Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes
X

Assistant Teacher (Pre School)

GETC & NURTURE English Training Center D
| ရန်ကုန်တိုင်း
  10 ဦး
Verified This Job has been Verified as
Real by the Company.
This Job has been Verified as
Real by the Company.
11 Apr 2018
လွန်ခဲ့သော၁ ပတ် က အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile

Assistant Teacher (Pre School)

GETC & NURTURE English Training Center D
လွန်ခဲ့သော၁ ပတ် က အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
Myanmar - ရန်ကုန်တိုင်း
Verified This Job has been Verified as
Real by the Company.

လုပ်သက်အဆင့်

Entry Level

အလုပ်အမျိုးအစား

Education, Teaching, Childcare

အလုပ်၏လုပ်ငန်းအမျိုးအစား

ပညာရေး/လေ့ကျင့်သင်ကြားရေး

အနိမ့်ဆုံး ပညာအရည်အချင်း

Bachelor Degree

အလုပ်ချိန်အမျိုးအစား

Full Time

လုပ်ဆောင်ရမည့်တာဝန်များ

A Fantastic Opportunity for ...

ရည်ရွယ်ချက်။ မူကြိုဆရာမ၏ အဓိကတာဝန်မှာ နိုင်ငံတကာအသိအမှတ်ပြု ဖွံ့ဖြိုးမှု (၅)ရပ်ကို အခြေခံသည့်သင်ခန်းစာရေးဆွဲရန်၊ သင်ထောက်ကူပစ္စည်းများ ထိရောက်မှုရှိစွာ ပြင်ဆင်ရန်နှင့် ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးမှုအတွက်သင်တန်းကျောင်း၏ မူဝါဒနှင့်အညီ အစဉ်တစိုက်ပြုစုပျိုးထောင် ပုံဖော်လေ့ကျင့်သင်ကြားပြသပေးရန်ဖြစ်သည်။

၁။ ကလေးငယ်များ၏ အခြေခံလိုအပ်ချက်များဖြစ်သော ထမင်းကျွေးခြင်း၊ မုန့်ကျွေးခြင်း၊ အကျီလဲခြင်းနှင့် အပေါ့အပါးကိစ္စများကို ပြုလုပ်ပေးရမည်။

၂။ မှန်ကန်သောစားသောက်မှုပုံစံနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို သင်ပြစောင့်ရှောက်ပေးရမည်။

၃။ အစာအဟာရပြည့်ဝသော အစားအစာနှင့်မုန့်ပဲသရေစာများ စားသုံးရန်လမ်းညွှန်ရမည်။

၎။ နေ့စဉ်ပြုစုစောက်ရှောက်မှု လုပ်ဆောင်ဖွယ်တို့ကို လုပ်ဆောင်ပေးရမည်။

၅။ ကလေးငယ်နှင့်သင်တန်းကျောင်း၏ သန့်ရှင်းမှုနှင့်လုံခြုံမှုကို တာဝန်ယူထိန်းသိမ်းရမည်။

၆။ အတန်းပိုင်ဆရာမမှ ကလေးငယ်များအား စာအုပ်ဖတ်ပြခြင်း၊ ကလေးငယ်များအဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ ပုစ္ဆာများဖြေရှင်းခြင်း၊ စာများလေ့ကျင့်ခြင်းစသည့် အတန်းတွင်းလုပ်ဆောင်ချက်နှင့် သင်ခန်းစာများတွင် လိုအပ်သည်တို့ကို ပါဝင်ကူညီလုပ်ဆောင်ပေးရမည်။

၇။ ပြင်ပလေ့လာရေးထွက်ခြင်း၊ ပုံပြင်ပြောခြင်း၊ သီချင်းသီဆိုခြင်း၊ လက်မှုလုပ်ခြင်း၊ Games ကစားခြင်းစသည့် ခန္စာကိုယ်၊ စိတ်ပိုင်းနှင့် လူမှုဆက်ဆံရေးပိုင်း ဖွံ့ဖြိုးမှုကိုအားပေးသော Activities များကို လုပ်ဆောင်ပေးနိုင် ရမည်။

၈။ ကလေးငယ်များအား Activities များလုပ်ဆောင်ရာတွင် သရုပ်ပြသကူညီပေးရမည်။

၉။ အတန်းပိုင်ဆရာမပျက်ကွက်လျှင် အစားထိုးဝင်ရောက် သင်ကြားနိုင်ရမည်။

၁၀။ ကလေးငယ်တစ်ဦး စာသင်ယူရာတွင်ဖြစ်စေ၊ အခြားဖွံ့ဖြိုးမှုအပိုင်းတွင် အခက်အခဲရှိသည်ကိုဖြစ်စေ တွေ့ရှိပါက သက်ဆိုင်ရာ အတန်းပိုင်ဆရာမနှင့် ကျောင်းအုပ်ချုပ်ရေးသို့ တင်ပြရမည်။

၁၁။ ကလေးငယ်၏လုပ်ဆောင်ချက်၊ လှုပ်ရှားချက်၊ လူမှုဆက်ဆံရေးဖွံ့ဖြိုးမှုနှင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုတို့ကို စဉ်ဆက် မပြတ်လေ့လာ၍ အတန်းပိုင်ဆရာမသို့တင်ပြရမည်။

၁၂။ ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု (သို့) ကျန်းမာရေးပြသနာတစ်ခုခုရှိကြောင်းသိလျှင်သိချင်း အတန်း ပိုင် ဆရာမကြီးကြပ်သူထံတင်ပြရမည်။

၁၃။ ကျောင်းစီမံရေး၊ ဥပဒေစည်းမျဉ်းများအတိုင်းလျော်ညီစွာ ကလေးငယ်၏မှတ်တမ်းကို မှန်ကန်တိကျစွာ ပြုစုထားရမည်။

၁၄။ ကျောင်းသားများ၏ လုပ်ဆောင်မှုမှတ်တမ်းများကို ပြုစုပြင်ဆင်ထားရမည်။ အတန်းပိုင်ဆရာမ(သို့) စီမံရေး ရာမှ လိုအပ်၍ တောင်းခံလာလျှင် တင်ပြပေးရမည်။

၁၅။ ကလေးငယ်များ၏ တိုးတက်မှုအခြေအနေကို လေ့လာအကဲခတ်ပြီး လိုအပ်သည်များကို ပံ့ပိုးပေးရမည်။

၁၆။ ကလေးငယ်များလုပ်ဆောင်ထားသော လုပ်ဆောင်ချက်များကို Main Teacher မှညွှန်ကြားသည့်အတိုင်း ခင်းကျင်း ပြသရမည်။

၁၇။ တိုးတက်မှုကို တိုင်းတာနိုင်သည့် ပုံစံမှတ်တမ်းများ ထားရှိရမည်။

၁၈။ Attendance နေ့စဉ်မပျက်ကောက်၍ မှတ်တမ်းထားရှိရမည်။

၁၉။ စာမေးပွဲအဖြေလွှာများ၊ သင်ခန်းစာစာရွက်များကို မှန်မှန်စစ်ဆေး၍Gradingလုပ်ပေးရမည်။

၂၀။ Main Teacherမှ ညွှန်ကြားသည့်အတိုင်း လေ့ကျင့်ခန်းများစစ်ပေးရမည်။

၂၁။ Message Book ကိုနေ့စဉ်စစ်၍ အကြောင်းတစ်စုံတစ်ရာရှိပါက အတန်းပိုင်ဆရာမအားအသိပေးရမည်။

၂၂။ အတန်း Activitiesများအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ပေးရမည်။

၂၃။ ဖန်တီးကစားနိုင်ရန်၊ လှုပ်ရှားကစားနိုင်ရန်၊ လုံခြုံမှုရှိရန် စာသင်ခန်းအတွင်း/အပြင် လုပ်ဆောင်ကစားဖွယ် များ စီစဉ်ပေးရမည်။

၂၄။ သင်ထောက်ကူပစ္စည်းမျာကို အမျိုးအမည်များတပ်ကာ သေချာစွာထိန်းသိမ်းရမည်။

၂၅။ ကလေးငယ်များ၏ လုပ်ဆောင်နိုင်မှုနှင့် အသက်အရွယ်များပေါ်မူတည်၍ သင်ထောက်ကူပစ္စည်းများ အသုံးပြုရမည်။

၂၆။ အတန်းပိုင်ဆရာမအားကူညီ၍ စာသင်ကြားရာတွင် အထောက်အကူပြုရန် သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ပေးရမည်။

၂၇။ ပစ္စည်းကိရိယာများကို ဂရုတစိုက် အသုံးပြုတတ်စေရန် ကျောင်းသားများကို သင်ကြားပေးရမည်။

၂၈။ စာသင်ခန်းသုံးပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရမည်။

၂၉။ လိုအပ်သော စာသင်ခန်းသုံးပစ္စည်းများကိုမှာယူ၍ သေချာစွာ ထုတ်ယူထိန်းသိမ်း အသုံးပြုရမည်။

၃၀။ ကလေးငယ်များအား နံနက်ခင်းတွင်ကြိုဆိုပြီး နှုတ်ဆက်ရမည်။ ရာသီဥတုအလိုက် ကလေး၏အကျီအ၀တ် အစား လိုအပ်သလို ၀တ်/ချွတ်ပေးရမည်။

၃၁။ နံနက်ခင်းရောက်ရှိလာသော ကလေးငယ်အတွက် စိတ်ဝင်စားဖွယ်ကောင်းသော၊ အကျိုးရှိစေသော လုပ်ဆောင်ဖွယ်များ စီစဉ်ပေးရမည်။

၃၂။ လေ့လာရေးခရီးတစ်လျှောက်နှင့် ကျောင်းတွင်းတွင်လည်း ကလေးငယ်များအားလိုအပ်သလို ထိန်းသိမ်း စောင့်ရှောက်ရမည်။

၃၃။ ကျောင်းချိန်အတွင်း ကလေးငယ်များကို အန္တရာယ်တစ်စုံတစ်ရာမရှိစေရန် မျက်ခြေမပြတ် ကြည့်ရူ စောင့်ရှောက် ရမည်။

၃၄။ ကလေးငယ်များကို လိုအပ်သလို ကျောင်းကားနှင့်ကြို/ပို့ ပေးရမည်။ ကျောင်းကားအတတ်/အဆင်းတွင် စောင့်ကြပ်ကြည့်ရူရမည်။

၃၅။ အတန်းပိုင်ဆရာမအားကူညီ၍ အသစ်ဝင်လာသောဆရာမများအားကြီးကြပ်ခြင်း၊ တာဝန်ခွဲဝေခြင်း၊ သင်ကြားပေးခြင်းများ ပြုလုပ်ရမည်။

၃၆။ အတန်းပိုင်ဆရာမမှ Lesson Plans များ၊ သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ရာတွင် ကူညီပေးရမည်။

၃၇။ အလုပ်နှင့်ဆိုင်သော ကျောင်းတွင်းအစည်းအဝေး၊ တွေ့ဆုံပွဲများမပျက်မကွက် တက်ရောက်ရမည်။

၃၈။ သင်ရိုးနှင့်အညီ Lesson Plans နှင့် Timetable ဆွဲထားသည်များကို အခြားလုပ်ဖော်ကိုင်ဖက်များနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

၃၉။ ကျောင်းကော်မတီအား လိုအပ်သလို ကူညီဆောင်ရွက်နိုင်ရမည်။

၄၀။ ကျောင်းသား/သူများ၏ လိုအပ်ချက်များနှင့် တိုးတတ်မှုများသိရှိစေရန် အခြားလုပ်ဖော်ကိုင်ဖက်များနှင့် အမြဲ မပြတ်ဆွေးနွေးရမည်။

၄၁။ ကျောင်းမှလုပ်ဆောင်သော အားကစားယှဉ်ပြိုင်မှု၊ School Party, Dinner နှင့် ဆုပေးပွဲစသည့် လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ Activities များတွင်ပါဝင်ရမည်။

၄၂။ လုပ်ဖော်ကိုင်ဖက်များ၊ ကြီးကြပ်သူများနှင့် ကျောင်းအုပ်ချုပ်သူများအား လေးစားမှုရှိပြီး ပူးပေါင်းဆောင်ရွက် နိုင်ရမည်။

၄၃။ ကျောင်း၏ Marketing လုပ်ဆောင်ချက်များတွင် ပူးပေါင်းပါဝင်ရမည်။

၄၄။ ကျောင်းမှ ကျင်းပပြုလုပ်သည့်ကပွဲများ၊ ကျောင်းဆင်းပွဲများ၊ ပဒေသာကပွဲများ၊ ဟောပြောပွဲများ၊ အစည်းအဝေးပွဲများ၊ အရောင်းမြှင့်တင်ပွဲများ၊ ဆွေးနွေးဟောပြောပွဲများ၊ ရက်တို/ရက်ရှည် သင်တန်းနှင့် ရက်တို/ရက်ရှည် ခရီးစဉ်များတွင် ပါဝင်ရမည်။

၄၅။ မိမိ၏ အတန်းပိုင်ဆရာ/မများနှင့် အတန်းမစမီ (၅)မှ (၁၅)မိနစ် အလိုတွင် သင်ကြားရေးလုပ်ငန်းစဉ်များ နှင့် ပတ်သက်ပြီး ကြိုတင်ဆွေးနွေးတိုင်ပင်ခြင်းကို မဖြစ်မနေပြုလုပ်ဆောင်ရွက်ရမည်။ အတန်းပြီးဆုံးပြီး (၁၀) မှ (၃၀)မိနစ်တွင် တစ်နေ့တာဆောင်ရွက်ခဲ့သည့် သင်ကြားရေးနှင့်ပတ်သက်သည့် လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်ဆန်းစစ်ဆွေးနွေးတိုင်ပင်ခြင်း မဖြစ်မနေ ဆောင်ရွက်ရမည်။

၄၆။ အထက်ပါတာဝန်များအပြင်လိုအပ်ပါက ကျောင်း၏လုပ်ဆောင်မှုများတွင် ပါဝင်ကူညီလုပ်ဆောင်ပေးနိုင် ရမည်။

ဘယ်သူ့အတွက်လဲ

ဘွဲ့ရပြီးကာစ
အလုပ်သင်
Male/Female

လိုအပ်သောအရည်အချင်း

• တက္ကသိုလ်တစ်ခုခုမှဘွဲ့တစ်ခုခုရရှိထားသူ ဖြစ်ရမည်။

• ကလေးများအပေါ်အထူးစိတ်ရှည်သည်းခံပြီးကလေးချစ်တတ်သောသူဖြစ်ရမည်။

• အကျင့်စာရိတ္တကောင်းမွန်ပြီးသင်ယူလိုစိတ်အထူးပြင်းထန်သူဖြစ်ရမည်။

• အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာပြောဆို၊ရေး၊ဖတ်တတ်ရမည်ဖြစ်ပြီး Computer အသုံးပြုနိုင်ရမည်။

ကျွန်တော့်တို့ ဘာတွေကမ်းလှမ်းနိုင်သလဲ

အကျိုးအမြတ်

• Reward for over performance

ထူးခြားချက်များ

• Fun working environment
• Make a difference
• Join an experienced team

အခွင့်အလမ်းများ

• Training provided
• Promotion opportunity
• Learn new skills on the job
OR

လုပ်သက်အဆင့်

Entry Level

အလုပ်အမျိုးအစား

Education, Teaching, Childcare

အလုပ်၏လုပ်ငန်းအမျိုးအစား

ပညာရေး/လေ့ကျင့်သင်ကြားရေး

အနိမ့်ဆုံး ပညာအရည်အချင်း

Bachelor Degree

အလုပ်ချိန်အမျိုးအစား

Full Time

Share with a Friend