Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Team Leader (Credit Risk Department)

Yoma Bank
| Yangon
Verified This job has been verified by the company as a real job vacancy.
06 Nov 2019
Recruiter active 3 days ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Team Leader (Credit Risk Department)
Yoma Bank, | Yangon

Team Leader (Credit Risk Department)

Yoma Bank

Team Leader (Credit Risk Department)

Yoma Bank
Recruiter active 3 days ago The recruiter at this company was last active reviewing applications.
Myanmar - Yangon
Verified This job has been verified by the company as a real job vacancy.

Experience level

Experienced Non-Manager

Job Function

Finance, Accounting, Audit

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Job Description

An Exciting Opportunity for ...

အလုပ်၏ရည်ရွယ်ချက်
- ရိုးမဘဏ်၏ ချေးငွေဆိုင်ရာ အချက်အလက်များ မှန်ကန်မှု ရှိ၊မရှိ သုံးသပ်ပြီး ခွင့်ပြုရန်နှင့် ဌာနတွင်းရှိ သက်ဆိုင်ရာ အဖွဲ့များအား စီမံခန့်ခွဲရာတွင် ကြီးကြပ်ဆောင်ရွက်ရန်ဖြစ်သည်။

အလုပ်၏ အဓိကတာဝန်များ
- ဘဏ်ခွဲမှတင်ပြလာသော ချေးငွေအမှုတွဲအား စိစစ်အကဲဖြတ်ခွင့်ပြုရာ လုပ်ငန်းအဆင့်ဆင့်တွင် ဌာနတွင်းရှိ သက်ဆိုင်ရာ အဖွဲ့များအား ဦးဆောင်စီမံခန့်ခွဲပြီး ကြီးကြပ်လမ်းညွှန်ခြင်း။
- ဘဏ်၏ ချေးငွေမူဝါဒ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဝါဒ၊ ချေးငွေလုပ်ထုံးလုပ်နည်းများ၊ ဗဟိုဘဏ်၏ ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များကို သဘောပေါက်နားလည်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်၊
- ချေးငွေလျှောက်ထားသူ၏ အခြားဘဏ်ချေးငွေစာရင်းရှင်းတမ်းများနှင့် Financial Statement များ စိစစ်သုံးသပ် ချက်၊ ICR, DCR နှင့် အခြား Ratio များ၊ Financial Statement နှင့် Inspection Report တွင် ကွဲလွဲချက်များအား ဌာနတွင်းသက်ဆိုင်ရာအဖွဲ့များက လေ့လာသုံးသပ်ရာတွင် လိုအပ်ချက်များကို လမ်းညွှန်ပြသရန်၊
- ဌာနတွင်းသက်ဆိုင်ရာအဖွဲ့များမှ Financial Report နှင့် Inspection Report ကိုက်ညီမှု ရှိ/မရှိ၊ အခွန်ဆောင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ လုပ်ငန်းလိုင်စင်များစုံလင်မှု မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ Inspection Report, Loan Summary Form, Photos တို့မှ တစ်ဆင့် လုပ်ငန်းအခြေအနေကို စိစစ်ခြင်း၊ ချေးငွေအသုံးပြုမည့် အစီအစဉ်၊ ချေးငွေ ပြန်လည်ပေးဆပ်နိုင်ချေတို့ကို စိစစ်သုံးသပ်ရာတွင် ကြီးကြပ်ညှန်ကြားရန်၊ ကွဲလွဲချက်များ၊ လိုအပ်ချက်များရှိပါက စီမံဆောင်ရွက်ရန်၊
- ဌာနတွင်းသက်ဆိုင်ရာအဖွဲ့များမှ အာမခံမြေနှင့် အဆောက်အဦးအတွက် ရာဖြတ်တန်ဖိုးများအား Stress Test တွက်ချက်ခြင်း၊ ရာြဖတ်တန်ဖိုးများ သင့်/မသင့်၊ ရာဖြတ်အစီရင်ခံစာ မှန်ကန်မှုရှိ/မရှိ၊ Land Price Data တွင် စစ်ဆေးခြင်းနှင့် အခြားပြင်ပသတင်းအရင်းအမြစ်များမှ လေ့လာစုံစမ်းပြီး အကဲဖြတ်ခြင်း၊ Lawyer Report အား သေချာစွာ စစ်ဆေးခြင်းနှင့် အာမခံအဖြစ်ပေးအပ်ထားသော မြေနှင့်အဆောက်အဦး၏ ပိုင်ဆိုင်မှု စာရွက်စာတမ်း အထောက်အထားများအား စိစစ်သုံးသပ်ရာတွင် ကြီးကြပ်ညွှန်ကြားရန်၊ ကွဲလွဲချက်များ၊ လိုအပ်ချက်များ ရှိပါက စီမံဆောင်ရွက်ရန်။
- ဌာနတွင်း သက်ဆိုင်ရာ အဖွဲ့များမှ ဝန်ထမ်းများမှ တာဝန်သတ်မှတ်ပေးခြင်း၊ ၎င်းတို့အား ချမှတ်ထားသော တာဝန်များ ကျေပွန်စွာထမ်းဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ လိုအပ်သည်များကို ညွှန်ကြားပေးခြင်း၊ မိမိဝန်ထမ်းများအား လုပ်ကိုင်မှုစွမ်းရည်မြင့်မားစေရန် အနီးကပ်ကြီးကြပ်သင်ကြားပေးခြင်း၊ ဌာန၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက် စေရန် စီမံဆောင်ရွက်ခြင်း။
- ချေးငွေနှင့် သက်ဆိုင်သော အခက်အခဲပြဿနာများ၊ ဌာနအတွင်း စီမံခန့်ခွဲမှု၊ အခြားဌာနများ သို့မဟုတ် ပြင်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ဆောင်ရွက်ခြင်း။
- Fusion Banking Essence (FBE) Core Banking System တွင် Loan Origination Module မှ တစ်ဆင့် လျှောက်ထားသည့် ချေးငွေဆိုင်ရာ အချက်အလက်များအား ချေးငွေအမှုတွဲပါ အချက်အလက်များဖြင့် တိုက်ဆိုင် စစ်ဆေးခြင်းနှင့် ချေးငွေစာရင်းအား FBE တွင် Loan Set Up ဖြစ်သည်အထိ ဆောင်ရွက်ခြင်းအပါအဝင် အခြား စိစစ်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန် FBE System ကို ကျွမ်းကျင်စွာနားလည် အသုံးပြုနိုင်ခြင်း။
- အခါအားလျော်စွာ ဌာနတာဝန်ခံ၊ ဒုတိယတာဝန်ခံ ၊ အကြီးတန်းမန်နေဂျာနှင့် မန်နေဂျာများမှ ပေးအပ်သော တာဝန်များကို ဆောင်ရွက်ပေးခြင်း။

Open To

Male/Female

Job Requirements

လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်မှုများ
• လူအများနှင့် ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်ပြီး ဘဏ်ခွဲများ၊ သက်ဆိုင်ရာ ရုံးဌာန များနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် အဆင်ပြေစွာ ပြောဆိုဆက်ဆံရမည်။
• လုပ်ငန်းတာဝန်များအား အချိန်မှီပြီးစီးနိုင်ရမည်။
• လုပ်ငန်းများကို အသေးစိတ်ဂရုပြုနိုင်ရမည်။ တာဝန်ယူနိုင်ရမည်။
• စာအရေးအသားနှင့် စကားပြောကောင်းမွန်ရမည်။
• အဖွဲ့အစည်းနှင့် ကောင်းမွန်စွာ အလုပ်လုပ်နိုင်၍ အချိန်နှင့် တပြေးညီ စီမံခန့်ခွဲနိုင်မှု ကောင်းမွန်ရမည်။
• အရေးကြီးသော ၊ အဓိကဖြစ်သော လုပ်ငန်းတာဝန်များအား သိရှိနားလည် နိုင်ရမည်။

လိုအပ်သော ပညာအရည်အချင်း
• စီးပွားရေး တက္ကသိုလ် ဘွဲ့ရဖြစ်ရမည်။ (သို့) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ ဖြစ်ရမည်။ LCCI Level I, II (သို့) စီးပွားရေး Diploma တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။
• Advanced Microsoft Excel & Word နှင့် Email အသုံးပြုနိုင်ရမည်။

လိုအပ်သောလုပ်ငန်းအတွေ့အကြုံ
• မိမိလျှောက်ထားသောရာထူးနှင့် ကိုက်ညီသော လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိရမည်။

ဘာသာစကားများ
လိုအပ်သောဘာသာစကား
(က) မြန်မာဘာသာစကား ကျွမ်းကျင်ရမည်။
ဦးစားပေးစဉ်းစားမည့် ဘာသာစကား
(က) အင်္ဂလိပ်စာ အခြေခံအသင့်အတင့် ကျွမ်းကျင်ရမည်။

*စကာတင်စာရင်းတွင် ပါဝင်သူများသာ အင်တာဗျူးအတွက်ဆက်သွယ်ခံရမည်ဖြစ်ပါသည်*

What We Can Offer

Benefits

- Annual Performance Bonus
- OT Payment
- Ferry Provided

Highlights

- An awesome company
- Join a winning team
- You can make a difference

Career Opportunities

- Opportunities for promotion
- Possibility for job training
- Learn new skills and techniques