X
Verified This Company has been
Verified or Registered as Real.

Pretty Paragon Textile Company Limited

Verified This Company has been
Verified or Registered as Real.
This Company has been
Verified or Registered as Real.
အကြောင်းအရာ
အလုပ်များ 4
အကြောင်းအရာ Pretty Paragon Textile Company Limited

အလုပ်ရှင်၏ အသေးစိတ်အချက်အလက်များ

  • အမျိုးအစား: Direct Employer
  • လုပ်ငန်းအမျိုးအစားများ: Agriculture/Forestry/Fishing, Clothing/Garment/Textile, Retail/Wholesale, Trading/Dis...
  • ဝန်ထမ်းအရေအတွက်: 51 to 100

လိပ်စာ

643, Lower Kyee Myin Daing Road, Baw Ga Quarter, 11101,ရန်ကုန်တိုင်း, Myanmar

ကျွန်တော်တို့ ဘာတွေလုပ်သလဲ

Born from true entrepreneurial spirit Pretty Paragon Textile Co., Ltd. came to life with the purpose to help clothe the women of Myanmar with quality fabrics. Our journey started in 2003 when we first introduced our first textile product Beauty Queen.
As the company grew, so did our strategy. In 2012, we outsourced our production and launched printed batik brands Beauty Queen Premium, Beauty Queen Lady, Beauty Queen Silk, Beauty Queen Star and Beauty Queen Style. These brands offered textiles that are lower in price but higher in quality compared to our competitors. We later introduced new products such as Batik Tulis, Mode Bali, Keris Mas, Fashion Star and Nazar to meet the needs of our different consumer segments.
We will always try to put our consumers’ needs first and provide the products that are most suitable for them. We work hard to let our customers get the quality that they are paying for. Our aim is to help women from all level of income feel beautiful.

MISSION
To provide high-quality textile, with to the best designs, to the women of Myanmar at the best price possible.

VISION
To become the leading player in the textile industry in Myanmar.
All Pretty Paragon Textile Company Limited Jobs
Yangon
လွန်ခဲ့သော 2ရက်
၁။ ကုမ္ပဏီ၏ နေ့စဉ်ဘဏ္ဍာရေးနှင့် စာရင်းကိုင်လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ပြီး စာရင်းအချက်အလက်များ တိကျမှန်ကန်မှု၊ ပြည့်စုံမှုရှိစေရန် နှင့် ကုမ္ပဏီ၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရမည်။ ၂။ နေ့စဉ် ငွေဝင်ငွေထွက်စာရင်းများ၊ ဘဏ်စာရင်းများ၊ ပေးရန်ရှိငွေစာရင်းများ (Accounts Payable) နှင့် ရရန်ရှိငွေစာရင်းများ (Accounts Receivable) ကို စစ်ဆေးထိန်းသိမ်းနိုင်ရမည်။ ၃။ Cash Sales၊ Mobile Banking၊ QR Payment နှင့် Cashier Closing Report များကို တိုက်ဆိုင်စစ်ဆေးပြီး စာရင်းကွာဟမှုများရှိပါက ဖော်ထုတ်စစ်ဆေးနိုင်ရမည်။ ၄။ နေ့စဉ်အရောင်းစာရင်း၊ လစဉ်အရောင်းစာရင်း နှင့် အသုံးစရိတ်စာရင်းများကို ပြုစု၍ သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်မီ တင်ပြနိုင်ရမည်။ ၅။ ကုန်ပစ္စည်းလက်ကျန်စာရင်းများဖြစ်သည့် Stock In/Out၊ Stock Transfer၊ Return နှင့် Stock Adjustment စာရင်းများကို စစ်ဆေးကြီးကြပ်နိုင်ရမည်။ ၆။ လက်တွေ့ကုန်ပစ္စည်းလက်ကျန် အရေအတွက် (Physical Stock Count) နှင့် စနစ်အတွင်းရှိ ကုန်ပစ္စည်းလက်ကျန်စာရင်း (System Stock Balance) တို့ကို တိုက်ဆိုင်စစ်ဆေးပြီး ကွာဟမှုများရှိပါက စုံစမ်းဖော်ထုတ်နိုင်ရမည်။ ၇။ Supplier Payable၊ Customer Receivable နှင့် ငွေပေးချေမှုမှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းစစ်ဆေးပြီး သက်ဆိုင်ရာစာရင်းများကို တိုက်ဆိုင်ညှိနှိုင်းနိုင်ရမည်။ ၈။ လစဉ်ဘဏ္ဍာရေးရှင်းတမ်း (Financial Statement)၊ အရှုံးအမြတ်စာရင်း (Profit & Loss Report) နှင့် ငွေသားစီးဆင်းမှုစာရင်း (Cash Flow Report) များကို ပြုစု၍ အထက်အရာရှိများထံ တင်ပြနိုင်ရမည်။ ၉။ စာရင်းကွာဟမှုများ နှင့် ဘဏ္ဍာရေးဆိုင်ရာ မမှန်ကန်မှုများကို စစ်ဆေးဖော်ထုတ်ပြီး လိုအပ်သော ပြင်ဆင်ဆောင်ရွက်မှုများကို အကြံပြုနိုင်ရမည်။ ၁၀။ စာရင်းကိုင်ဆိုင်ရာ စာရွက်စာတမ်းများ၊ ဘဏ္ဍာရေးမှတ်တမ်းများ နှင့် သက်ဆိုင်ရာအထောက်အထားများကို စနစ်တကျ စုစည်းထိန်းသိမ်းထားနိုင်ရမည်။
Yangon
လွန်ခဲ့သော 3ရက်
၁။ ဌာနအသီးသီးရှိ လစ်လပ်ဝန်ထမ်းနေရာများအတွက် ဝန်ထမ်းခေါ်ယူရေးလုပ်ငန်းများကို စီမံညှိနှိုင်းဆောင်ရွက်ခြင်း။ သတင်းစာ၊ စာစောင်များနှင့် အခြားကြော်ငြာမီဒီယာများတွင် အလုပ်ခေါ်ယူရေးကြော်ငြာများ ထည့်သွင်းခြင်း၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနှင့် ဆက်သွယ်ခြင်း၊ အလုပ်လျှောက်လွှာများ လက်ခံခြင်း၊ စိစစ်ရွေးချယ်ခြင်း နှင့် သင့်လျော်သော ကိုယ်စားလှယ်လောင်းများကို ဝန်ထမ်းရေးရာမန်နေဂျာထံ တင်ပြခြင်း။ ၂။ ပဏာမလူတွေ့စစ်ဆေးရန် ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းများအား ဆက်သွယ်၍ လူတွေ့စစ်ဆေးမည့် ရက်၊ အချိန် နှင့် နေရာတို့ကို အသိပေးခြင်း၊ လိုအပ်သော စာရွက်စာတမ်းမူရင်းများ နှင့် မိတ္တူများ ယူဆောင်လာရန် ကြိုတင်အကြောင်းကြားခြင်း။ ၃။ လူတွေ့စစ်ဆေးရန် ရောက်ရှိလာသော ကိုယ်စားလှယ်လောင်းများကို မှတ်တမ်းတင်ခြင်း၊ လိုအပ်သော စာရွက်စာတမ်းများကို စစ်ဆေးခြင်း၊ သတ်မှတ်ထားသော ရေးဖြေစာမေးပွဲများ ဖြေဆိုစေခြင်း နှင့် လူတွေ့စစ်ဆေးမှု အဆင်ပြေချောမွေ့စေရန် စီစဉ်ဆောင်ရွက်ခြင်း။ ၄။ ဒုတိယအကြိမ် လူတွေ့စစ်ဆေးရန် ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းများ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများကို ဆက်သွယ်၍ လူတွေ့စစ်ဆေးမည့် အချိန်ဇယားများ စီစဉ်ညှိနှိုင်းခြင်း၊ လိုအပ်ပါက အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။ ၅။ ဝန်ထမ်းအသစ်များ လုပ်ငန်းစတင်ဝင်ရောက်သည့်အခါ ကြိုဆိုမိတ်ဆက်ခြင်း နှင့် လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်နိုင်ရေး လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ခြင်း။ ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ဖတ်ရှုလက်မှတ်ရေးထိုးစေခြင်း၊ အစမ်းခန့်ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းဆိုင်ရာ သဘောတူညီချက် နှင့် လိုအပ်သော စာရွက်စာတမ်းများကို ပြည့်စုံစွာ ဆောင်ရွက်စေခြင်း၊ သက်ဆိုင်ရာဌာနအကြီးအကဲ နှင့် ဝန်ထမ်းများအား မိတ်ဆက်ပေးခြင်း၊ သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းအပ်နှံခြင်း နှင့် အစမ်းခန့်ခန့်အပ်လွှာ ထုတ်ပေးနိုင်ရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ခြင်း။ ၆။ ဝန်ထမ်းများသည် ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်မှု ရှိ၊ မရှိ လေ့လာစောင့်ကြည့်ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်အခြေအနေများကို သုံးသပ်၍ တွေ့ရှိချက်များအား ဝန်ထမ်းရေးရာမန်နေဂျာထံ တင်ပြခြင်း။ ၇။ ဝန်ထမ်းများ၏ စည်းကမ်းဖောက်ဖျက်မှုမှတ်တမ်းများ၊ အရေးယူဆောင်ရွက်မှုများ နှင့် ဒဏ်ကြေးပေးဆောင်မှုဆိုင်ရာ မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းထားရှိခြင်း။ ၈။ ဝန်ထမ်းများ၏ သာရေး၊ နာရေး နှင့် လူမှုဖူလုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပြီး ဝန်ထမ်းရေးရာမန်နေဂျာ၏ ညွှန်ကြားချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။ ၉။ HR Staff များ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်ညှိနှိုင်းခြင်း နှင့် လုပ်ငန်းတာဝန်များကို စနစ်တကျ ပြီးမြောက်စေရန် ဆောင်ရွက်ခြင်း။ ၁၀။ ဝန်ထမ်းရေးရာမန်နေဂျာ နှင့် ဒါရိုက်တာအဖွဲ့တို့မှ ပေးအပ်သော အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
Yangon
လွန်ခဲ့သော 4ရက်
၁။ ကုမ္ပဏီ၏ အရောင်းရည်မှန်းချက်များ ပြည့်မီစေရန် မြို့တွင်းနှင့် နယ်ဝေးအရောင်းအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ အရောင်းလုပ်ငန်းများကို စီမံခန့်ခွဲကြီးကြပ်ခြင်း။ ၂။ အရောင်းဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှု၊ အရောင်းရလဒ်နှင့် စွမ်းဆောင်ရည်များကို စောင့်ကြည့်အကဲဖြတ်ပြီး လိုအပ်သည့် လမ်းညွှန်မှုနှင့် သင်တန်းများ ပေးအပ်ခြင်း။ ၃။ လက်ရှိဈေးကွက်အခြေအနေ၊ ဖောက်သည်လိုအပ်ချက်၊ ပြိုင်ဘက်များ၏ ထုတ်ကုန်နှင့် ဈေးနှုန်းများကို လေ့လာဆန်းစစ်ပြီး အရောင်းမြှင့်တင်ရေးနှင့် ဈေးကွက်ချဲ့ထွင်ရေး အစီအစဉ်များ ရေးဆွဲတင်ပြခြင်း။ ၄။ လက်ရှိဖောက်သည်များနှင့် ကောင်းမွန်သော စီးပွားရေးဆက်ဆံရေး တည်ဆောက်ထိန်းသိမ်းခြင်း၊ ဖောက်သည်အသစ်များနှင့် ဈေးကွက်အသစ်များ ရှာဖွေဖော်ထုတ်ခြင်း။ ၅။ ဖောက်သည်များ၏ တိုင်ကြားချက်များ၊ အခက်အခဲများနှင့် အရောင်းလုပ်ငန်းဆိုင်ရာ ပြဿနာများကို ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ခြင်း။ ၆။ မြို့တွင်းနှင့် နယ်ဝေးအရောင်းအဖွဲ့များအတွက် နယ်မြေသတ်မှတ်ခြင်း၊ ခရီးစဉ်များ စီစဉ်ခြင်း၊ ဖောက်သည်အချက်အလက်များ စုဆောင်းထိန်းသိမ်းခြင်းနှင့် အရောင်းအစီအစဉ်များ ချမှတ်ခြင်း။ ၇။ အရောင်းအဖွဲ့၏ လစဉ်အရောင်းရည်မှန်းချက်များ၊ ဘတ်ဂျက်နှင့် ကုန်ကျစရိတ်များကို ရေးဆွဲစီမံခြင်း၊ အရောင်းရလဒ်များနှင့် ကုန်ကျစရိတ်များကို စစ်ဆေးသုံးသပ်ခြင်း။ ၈။ အရောင်းဝန်ထမ်းများ၏ အရောင်းရည်မှန်းချက်ပြည့်မီမှု၊ လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှုများကို စောင့်ကြည့်အကဲဖြတ်ပြီး လိုအပ်သလို ပြုပြင်တိုးတက်စေရန် ဆောင်ရွက်ခြင်း။ ၉။ အရောင်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို စနစ်တကျရှိစေရန် ကြီးကြပ်ခြင်း၊ နေ့စဉ်၊ အပတ်စဉ်နှင့် လစဉ် အရောင်းအစီရင်ခံစာများ ပြုစုတင်ပြခြင်း။ ၁၀။ ထုတ်ကုန်အသစ်များနှင့် ဈေးကွက်အသစ်များအတွက် အရောင်းအခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ပြီး အရောင်းတိုးတက်စေရန် နည်းလမ်းများ အဆိုပြုအကောင်အထည်ဖော်ခြင်း။ ၁၁။ အရောင်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို အခြားသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းပြီး အရောင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ခြင်း။ ၁၂။ အရောင်းရလဒ်များ၊ ဈေးကွက်အခြေအနေများနှင့် ဖောက်သည်များ၏ လိုအပ်ချက်များအပေါ် အခြေခံ၍ အရောင်းဗျူဟာများနှင့် လုပ်ငန်းတိုးတက်ရေး အစီအစဉ်များကို General Manager နှင့် ဒါရိုက်တာအဖွဲ့ထံ တင်ပြခြင်း။
Yangon
လွန်ခဲ့သော 4ရက်
၁။ ဝန်ထမ်းများ၏ နေ့စဉ် အလုပ်တက်/ဆင်း မှတ်တမ်းများ၊ ခွင့်ခံစားမှုများနှင့် ပျက်ကွက်မှုများကို စစ်ဆေးမှတ်တမ်းတင်ပြီး သက်ဆိုင်ရာမန်နေဂျာများထံ အချိန်မီ တင်ပြခြင်း။ ၂။ ကုမ္ပဏီ၏ ရုံးသုံးပစ္စည်းများ၊ ပရိဘောဂများနှင့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်း၊ ဖြန့်ဝေခြင်း၊ ထိန်းသိမ်းခြင်းနှင့် စာရင်းမှတ်တမ်းများ ထားရှိခြင်း။ ၃။ ကုမ္ပဏီ၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဖြစ်သည့် ဝန်ထမ်းကြို/ပို့ခြင်း၊ အရောင်းယာဉ်များနှင့် အခြားကုမ္ပဏီယာဉ်များ အသုံးပြုမှုတို့ကို စီစဉ်ကြီးကြပ်ခြင်း။ ၄။ ကုမ္ပဏီယာဉ်များအတွက် စက်သုံးဆီ၊ စက်ဆီနှင့် ချောဆီများ ဝယ်ယူဖြည့်တင်းခြင်း၊ အသုံးပြုမှုများကို စစ်ဆေးမှတ်တမ်းတင်ခြင်း။ ၅။ ကုမ္ပဏီပိုင် မော်တော်ယာဉ်များ၏ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုနှင့် လိုအပ်သော ပြုပြင်မှုများကို စီစဉ်ဆောင်ရွက်ခြင်း၊ ပြုပြင်စရိတ်များကို စိစစ်၍ သက်ဆိုင်ရာမန်နေဂျာများထံ တင်ပြအတည်ပြုချက်ရယူခြင်း။ ၆။ ကုမ္ပဏီ၏ ရုံးခန်းနှင့် အဆောက်အဦများ၊ ရေ၊ မီး၊ မိလ္လာစနစ်များ၊ ဥယျာဉ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ထိန်းသိမ်းခြင်း။ ၇။ စီမံရေးရာဌာန၏ နေ့စဉ်အသုံးစရိတ်များအတွက် ကြိုတင်ငွေတောင်းခံခြင်း၊ အသုံးစရိတ်များ စိစစ်ခြင်း၊ စာရင်းမှတ်တမ်းတင်ခြင်းနှင့် ငွေစာရင်းရှင်းလင်းခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ခြင်း။ ၈။ ရုံးတွင်း၊ ရုံးပြင် သန့်ရှင်းရေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ထမ်းများအား တာဝန်ခွဲဝေပေးခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်း။ ၉။ ကုမ္ပဏီ၏ လုပ်ငန်းလိုအပ်ချက်အရ ဘဏ်ငွေသွင်းခြင်း၊ ငွေထုတ်ခြင်းနှင့် ငွေလွှဲခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ခြင်း။ ၁၀။ စီမံရေးရာဌာနနှင့် သက်ဆိုင်သော လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း။ ၁၁။ စီမံရေးရာလုပ်ငန်းများ၏ အသုံးစရိတ်၊ ယာဉ်အသုံးပြုမှု၊ ပြုပြင်ထိန်းသိမ်းမှုနှင့် အခြားသက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို စာရင်းမှတ်တမ်းတင်ပြီး နေ့စဉ်၊ အပတ်စဉ်နှင့် လစဉ် အစီရင်ခံစာများ ပြုစုတင်ပြခြင်း။ ၁၂။ Admin Manager / General Manager ၏ ညွှန်ကြားချက်များနှင့်အညီ အခြားစီမံရေးရာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခြင်း။
Pretty Paragon Textile Company Limited ဆုများ