Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes
X
ကြည့်မြင်တိုင် | ရန်ကုန်တိုင်း
  1 ဦး
Verified This Job has been Verified as
Real by the Company.
This Job has been Verified as
Real by the Company.
ဒီနေ့
လွန်ခဲ့သော1 ရက် က အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
လွန်ခဲ့သော1 ရက် က အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
Myanmar - ရန်ကုန်တိုင်း
Verified This Job has been Verified as
Real by the Company.

လုပ်သက်အဆင့်

Experienced Non-Manager

အလုပ်အမျိုးအစား

HR, Training and Recruitment

အလုပ်၏လုပ်ငန်းအမျိုးအစား

ကုန်ပစ္စည်းဖြန့်ချီရေး/ရောင်းဝယ်ရေး/ပို့ကုန်/သွင်းကုန်

အနိမ့်ဆုံး ပညာအရည်အချင်း

Bachelor Degree

အလုပ်ချိန်အမျိုးအစား

Full Time

လုပ်ဆောင်ရမည့်တာဝန်များ

A Great Opportunity for ...

၁။ ဌာနအသီးသီးရှိ လစ်လပ်ဝန်ထမ်းနေရာများအတွက် ဝန်ထမ်းခေါ်ယူရေးလုပ်ငန်းများကို စီမံညှိနှိုင်းဆောင်ရွက်ခြင်း။ သတင်းစာ၊ စာစောင်များနှင့် အခြားကြော်ငြာမီဒီယာများတွင် အလုပ်ခေါ်ယူရေးကြော်ငြာများ ထည့်သွင်းခြင်း၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနှင့် ဆက်သွယ်ခြင်း၊ အလုပ်လျှောက်လွှာများ လက်ခံခြင်း၊ စိစစ်ရွေးချယ်ခြင်း နှင့် သင့်လျော်သော ကိုယ်စားလှယ်လောင်းများကို ဝန်ထမ်းရေးရာမန်နေဂျာထံ တင်ပြခြင်း။
၂။ ပဏာမလူတွေ့စစ်ဆေးရန် ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းများအား ဆက်သွယ်၍ လူတွေ့စစ်ဆေးမည့် ရက်၊ အချိန် နှင့် နေရာတို့ကို အသိပေးခြင်း၊ လိုအပ်သော စာရွက်စာတမ်းမူရင်းများ နှင့် မိတ္တူများ ယူဆောင်လာရန် ကြိုတင်အကြောင်းကြားခြင်း။
၃။ လူတွေ့စစ်ဆေးရန် ရောက်ရှိလာသော ကိုယ်စားလှယ်လောင်းများကို မှတ်တမ်းတင်ခြင်း၊ လိုအပ်သော စာရွက်စာတမ်းများကို စစ်ဆေးခြင်း၊ သတ်မှတ်ထားသော ရေးဖြေစာမေးပွဲများ ဖြေဆိုစေခြင်း နှင့် လူတွေ့စစ်ဆေးမှု အဆင်ပြေချောမွေ့စေရန် စီစဉ်ဆောင်ရွက်ခြင်း။
၄။ ဒုတိယအကြိမ် လူတွေ့စစ်ဆေးရန် ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းများ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများကို ဆက်သွယ်၍ လူတွေ့စစ်ဆေးမည့် အချိန်ဇယားများ စီစဉ်ညှိနှိုင်းခြင်း၊ လိုအပ်ပါက အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။
၅။ ဝန်ထမ်းအသစ်များ လုပ်ငန်းစတင်ဝင်ရောက်သည့်အခါ ကြိုဆိုမိတ်ဆက်ခြင်း နှင့် လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်နိုင်ရေး လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ခြင်း။ ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ဖတ်ရှုလက်မှတ်ရေးထိုးစေခြင်း၊ အစမ်းခန့်ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းဆိုင်ရာ သဘောတူညီချက် နှင့် လိုအပ်သော စာရွက်စာတမ်းများကို ပြည့်စုံစွာ ဆောင်ရွက်စေခြင်း၊ သက်ဆိုင်ရာဌာနအကြီးအကဲ နှင့် ဝန်ထမ်းများအား မိတ်ဆက်ပေးခြင်း၊ သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းအပ်နှံခြင်း နှင့် အစမ်းခန့်ခန့်အပ်လွှာ ထုတ်ပေးနိုင်ရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ခြင်း။
၆။ ဝန်ထမ်းများသည် ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်မှု ရှိ၊ မရှိ လေ့လာစောင့်ကြည့်ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်အခြေအနေများကို သုံးသပ်၍ တွေ့ရှိချက်များအား ဝန်ထမ်းရေးရာမန်နေဂျာထံ တင်ပြခြင်း။
၇။ ဝန်ထမ်းများ၏ စည်းကမ်းဖောက်ဖျက်မှုမှတ်တမ်းများ၊ အရေးယူဆောင်ရွက်မှုများ နှင့် ဒဏ်ကြေးပေးဆောင်မှုဆိုင်ရာ မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းထားရှိခြင်း။
၈။ ဝန်ထမ်းများ၏ သာရေး၊ နာရေး နှင့် လူမှုဖူလုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပြီး ဝန်ထမ်းရေးရာမန်နေဂျာ၏ ညွှန်ကြားချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။
၉။ HR Staff များ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်ညှိနှိုင်းခြင်း နှင့် လုပ်ငန်းတာဝန်များကို စနစ်တကျ ပြီးမြောက်စေရန် ဆောင်ရွက်ခြင်း။
၁၀။ ဝန်ထမ်းရေးရာမန်နေဂျာ နှင့် ဒါရိုက်တာအဖွဲ့တို့မှ ပေးအပ်သော အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

 

ဘယ်သူ့အတွက်လဲ

Male/Female

လိုအပ်သောအရည်အချင်း

၁။ အသက် (၂၅) နှစ် မှ (၃၅) နှစ်အတွင်း ဖြစ်ရမည်။
၂။ ဘွဲ့တစ်ခုခုရရှိထားသူ ဖြစ်ရမည်။ HR Diploma (Human Resource Management / Human Resource Development) ရရှိထားသူ ဖြစ်ရမည်။ HR Management Certificate ရရှိထားသူ ဦးစားပေးမည်။
၃။ HR လုပ်ငန်းနှင့် သက်ဆိုင်သော လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၄) နှစ်ရှိသူ ဖြစ်ရမည်။ မည်သည့်လုပ်ငန်းအမျိုးအစားတွင်မဆို ဝန်ထမ်းရေးရာလုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရမည်။
၄။ ဌာနအသီးသီး၏ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို စီမံညှိနှိုင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
၅။ Computer, Internet နှင့် Email အသုံးပြုနိုင်ရမည်။ Microsoft Word, PowerPoint နှင့် Excel ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။ BBA ဘွဲ့ရရှိထားသူ ဦးစားပေးမည်။
၆။ ရိုးသားကြိုးစားပြီး စည်းစနစ်ကျနစွာ လုပ်ကိုင်နိုင်သူ၊ လိုအပ်ပါက အခြားဝန်ထမ်းများအား သင်ကြားလမ်းညွှန်ပေးနိုင်သူ ဖြစ်ရမည်။
၇။ လူမှုဆက်ဆံရေးကောင်းမွန်ပြီး ဌာနအသီးသီးမှ ဝန်ထမ်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
၈။ အသင်းအဖွဲ့စိတ်ဓာတ်ရှိပြီး လုပ်ငန်းတာဝန်များကို တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

၉။ ဦးစားပေးလုပ်ငန်းအတွေ့အကြုံ

  • Clothing, Garment and Textile
  • FMCG (Fast-Moving Consumer Goods)
  • Retail and Wholesale
  • Trading, Distribution, Import and Export

ကျွန်တော့်တို့ ဘာတွေကမ်းလှမ်းနိုင်သလဲ

အက်ိဳးအျမတ္

- အခြေခံလစာ + (Attendance Bonus)

- Public Holiday

ထူးခြားချက်များ

Family Type Working Environment

အခွင့်အလမ်းများ

Management Skill Potential

အလုပ် လျှောက်မည်

လုပ်သက်အဆင့်

Experienced Non-Manager

အလုပ်အမျိုးအစား

HR, Training and Recruitment

အလုပ်၏လုပ်ငန်းအမျိုးအစား

ကုန်ပစ္စည်းဖြန့်ချီရေး/ရောင်းဝယ်ရေး/ပို့ကုန်/သွင်းကုန်

အနိမ့်ဆုံး ပညာအရည်အချင်း

Bachelor Degree

အလုပ်ချိန်အမျိုးအစား

Full Time

Share with a Friend