ချေးငွေစာချုပ် ဆောင်ရွက်ခြင်း - ချေးငွေစာချုပ်များကို ပြင်ဆင်ခြင်း၊ ဥပဒေနှင့်အညီ မှန်ကန်မှုရှိစေခြင်းနှင့် လက်မှတ်မထိုးမီ ဝယ်ယူသူအား စည်းကမ်းချက်များကို သေချာစွာ ရှင်းပြခြင်း။ မဟာဗျူဟာကျကျ ငွေကောက်ခံခြင်း - ဝယ်ယူသူ၏ ငွေပေးချေမှုအလေ့အထပေါ်မူတည်၍ ကောက်ခံမည့်နည်းလမ်းများကို စီမံခြင်း။ ရက်လွန်စာရင်းများနှင့် ကြွေးကျန်များကို နေ့စဉ် စောင့်ကြည့်စစ်ဆေးခြင်း။ ကွင်းဆင်းစီမံခန့်ခွဲခြင်း - ဝယ်ယူသူများ၏ စိုက်ခင်း/နေအိမ်များသို့ ပုံမှန်ကွင်းဆင်း၍ ငွေကောက်ခံခြင်း၊ အာမခံပစ္စည်းများ စစ်ဆေးခြင်းနှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ခြင်း။ ငွေကြေးသုံးသပ်ခြင်း - ဝယ်ယူသူ၏ ဝင်ငွေရလမ်း (သီးနှံပေါ်ချိန်၊ မွေးမြူရေး) ကို သုံးသပ်၍ ပြန်ဆပ်နိုင်စွမ်းကို တွက်ချက်ခြင်းနှင့် အခက်အခဲကြုံချိန်တွင် ငွေပြန်ဆပ်နိုင်မည့် နည်းလမ်းများကို ကူညီရှာဖွေပေးခြင်း။ အာမခံနှင့် မှတ်တမ်းထိန်းသိမ်းခြင်း - အာမခံပစ္စည်းများ (မြေဂရန်/ပိုင်ဆိုင်မှုစာရွက်စာတမ်း) ကို စစ်ဆေး၍ စနစ်တကျသိမ်းဆည်းခြင်း။ ဆွေးနွေးမှုများနှင့် ငွေပေးချေမှုအစီအစဉ်များကို System ထဲတွင် တိကျစွာ မှတ်တမ်းတင်ခြင်း။ ကြွေးကျန်ပြန်လည်ရရှိရေး - ငွေပေးချေမှု နောက်ကျနေသူများနှင့် ညှိနှိုင်း၍ ငွေပေးသွင်းမှုပုံစံ ပြောင်းလဲခြင်း (Restructure) နှင့် ကုမ္ပဏီမူဝါဒ/ဥပဒေများနှင့်အညီ ကြွေးဆုံးပြန်လည်ရရှိရေး ဆောင်ရွက်ခြင်း။ အစီရင်ခံခြင်း - ငွေကောက်ခံရရှိမှု၊ လက်ကျန်စာရင်းနှင့် ရက်လွန်စာရင်းများ၏ အခြေအနေကို ပုံမှန် အစီရင်ခံစာတင်ပြခြင်း။ Loan Origination: Prepare loan contracts, ensure legal accuracy, and clearly explain terms and conditions to customers before signing. Strategic Collections: Plan and execute collection strategies based on client payment behavior. Track delinquent accounts daily to identify outstanding balances and arrears. Field Management: Conduct regular field visits to customer farms/homes to collect payments, inspect collateral, and maintain relationships. Financial Analysis: Analyze the client’s source of income (harvest cycles, livestock) to assess repayment ability and assist them in recovering loan balances during difficult times. Collateral & Compliance: Verify and safely record collateral documents (land titles/assets). Ensure all client conversations and payment plans are accurately recorded in the system. Recovery: Negotiate with delinquent customers to restructure payments where necessary and manage the recovery of bad debts in accordance with company policy and Myanmar laws. Reporting: Prepare regular reports on collection performance, portfolio status, and default accounts for the management team.