X
Verified This Company has been
Verified or Registered as Real.

S.A.M Myanmar

Verified This Company has been
Verified or Registered as Real.
This Company has been
Verified or Registered as Real.
အကြောင်းအရာ
အကြောင်းအရာ S.A.M Myanmar

အလုပ်ရှင်၏ အသေးစိတ်အချက်အလက်များ

  • အမျိုးအစား: Direct Employer
  • လုပ်ငန်းအမျိုးအစားများ: Education/Training
  • ဝန်ထမ်းအရေအတွက်: 11 to 20

လိပ်စာ

10/B, Kanbawza Street, Golden Valley (1), Bahan Township Yangonbauk, Yangon, Burma 11201,ရန်ကုန်တိုင်း, Myanmar

ကျွန်တော်တို့ ဘာတွေလုပ်သလဲ

SAM Singapore Math Myanmar ကျောင်းသည် Singapore မှ Franchise ယူထားသော ကျောင်းတစ်ခုဖြစ်ပါတယ်။ United Sates, Singapore, Australia, Canada, NewZealand, Thailand, Malaysia, HongKong, UAE, South Africa စသည့်နိုင်ငံကြီးများနှင့်အခြားနိုင်ငံများတွင်လဲ ကျောင်းခွဲပေါင်းများစွာရှိပြီး Internationally Recognized ကျောင်းတစ်ခုဖြစ်ပါတယ်။

Singapore Math Curriculum သင်ကြားပြီးထူးချွန်ကျောင်းသားကျောင်းသူများသည် International Ranking တွင် ၂၀၀၃ ခုနှစ်မှစတင်ကာ ထိပ်ဆုံးနေရာရှိနေသည်မှာ ယခုထပ်တိုင်ဖြစ်ပါတယ်။ SAM Singapore Math သည်လည်း ထိုသင်ရိုးနှင့်ရာနှုန်းပြည့်ကိုက်ညီသော သင်ရိုးဖြစ်ပါတယ်။ Singapore Math Curriculum ဖြစ်သည့်အတွက် Singapore တွင်ကျောင်းတက်ရန် ဝင်ခွင့်စာမေးပွဲဖြစ်သည့် AEIS Exam အတွက်လဲ ပြင်ဆင်​ပေးသောအတန်းများရှိပါတယ်။

SAM သည် မြန်မာနိုင်ငံတွင် 2018 ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့ပြီး Franchise SOP များကို သေချာလိုက်နာ၍ ဖွင့်လှစ်သင်ကြားပေးသောကျောင်းဖြစ်ပါတယ်။ Printed Math Booklets များထုတ်ဝေပေးပြီး Small Group Class, Individual class များကို Online and In-person အတန်းများဖွင့်လှစ်၍ အတွေ့အကြုံရှိ SAM Certified Teachers များမှသင်ကြားပေးလျက်ရှိပါတယ်။

သင်္ချာစွမ်းရည်တိုးတက်မှု စဉ်ဆက်မပြတ်စစ်ဆေးမှုများအတွက် Topical Test, Term Review and Mid-Term Test ပါဝင်ခြင်း၊ Concept များ၊ Logical Reasoning, Mental Calculations, Problem Solving, Heuristic ပုစ္ဆာများ များစွာပါဝင်မှုကြောင့် ကျောင်းသားကျောင်းသူတို့၍ Math Foundation ကိုခိုင်မာစေသည့်အပြင် လက်တွေ့ဘဝနှင့်အမြဲထိတွေ့ဆက်စပ်သောနေင်္သချာတွင်လဲ ထူးချွန်စေပြီး မိမိကိုယ်ကိုယုံကြည်မှုများပွါးတိုးစေသောအတန်းဖြစ်ပါတယ်ရှင့်။
S.A.M Myanmar ဆုများ