Zaw Zaw Mobile

About
Jobs1
About Zaw Zaw Mobile

Employer Details

  • Type: Direct Employer
  • Industry: Electronics/Electrical Equipment
  • No. Employees: 51 to 100

Address

No.438, Thein Phyu Road, Mingalar Taung Nyunt, Yangon, Myanmar,No.3, Lay Daunt Kan Road, Thingangyun Township. Near San Pya Zay Bus Stop,Yangon, Myanmar

What we do

လုပ်ငန်း သမိုင်းကြောင်း။
ကျွန်တော်တို Zaw Zaw Mobile လုပ်ငန်းစုကို 2015 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လုပ်ငန်းသက်တမ်း (၈)နှစ်ကျော်ကာလအတွင်း အစဉ်မပျက်တိုးတက်ချဲ့ထွင်လျက်ရှိပါသည်။ လက်ရှိတွင် ဝန်ထမ်း အင်အား ၁၀၀ ဝန်းကျင်ဖြင့် လုပ်ငန်း လည်ပတ်လျှက်ရှိပါသည်။

ကျွန်တော်တို  Zaw Zaw Mobile Customer များ၏ အကြံပြုချက်နှင့် တိုင်ကြားချက်များ၊ လုပ်ငန်းခွင့်အတွင်းရှိ နေရာအစုံမှ ဝန်ထမ်းများ၏ အကြံပြုချက် အသံများကို စဉ်ဆက်မပျက်နားထောင်လျက် Customer များအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ၊ ပိုမိုစုံလင်သော ကုန်ပစ္စည်းများ၊ ပိုမိုစိတ်ချရသော အာမခံတိုဖြင့် Customer များ စိတ်‌ကျေနပ်မှုရရှိအောင် အစွမ်းကုန် ကြိုးစားပေးလျှက်ရှိပါသည်။

ဝန်ထမ်းများအတွက်လဲ လုပ်ငန်းခွင်အတွင်း အဆင်ပြေချောမွေ့စေရန် လုပ်ငန်းစု၏ အမြင့်ဆုံးရာထူးမှ လူများကိုယ်တိုင် အခါအားလျော်စွာ ဝန်ထမ်းများနှင့် သီးသန့်တွေ့ဆုံမေးမြန်ခြင်း၊ Report ရေးခိုင်းခြင်းတိုကို ပြုလုပ်၍ ပိုမိုကောင်းမွန်သော လုပ်ငန်းခွင့်ဖြစ်စေရန် အထူးဂရုစိုက်လုပ်ဆောင်လျှက်ရှိပါသည်။ 

အစ ပထမမှာ 124st လမ်းတွင် ဆိုင်ခန်းငယ်လေးအဖြစ်စတင်ခဲ့သော "Zaw Zaw Mobile" လုပ်ငန်းစုဟာ Brand New & Second Hand အစုံအလင်ရရှိနိုင်သည့် ပထမဆုံးဖုန်းဆိုင်ကြီးအဖြစ် 2017 ခုနှစ်တွင် မင်္ဂလာတောင်ညွန့် သိမ်ဖြူလမ်းမကြီးတွင် စတင်ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး။ 

2023 Jun တွင် ထိုင်းနိုင်ငံ Bangkok ၏ အလယ်ဗဟိုချက်ဖြစ်သည့် MBK Shopping Center တွင် Zaw Zaw Mobile - Bangkok ကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး ထိုင်းရောက်မြန်မာများကို အကောင်းဆုံး ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။ ထိုဆိုင်သည် ဘန်ကောက်တွင် မြန်မာနိုင်ငံမှ ဆိုင်ခွဲအနေဖြင့် ဖွင့်လှစ်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးဖုန်းဆိုင်ဖြစ်ပါသည်။

2023 Sep တွင် Zaw Zaw Mobile ၏ Customer များ ပိုမိုအဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ရန် Zaw Zaw Mobile - San Pya Zay ဆိုင်ခွဲကို သင်္ဃန်းကျွန်မြိုနယ်တွင်စတင်ဖွင့်လှစ် ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

2023 Sep လကုန်ပိုင်းတွင် Computer Shop By Zaw Zaw Mobile အမည်ဖြင့် Computer Showroom တစ်ခုကို ဖွင့်လှစ်ရန်စစ်စဉ်လျှက်ရှိပြီး လက်ရှိတွင် 95% ပြီးစီးခဲ့၍ Customer များကို ကောင်းမွန်သော အတွေ့အကြုံအသစ်များပေးရန် အသင့်နီးပါ ဖြစ်နေခဲ့ပြီး ဖြစ်ပါသည်။

အခြား လုပ်ငန်းများအနေဖြင့် Zaw Zaw Mobile သည် Cover Shop By Zaw Zaw Mobile အမည်ဖြင့် Computer & Accessories အရောင်းဆိုင် ၂ခုကို မင်္ဂလာတောင်ညွန့်နှင့် သင်္ဃန်းကျွန်မြိုနယ်များတွင် ဖွင့်လှစ် ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။


ကျွန်တော်တိုရဲ့ အဓိကရည်မှန်းချက်ဟာဆိုရင်ဖြင့် ကျွန်တော်တိုဆိုင်ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ "ဝန်ဆောင်မှုကပထမ - ရောင်းရဖိုကဒုတိယ" ဆိုတဲ့အတိုင်း လူတိုင်းလူတိုင်း 
အရည်အ‌သွေး‌ကောင်းမွန်တဲ့ iT Devices များကို သင့်တင့်သောဈေး၊ ပြည့်ဝသော အာမခံချက်ဖြင့် ယုံကြည်စိတ်ချစွာ ဝယ်ယူပိုင်ဆိုင်နိုင် ဖိုပဲ ဖြစ်ပါတယ်။


Zaw Zaw Mobile ရဲ့ စံနှုန်းတွေကတော့

 • ဆိုင်ရှိဝန်ထမ်းတိုင်း၏ လူနေမှုဘဝအဆင်ပြေသာယာဝပြောမှုမှတစ်ဆင့် လူတန်းစေ့နေထိုင်နိုင်ရေး။

 • Customer တစ်ယောက်ဟာ အလိမ်ခံလိုက်ရတယ်ဆိုတဲ့ ခံစားချက်မဖြစ်စေခြင်း။

•  Customer ကို အချက်အလက် အမှန်ပြောဆိုရောင်းချပေးခြင်း။

• Customer များ၏ Privacy များကို အထူးဂရုပြု၍ ကာကွယ်ပေးခြင်း။

•  Customer တစ်ဦးနှင့် တစ်ဦးကြား တူညီသောဈေးနူန်းဖြင့်သာ ဝန်ဆောင်မှုပေးခြင်း။

ဒါကတော့ Zaw Zaw Mobile လုပ်ငန်းစုပဲဖြစ်ပါတယ်။

If you haven't found a suitable job, submit a General Application and recruiters at this company will keep your CV for future review!

All Zaw Zaw Mobile Jobs
• ကုန်လက်ကျန်များကို အလျင်းသင့်သည့်အချိန်တိုင်းတွင် စစ်ဆေး၍ ကြပ်မှတ်ရန်။ • Daily Sale / Purchase များကို နေ့စဉ် စစ်ဆေးအတည်ပြုခြင်း။ • ပေးရန်ကျန်/ရရန်ကျန်၊ ကြို‌တင်ပေး/ရ၊ ငွေဝင်ငွေထွက်များကို စိစစ်ရန်။ • Expenses များကို ခွင့်ပြုခြင်း၊ ပယ်ဖျက်ခြင်း စစ်ဆေးခြင်းပြုရန်။ • စာရင်းအင်းဌာန တစ်ခုလုံးကို ဦဆောင်ဦးရွက်ပြုခြင်း။ • မိမိဌာနအတွက် လိုအပ်သောလူသစ်များခန့်အပ်ခြင်း၊ ၎င်းတိုကို သင်ကြားပေးခြင်း။ • မိမိတိုဌာနကို အမြဲမပြတ်စောင့်ကြည့်လျက် အဆင့်မြင်တင်ခြင်းနှင့် အကြံပြုခြင်းများကို ဆောင်ရွက်ရမည်။ • ချိတ်ဆက်ဌာနများနှင့် ဆောင်ရွက်ရာတွင် တိကျသေချာသော ပုံစံများ ချမှတ်ထားရန်။ • ဆိုင်အုပ်ချုပ်သူများ၊ မန်နေဂျာများမှ လိုအပ်ချက်အလိုက်တောင်း‌ဆိုသော Report / Summary များကို ထုတ်ပေးခြင်း။
Zaw Zaw Mobile Awards