Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Branch Manager

Yoma Bank
| ရန်ကုန်တိုင်း
Verified This job has been verified by the company as a real job vacancy.
11 Jun 2019
Recruiter active 11 hours ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile

Branch Manager

Yoma Bank
Recruiter active 11 hours ago The recruiter at this company was last active reviewing applications.
Myanmar - ရန်ကုန်တိုင်း
Verified This job has been verified by the company as a real job vacancy.

လုပ်သက်အဆင့်

Manager

အလုပ်အမျိုးအစား

Sales, Business Development

Job Industry

ဘဏ်လုပ်ငန်း/အာမခံလုပ်ငန်း/အသေးစားချေးငွေလုပ်ငန်း

အနိမ့်ဆုံး ပညာအရည်အချင်း

Bachelor Degree

Job Type

Full Time

လုပ်ဆောင်ရမည့်တာဝန်များ

A Good Opportunity for ..

အဓိကတာဝန်
အရောင်းတာဝန်၊ ဝန်ဆောင်မှုပေးခြင်း၊ ဃကျအသာနမ များနှင့် ဆက်ဆံရေးနှင့်လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ခြင်း။

အလုပ်၏ရည်ရွယ်ချက်
ရိုးမဘဏ်မှ ဘဏ်ခွဲ၏ ၀န်ထမ်းများအား ဦးဆောင်ပြီး ဘဏ်ခွဲလုပ်ငန်းဆိုင်ရာ တာဝန်များကို ကြီးကြပ်ရန် အရည်အချင်းရှိသော ဘဏ်ခွဲတာဝန်ခံများကို ခေါ်နေပါသည်။ ဘဏ်ခွဲ တိုးတက်မှု၊ လုပ်ငန်းများကို နည်းပြလမ်းညွှန်ပြီး အကောင်အထည်ဖော်ရန်၊ တစ်ပြိုင်နက်တည်းမှာဘဲ ဘဏ်ခွဲ၏ ရည်မှန်းထားသည့် အရောင်းဆိုင်ရာ ဆောင်ရွက်မှုများကိုအောင်မြင်မှုရရှိစေရန်လုပ်ဆောင်ရမည်ဖြစ်ပါသည်။ဒီရာထူးမှာအကျိုးဆောင်ဆုကြေးငွေ နှင့်အတူ လစာခံစားခွင့်လည်းကောင်းမည်ဖြစ်ပါသည်။ မိမိလုပ်ဆောင်ချက်ပေါ် မူတည်ပြီး အကျိုးဆောင်ခ ရရှိနိုင်ပါသည်။ အောက်ပါအချက်အလက်များလုပ်ဆောင်ရမည် ဖြစ်ပါသည်...

တာဝန်နှင့်ဝတ္တရားများ
လုပ်ငန်းရေးရာ-သွက်လက်တက်ြွကသော အရောင်းဝန်ဆောင်မှု (၅၀%)
- ဘဏ်၏နေရာဒေသအလိုက် အဓိကဝင်ငွေ ရရှိသောနေရာများအားလုံးကို အာရုံစိုက်၍လိုအပ်သော အရောင်းဝန်ဆောင်မှု လုပ်ငန်းစဉ်နှင့်အကျိုးစီးပွားတိုးတက်မှုများ ရရှိအောင်ဆောင်ရွက်ရန်။
- သတ်မှတ်ထားသော လုပ်ငန်းစီမံချက်များနှင့် Target များ ရရှိရန်အတွက် ဘဏ်ခွဲ၏ စွမ်းဆောင်ရည်ကို စီမံခန့်ခွဲရန်။
- သတ်မှတ်ထားသော Performance Target များမှ သွေဖယ်ကွဲလွဲမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရင်းများကို ဖေါ်ထုတ်ခြင်း၊ နားလည်သဘောပေါက်ခြင်းဖြင့် ဆုံးရှုံးနိုင်ခြေများကို လျော့နည်းအောင်လုပ်ဆောင်ပြီး စွမ်းဆောင်ရည် တိုးတက်နိုင်ရန်အတွက် စောင့်ကြည့် စီမံခန့်ခွဲနိုင်ရမည်။
- ဆက်သွယ်ဆောင်ရွက်ပေးမှုကွန်ရက်များ ဖန်တီးပေးခြင်း၊ လက်ရှိလုပ်ငန်းအဆက်အသွယ်များ၊ လက်ရှိဖောက်သည်များ၊ မိမိနှင့်ရင်းနှီးသော ကွန်ရက်များနှင့် ဒေသတွင်း ဈေးကွက် ဖော်ဆောင်မှုဆောင်ရွက်ချက်များကို ပူးတွဲအသုံးချ၍ဆောင်ရွက်ခြင်းဖြင့် ဘဏ်အတွက် အမြတ်အစွန်း ပိုမိုတိုးတက်ရရှိအောင် ဆောင်ရွက်နိုင်ရမည်။
- အရေးကြီးသော Customer များအားရွေးချယ်၍ တန်ဖိုးရှိသောဆက်ဆံရေးများရရှိရန် ဃကျအသာနမ များနှင့်သင့်တော်သောဆက်သွယ်မှုများပြုလုပ်ခြင်း။
- ဘဏ်ဝန်ထမ်းများ၏စွမ်းဆောင်ရည် အမြင့်ဆုံးရရှိစေရန်နှင့် ရေရှည်တည်တံ့စေရန်နှင့် သတ်မှတ်ထားသော Target များကို ရရှိရန်အတွက် (Sales Cycle Approach) ချည်းကပ်ပုံ များကိုကျင့်သုံးနိုင်ရန် ဦးဆောင်လေ့ကျင့်ပေးရန်။
- အပတ်စဉ် အရောင်းအစီရင်ခံစာအား Regional Manager သို့တင်ပြရန်။

Customer ဝန်ဆောင်မှု (၂၀%)
- Customer များအတွက် သွက်လက်တက်ြွကသောအရောင်းဝန်ဆောင်မှုနှင့် ရင်းနှီးဖေါ်ရွေသော အတွေ့အကြုံပေးသည့် ပတ်ဝန်းကျင်ဖြစ်အောင်ဖန်တီးရန်၊
- Customer Service Standards ကို ဖြစ်ပေါ်လာစေရန်နှင့် ဝန်ထမ်းများမှဝန်ဆောင်မှုတိုးတက်လာ စေရန် အရောင်းနှင့်ပတ်သက်သော ညွှန်းဆိုပေးမှုအလေ့အကျင့်များပြုလုပ်စေရန်
- လုပ်ငန်းတာဝန်များ စီမံညွှန်ကြားရာတွင်နှင့် လုပ်ဆောင်ရာတွင် ဘဏ်၏စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်။
- အချိန်တိုင်းတွင် အကောင်းဆုံးဝန်ဆောင်မှုများကို သေချာစွာ ပေးနိုင်ရန်အတွက် လိုအပ်ပါက ဦးဆောင်/ကူညီ/ဝန်ဆောင်မှု ပေးနိုင်ရမည်။
- ဘဏ်ခွဲ၏ချေးငွေဆိုင်ရာလုပ်ငန်းများကို သတ်မှတ်ထားသည့်အတိုင်း အပြည့်အဝလိုက်နာ လုပ်ဆောင်၍ Customer ကိုလည်း နားလည်အောင် ရှင်းပြနိုင်ရန်နှင့် စောင့်ကြည့်ထိန်းသိမ်းရန်။

လုပ်ငန်းစဉ် (၁၀%)
- ဘဏ်၏လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသော မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ သေချာစွာ ဆောင်ရွက်စေရန်။
- Customer Service နှင့်ပတ်သက်၍ စဉ်ဆက်မပျက် တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရန်အတွက် နည်းလမ်းများရှာဖွေခြင်း၊ လုပ်ငန်းကျင့်ထုံးများ၊ လုပ်ထုံးလုပ်နည်းများ၊ ပြုမူလုပ်ဆောင်ပုံများနှင့် တင်ပြခြင်းများ၊ အထူးသဖြင့် အရောင်းပိုင်းနှင့် ဝန်ဆောင်မှုပေးသောအပိုင်းများတွင် ထိရောက်ကောင်းမွန်စေရန်။
- ဘဏ်တွင်းစာရင်းစစ်၏ ]လက်သင့်ခံနိုင်သည်} သို့မဟုတ် ]ကောင်းသည်} ဟူသော သုံးသပ်ချက်ရရှိနိုင်ရန်နှင့် တိကျမှန်ကန်စွာ အချိန်နှင့်တပြေးညီ ပြီးမြောက်အောင် ဆောင်ရွက်ရန်။
- Yoma Bank မှသတ်မှတ်ထားသော ခွင့်ပြုခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်များအား (Passing Approval) အသုံးပြု၍လုပ်ငန်း စဉ်များကို ခွင့်ပြုချက်ပေးရန်။
- Yoma Bank ၏အပြောင်းအလဲ အစီအစဉ်နှင့်ကိုက်ညီစွာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရရှိရန်အတွက် စနစ်သစ်များ၊ လုပ်ငန်းစဉ်အသစ်များ ပြောင်းလဲမှုအစီအစဉ်ကို အကောင်အထည်ဖေါ်ရာတွင် ပံ့ပိုးဆောင်ရွက်ရန်။
- လုပ်ငန်းခွင်ဝန်းကျင် တိုးတက်ကောင်းမွန်ရန်အတွက် ဝန်ထမ်းများမှ တက်ြွကစွာပါဝင်စေရန် ပံ့ပိုးပေးခြင်း။

လိုက်နာရမည့်စည်းကမ်းများ (၁၀%)
- ဘဏ်ဝန်ထမ်းများအနေနှင့် ရည်မှန်းချက်များကိုရရှိအောင်လုပ်ဆောင်ရာတွင် စည်းကမ်းနှင့်အညီ လုပ်ဆောင်နိုင်ရန် အကောင်းဆုံးပတ်ဝန်းကျင်အခြေအနေဖြစ်အောင် ဖန်တီးပေးရမည်။
- ဘဏ်အတွင်း/အပြင် သတ်မှတ်ထားသော စည်းကမ်းများ၊ ဥပဒေများနှင့်ကိုက်ညီမှုရှိ/မရှိကို အစဉ်တစိုက် ဂရုပြုစစ်ဆေးနေရမည်။
- Credit Policy – ဘဏ်ခွဲ၏ချေးငွေများသည် လက်ခံနိုင်သည့် ဆုံးရှုံးနိုင်ခြေနှင့် တိုးတက်နိုင်ခြေ အတွင်းတည်ရှိနေစေရန်အတွက် သတိပြုဆောင်ရွက်ရန်နှင့် ဘဏ်၏ညွှန်ကြားထားသောစနစ်၊ စည်းကမ်း၊ လုပ်ငန်း၊ အုပ်ချုပ်မှုတို့အောက်တွင် တည်ရှိရန်အတွက် အဘက်ဘက်မှလိုအပ်သလို စီစဉ်ညွှန်ကြား ဆောင်ရွက်ရန်။

ဝန်ထမ်းရေးရာ (၁၀%)
- ဘဏ်၏အသင်းလိုက်လုပ်ဆောင်မှုအားကောင်းလာစေရန် ဦးဆောင်လမ်းပြရန်။
- ဝန်ဆောင်မှုတိုးတက်လာစေရန် သင်ကြားပို့ချမှုများနှင့် လမ်းညွှန်မှုများပြုလုပ်ရန်။
- ဘဏ်၏အသုံးစရိတ်များ အလေအလွင့်မရှိအောင် ထိန်းသိမ်းရန်။
- ရိုးမဘဏ်၏ Vision & Values များနှင့် ဆက်နွယ်၍ဘဏ်ခွဲ၏ ရှေ့လုပ်ငန်းစဉ်ကို သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်ပြီး ဘဏ်ခွဲအရာထမ်းဝန်ထမ်းများ ရှင်းလင်းစွာ နားလည်သဘောပေါက်စေရန် လုပ်ဆောင်ရန်။
- လုပ်ငန်းခွင်ဝန်းကျင်တိုးတက်ကောင်းမွန်ရန်အတွက် ဝန်ထမ်းများမှတက်တက်ကြွကြွ ပါဝင်ခြင်းများ ရရှိအောင်ပံ့ပိုးပေးရန်။
- ဝန်ထမ်းရေးရာနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်မှုများပြုလုပ်ရာတွင် Associate Branch Manager များနှင့် ညှိနှိုင်း၍ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ခြင်း။

Open To

Male/Female

လိုအပ်သောအရည်အချင်း

လိုအပ်သော အသိပညာနှင့်ကျွမ်းကျင်မှုများ
(က) လူအများနှင့်ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်ရမည်။
(ခ) ပိုင်းခြားစိတ်ဖြာနိုင်စွမ်းရှိပြီး အပြောင်းအလဲရှိသော ပတ်ဝန်းကျင် တွင်လုပ်ဆောင်နိုင်ခြင်းရှိရမည်။
(ဂ) Business Development တီထွင်မှု၊ မှတ်တမ်းမှတ်ရာကျွမ်းကျင်မှု ဖြင့်ဆောင်ရွက်နိုင်ရမည်။
(ဃ) စာအရေးအသားနှင့် စကားပြောကောင်းမွန်ရမည်။
(င) အမြင့်ဆုံးသော Sales skills နှင့် Sales သဘော နားလည်မှု၊ Financial Service Sector တွင်အတွေ့အကြုံရှိရမည်။
(စ) အရေးကြီးသော၊ အဓိကဖြစ်သော ဘဏ်နှင့်ပတ်သက်သည့် လုပ်ငန်းတာဝန်များအား ပြည့်ပြည့်စုံစုံသိရှိနားလည် ထားသူ ဖြစ်ရမည်။
(ဆ) ဘဏ်၏ ချေးငွေလုပ်ငန်းနှင့် ပတ်သက်သည့် ပြင်ဆင်မှုများနှင့် အပြီးသတ် လုပ်ဆောင်မှုတာဝန်များအား ပြည့်ပြည့်စုံစုံ သိရှိ နားလည်ထားသူဖြစ်ရမည်။
(ဇ) လုပ်ငန်းအကျိုးအမြတ်ကို အာရုံစိုက်သူ၊ လူသားအရင်းအမြစ် စီမံခန့်ခွဲခြင်းဆိုင်အတတ်ပညာ၊ ကျွမ်းကျင်မှု အတွေ့အကြုံရှိသူ ဖြစ်ရမည်။

လိုအပ်သော ပညာအရည်အချင်း
(က) စီးပွားရေးတက္ကသိုလ်ဘွဲ့ရဖြစ်ရမည်။
(သို့)
(ခ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ရမည်။
LCCI Level II, III (သို့) စီးပွားရေး Diploma တစ်ခုခု ရရှိထားသူဖြစ်ရမည်။
(ဂ) Microsoft Word, Microsoft Excel နှင့် E-mail အသုံးပြုနိုင်ရမည်။
လိုအပ်သော လုပ်ငန်းအတွေ့အကြုံ
မိမိလျှောက်ထားသောရာထူးနှင့် ကိုက်ညီသော လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး(၂)နှစ် ရှိရမည်။

ဦးစားပေးစဉ်းစားမည့် လုပ်ငန်းအတွေ့အကြုံ
(က) သက်ဆိုင်ရာနယ်ပယ်တွင် အတွေ့အကြုံရှိသူ ဦးစားပေးမည်။

လိုအပ်သော ဘာသာစကား
(က) မြန်မာဘာသာစကား ကျွမ်းကျင်ရမည်။

ဦးစားပေးစဉ်းစားမည့် ဘာသာစကား
(က) အင်္ဂလိပ်စာ အသင့်အတင့် တတ်ကျွမ်းရမည်။

What We Can Offer

အကျိုးအမြတ်

Rewards For Over Performance

ထူးခြားချက်များ

  • An awesome company
  • Join a winning team
  • You can make a difference

အခွင့်အလမ်းများ

  • Opportunities for promotion
  • Possibility for job training
  • Learn new skills and techniques
OR

လုပ်သက်အဆင့်

Manager

အလုပ်အမျိုးအစား

Sales, Business Development

Job Industry

ဘဏ်လုပ်ငန်း/အာမခံလုပ်ငန်း/အသေးစားချေးငွေလုပ်ငန်း

အနိမ့်ဆုံး ပညာအရည်အချင်း

Bachelor Degree

Job Type

Full Time

Share with a Friend