ်ငန်းဆောင်ရွက်ရာတွင် မြန်ဆန်လွယ်ကူစေရန်နှင့် တစ်သမတ်တည်းဖြစ်စေရန်အတွက် Standard Operation Procedures (SOP) များ၊ User Manual များ ရေးသားခြင်း၊ Back-Office Operations အနေဖြင့် ရုံးချုပ်ဌာနမှ ပေးပို့လာသော Transaction များဆောင်ရွက်ပေးခြင်း

 

Core Banking System

  • ရိုးမဘဏ်၌ လက်ရှိအသုံးပြုနေသော Core Banking System အား လေ့လာသင်ယူ၍ ဘဏ်ခွဲများတွင် ဖြစ်ပေါ်လာသော System နှင့်ပတ်သက်သည့် အခက်အခဲနှင့် ပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ရမည်။
  • Core Banking System အသုံးပြုပုံနှင့် ပတ်သက်သည့် User Manaul များနှင့် Standard Operation Procedures (SOP) များအား ဘဏ်ခွဲများမှ အလွယ်တကူ သဘောပေါက်နားလည်အောင် ရေးနိုင်စွမ်းရှိရမည်။
  • New Feature, Function, Service နှင့် Product များအတွက် UAT တွင် Testing ပြုလုပ်ခြင်း၊ Key Control များ ပါ/မပါ စစ်ဆေးခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့်ကိစ္စများကို ဘဏ်ခွဲများသို့ ညွှန်ကြားခြင်းများပြုလုပ်နိုင်ရမည်။

Branch Operation

  • ဘဏ်ခွဲဝန်ဆောင်မှုများဖြစ်သည့် (ငွေလွှဲခြင်း၊ စာရင်းအသစ်ဖွင့်လှစ်ခြင်း၊ Mobile Banking ပြုလုပ်ပေးခြင်း၊ Debit Card များထုတ်ပေးခြင်း) အစရှိသည့် ဝန်‌ဆောင်မှုများအား လေ့လာသင်ယူ၍ ဆောင်ရွက်နိုင်စွမ်းရှိရမည်။
  • ဘဏ်ခွဲများမှ အခက်အခဲရှိသဖြင့် မေးမြန်းလာသော ဘဏ်ခွဲ Operation Process များကို စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြ လမ်းညွှန်မှုပေးနိုင်ရမည်။
  • ဘဏ်ခွဲ Operation နှင့် ပတ်သက်သည့် ညွှန်ကြားစာများနှင့် Standard Operation Procedures (SOP) များအား ဘဏ်ခွဲများမှ အလွယ်တကူ သဘောပေါက်နားလည်အောင် ရေးနိုင်စွမ်းရှိရမည်။

Project

  • တာဝန်ပေးအပ်လိုက်သည့် Project များကို အထက်လူကြီးမှ သတ်မှတ်ပေးလိုက်သော အချိန် (သို့မဟုတ်) မိမိမှ ပြီးမြောက်မည်ဟု ကတိပြုထားသော အချိန်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရမည်။
  • လက်ရှိဘဏ်ခွဲ၌ အသုံးပြုနေသော Process နှင့် Procedure များအား ထိရောက်မှုနှင့် အကျိုး ရှိ/မရှိ ကို သုံးသပ်၍ ပိုမိုထိရောက် အကျိုးရှိသော Process နှင့် Procedure များအဖြစ် ပြောင်းလဲရန်အတွက် အကြံပေးနိုင်ရမည်။

အခြား

  • လုပ်ငန်းလိုအပ်ချက်အရ အလုပ်တာဝန်အသစ်များ ထပ်မံပေးအပ်လာပါက တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရမည်။
  • ဘဏ်နှင့် မိမိ Team အတွင်း ချမှတ်ထားသောလုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများအား လေးစား လိုက်နာပြီး၊ မိမိအား ပေးအပ်ထားသော အလုပ်တာဝန်များကို အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။
  • မိမိတာဝန်ယူ လုပ်ဆောင်ရသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် တာဝန်ယူမှုနှင့် တာဝန်ခံမှု အပြည့်အဝ ရှိရမည်။
  • Meeting များတွင် တက်ကြွစွာ ပါဝင်ဆွေးနွေးပြီး၊ ဆုံးဖြတ်ချက်ချခဲ့သည့် အဓိကအချက်များကို Meeting Minutes အဖြစ် ရေးမှတ်ထားနိုင်ရမည်။
  • မိမိစတင်ထားသော အလုပ်များကို အချိန်မီပြီးစီးစေရန် သက်ဆိုင်ရာဌာနများသို့ အမြဲတစေ Follow-up ပြုလုပ်နိုင် ရမည်။
  • အဆက်မပြတ် သင်ယူလိုစိတ်ရှိပြီး၊ “Can-do Attitude” ဖြင့်တာဝန်ထမ်းဆောင်နိုင်ရမည်။

Open To

Male/Female

Job Requirements

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမည်။
  • ဝန်ထမ်း လုပ်သက် အနည်းဆုံး (၂) နှစ် ရှိရမည်။
  • Banking နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံရှိပါက ဦးစားပေးမည်။
  • လူအများနှင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရမည်။ လိုက်လျော် ညီထွေ နေနိုင်ရမည်။
  • Team အတွင်းကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုစွမ်းရည် ရရှိရန် ရှင်းလင်း ပြတ်သားသော၊ ထိရောက်သော နည်းဖြင့် ပြောဆိုဆက်သွယ်နိုင်ရမည်။
  • Team Member များကိုအလုပ်နှင့် ပတ်သက်သော အတွေးအခေါ်များနှင့် အဓိက သတင်းအချက်အလက်များကို အမြဲ မျှဝေနိုင်ရမည်။
  • မြန်မာဘာသာကို ကျွမ်းကျင်စွာ ရေးတတ်၊ ဖတ်တတ် ရမည်။
  • အင်္ဂလိပ်စာကို အသင့်အတင့် ရေးတတ်၊ ဖတ်တတ် ရမည်။

What We Can Offer

Benefits

• Ferry Provided
• Mobile Phone Allowance
• Life Insurance
• Limited Medical Cover

Highlights

• Empowered Working Environment
• Diverse Team

Career Opportunities

• Learning and Development Platform
• Opportunities to Explore Multiple Career Paths