◆ လိုအပ်သောအရည်အချင်းများ
・ITဘာသာရပ်နှင့်ပတ်သက်သော တက္ကသိုလ်ဘွဲ့ရများနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမတိုင်မီ တက္ကသိုလ်နောက်ဆုံးနှစ် အောင်မြင်ပြီးသူများ။
・တခြားတက္ကသိုလ်ဘွဲ့ရများဖြစ်ပါက ITPEC FE သို့မဟုတ် AP အောင်မြင်ထားသူများ။
・၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင် အသက်၂၈နှစ်အောက်ရှိသောသူများ။
・ICTနည်းပညာနှင့် ဂျပန်ဘာသာစကားကို စိတ်ပါဝင်စား၍ ICTနယ်ပယ်တွင် Programmerအဖြစ် အလုပ်လုပ်ကိုင်လိုသူများ။
・ ၂၀၂၆ခုနှစ် ဇန်နဝါရီလမှစတင်၍ အချိန်ပြည့် ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်သောသူများ။
・Myanmar DCRမှ ကျင်းပခဲ့ပြီးသော ဝန်ထမ်းရွေးချယ်မှုစာမေးပွဲများတွင် တစ်ကြိမ်တစ်ခါမျှ ဖြေဆိုဖူးခြင်း မရှိသေးသောသူများ။
※ စာမေးပွဲဖြေဆိုအောင်မြင်ပြီး လူတွေ့မဖြေဆိုရသေးသူ သို့မဟုတ် လူတွေ့ဖြေဆိုမှုအောင်မြင်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် အလုပ်မဝင်ရသေးသောသူများ ပြန်လည်လျှောက်ထားနိုင်ပါသည်။
※ အလုပ်စတင်ဝင်ရောက်ချိန်မှစ၍ Java Programming နှင့် ဂျပန်ဘာသာစကားကို အခြေခံမှစတင်၍ စနစ်တကျ သင်ကြားပေးပါမည်။
◆ လျှောက်ထားနိုင်မည့်ကာလ
၈-၉-၂၀၂၅ (တနင်္လာနေ့) နံနက် ၈:၀၀ မှ ၂၁-၉-၂၀၂၅ (တနင်္ဂနွေနေ့) ညနေ ၅:၀၀ အထိ (၁၄ရက်အတွင်းသာ)
※လူဦးရေကန့်သတ်ထားသည့်အတွက်ကြောင့် အမြန်ဆုံး လျှောက်ထားနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
◆ လိုအပ်သောစာရွက်စာတမ်းများ
ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သောစာရွက်စာတမ်းများမှာ
၁။ လိုင်စင်ဓာတ်ပုံ
၂။ နိုင်ငံသားမှတ်ပုံတင်အရှေ့ခြမ်း
၃။ နိုင်ငံသားမှတ်ပုံတင်အနောက်ခြမ်း
၄။ ဘွဲ့လက်မှတ် (သို့) ဘွဲ့လက်မှတ်ထောက်ခံစာ (သို့) နောက်ဆုံးနှစ်ကျောင်းသားကတ်
၅။ ITPEC FE (သို့) AP Certificate
※တခြားတက္ကသိုလ်ဘွဲ့ရများဖြစ်ပါက နံပါတ်၅ကိုမဖြစ်မနေထည့်ပေးရပါမည်။
◆ စာရင်းပေးသွင်းရန်နည်းလမ်း
ဝ န်ထမ်းသစ်ရွေးချယ်မှုရှင်းလင်းပွဲကို တက်ရောက်လိုသူများသည် MDCR websit တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။
◆ Onlineဝန်ထမ်းသစ်ရွေးချယ်မှုရှင်းလင်းပွဲ
ရှင်းလင်းပွဲကို Microsoft Teamsဖြင့် ကျင်းပမည်ဖြစ်ပါသည်။လုပ်ငန်းသဘောသဘာဝနှင့် ဝန်ထမ်းသစ်ခေါ်ယူခြင်းဆိုင်ရာအကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားမည်ဖြစ်ပါသည်။ ပြန်လည်မေးမြန်းနိုင်မည့်အစီအစဉ်လည်း ထည့်သွင်းထားပါသည်။
※လျှောက်ထားသူကိုယ်တိုင် မပျက်မကွက်တက်ရောက်ဖို့လိုအပ်ပါသည်။ ကိုယ်စားတက်ရောက်ခြင်းကို လက်ခံမည်မဟုတ်ပါ။
➤အစီအစဥ်
နေ့ရက် : ၂၅-၉-၂၀၂၅ (ကြာသပတေးနေ့)
အချိန် : နံနက် ၉:၀၀ မှ နေ့လည် ၁၁:၃၀ အထိ
※ရှင်းလင်းပွဲတက်ရောက်ရန် အသေးစိတ်အချက်အလက်ကို Emailမှတဆင့် အသိပေးမည်ဖြစ်ပါသည်။
◆ဝန်ထမ်းသစ်ရွေးချယ်မှု စာမေးပွဲ
စာမေးပွဲကို Myanmar DCR ရန်ကုန်ရုံးနှင့်မန္တလေးရုံးတွင် ကိုယ်တိုင် လာရောက်ဖြေဆိုရမည်ဖြစ်ပါသည်။
➤စာမေးပွဲ အစီအစဥ်
နေ့ရက် : ၂၇-၉-၂၀၂၅ (စနေနေ့)
အချိန် : စာမေးပွဲဖြေဆိုရမည့်အချိန်၊ နေရာကို Emailမှတဆင့် ဆက်သွယ်အကြောင်းကြားပါမည်။