တာဝန်ယူထားသော နယ်မြေအတွင်း အရောင်းရည်မှန်းချက်များကို ပြည့်မီကျော်လွန်စေရန် အရောင်းမဟာဗျူဟာများ ရေးဆွဲပြီး အကောင်အထည်ဖော်ရန်။ Field Staff၊ Sales Representatives နှင့် Distributor/Dealer များကို ဦးဆောင်ကြီးကြပ်၍ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေရန် လေ့ကျင့်ပေးခြင်းနှင့် လမ်းညွှန်ပေးခြင်းများ ဆောင်ရွက်ရန်။ Dealer အသစ်များနှင့် Customer အသစ်များကို ဖော်ဆောင်ပြီး ရေရှည်စီးပွားရေးဆက်ဆံရေး တည်ဆောက်ထိန်းသိမ်းရန်။ ဈေးကွက်အခြေအနေ၊ ပြိုင်ဘက်ကုမ္ပဏီများ၏ လှုပ်ရှားမှုများ၊ ဖောက်သည်လိုအပ်ချက်များနှင့် အရောင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ၍ စီမံခန့်ခွဲမှုထံ အစီရင်ခံတင်ပြရန်။ Farmer Meeting၊ Product Demonstration၊ Promotional Campaign နှင့် အရောင်းမြှင့်တင်ရေးအစီအစဉ်များကို စီစဉ်အကောင်အထည်ဖော်ရန်။ နယ်မြေအတွင်း အရောင်း၊ ငွေကြေးပြန်လည်ကောက်ခံမှု (Collection)၊ ကုန်လက်ကျန်နှင့် ဖြန့်ဖြူးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်။ ကုမ္ပဏီ၏ မူဝါဒများ၊ SOP များနှင့် လုပ်ငန်းစည်းမျဉ်းများကို လိုက်နာစေပြီး နယ်မြေအတွင်း လုပ်ငန်းများကို ထိရောက်စွာ စီမံခန့်ခွဲရန်။
သတ်မှတ်ထားသော နယ်မြေအတွင်းရှိ တောင်သူလယ်သမားများနှင့် အရောင်းကိုယ်စားလှယ်များ (Dealer) များထံသို့ သွားရောက်တွေ့ဆုံ၍ ကုမ္ပဏီ၏ စိုက်ပျိုးရေးဆေးနှင့် ဆက်စပ်ထုတ်ကုန်များကို မိတ်ဆက်ရောင်းချ ရန်။ ကုန်ပစ္စည်းအသုံးပြုနည်း၊ အကျိုးကျေးဇူးများနှင့် သီးနှံကာကွယ်ရေးဆိုင်ရာ အခြေခံနည်းပညာ အကြံပြုချက်များကို တောင်သူများအား ရှင်းလင်းတင်ပြရန်။
နယ်မြေအတွင်း ဈေးကွက်အခြေအနေ၊ ပြိုင်ဘက်ကုမ္ပဏီများ၏ လှုပ်ရှားမှုများနှင့် တောင်သူများ၏ လိုအပ်ချက်များကို စုဆောင်းလေ့လာပြီး အစီရင်ခံတင်ပြရန်။
Demo Plot၊ Farmer Meeting၊ Product Demonstration နှင့် အရောင်းမြှင့်တင်ရေးအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ရန်။ သတ်မှတ်ထားသော အရောင်းရည်မှန်းချက်များကို ပြည့်မီစေရန် Dealers များနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဝယ်ယူသူအသစ်များကို တိုးချဲ့ရှာဖွေရန်။ နေ့စဉ်၊ အပတ်စဉ်နှင့် လစဉ် လုပ်ငန်းဆောင်ရွက်မှု၊ အရောင်းနှင့် နယ်မြေအခြေအနေဆိုင်ရာ အစီရင်ခံစာများကို အချိန်မီ တင်ပြရန်။ ကုမ္ပဏီ၏ လုပ်ငန်းစဉ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာပြီး ကုမ္ပဏီ၏ ပုံရိပ်ကောင်းကို ထိန်းသိမ်းရန်။
Oversee overall outlet sales performance, drive upselling initiatives, and actively promote campaigns to maximize revenue. Handle supplier receiving, verify incoming stock, and manage overall inventory levels to ensure product availability. Maintain high standards of visual merchandising, ensuring attractive product displays that align with brand guidelines. Manage bar code printing, update price labels accurately, and ensure all display signage and promotional labels are correctly printed and positioned. Maintain overall facility standards (cleanliness, safety, and organization) while supervising, motivating, and guiding the floor staff.