Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Senior Credit Admin Officer

Yoma Bank
| Yangon
Verified This job has been verified by the company as a real job vacancy.
05 Dec 2018
Recruiter active 14 hours ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Senior Credit Admin Officer
Yoma Bank, | Yangon

Senior Credit Admin Officer

Yoma Bank

Senior Credit Admin Officer

Yoma Bank
Recruiter active 14 hours ago The recruiter at this company was last active reviewing applications.
Myanmar - Yangon
Verified This job has been verified by the company as a real job vacancy.

Experience level

Experienced Non-Manager

Job Function

Finance, Accounting, Audit

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Job Description

An Excellent Opportunity for ...

For Credit Administration Department)

အလုပ်၏ ရည်ရွယ်ချက်
- ရိုးမဘဏ်၏ Demand Loan, Overdraft, Pledge Loan အစရှိသော ချေးငွေဆိုင်ရာ အချက်အလက်များ မှန်ကန်မှု ရှိ၊မရှိ ဦးဆောင်သုံးသပ်ရန်၊ လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်ကောင်းမွန်စေရန်အတွက် စဉ်ဆက်မပြတ်လေ့လာ သုံးသပ်ပြီး၊ တိုးတက်ပြောင်းလဲမှုများကို အသင်းအဖွဲ့နှင့်အတူဆောင်ရွက်ရန် ဖြစ်သည်။

အလုပ်၏အဓိက တာဝန်များ
- ဘဏ်ခွဲမှတင်ပြလာသော သက်တမ်းတိုးချေးငွေအမှုတွဲများကို နေ့စဉ်စိစစ်အကဲဖြတ်ခွင့်ပြုခြင်း လုပ်ငန်းအဆင့်ဆင့်ကို ဌာနတွင်းရှိ သက်ဆိုင်ရာအဖွဲ့တွင် ဦးဆောင်ပါဝင်ပြီး အချိန်နှင့်တပြေးညီ ပြီးစီးအောင်ဆောင်ရွက်ရန်။
- ချေးငွေလျှောက်ထားသူ၏ Financial, Collateral & Personal Data များကို သေချာစွာစိစစ်သုံးသပ်ပြီး ကွဲလွဲချက်၊ လိုအပ်ချက်များရှိပါက သက်ဆိုင်ရာဘဏ်ခွဲ၊ဌာနများနှင့်ဆက်သွယ်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ် တွင် ဦးဆောင်ပါဝင်ရန်။
- ဌာနတွင်းသက်ဆိုင်ရာအဖွဲ့များမှု ရရှိလာသောသီတင်းအချက်အလက်များကို စိစစ်သုံးသပ်ရာတွင် ကြီးကြပ် ညွှန်ကြားရန်၊ ကွဲလွဲချက်များ(သို့) လိုအပ်ချက်များရှိပါက အချိန်နှင့်တပြေးညီ စီမံဆောင်ရွက်ရန်၊
- ချေးငွေနှင့်သက်ဆိုင်သော လက်မှတ်ရေးထိုးရန်စာရွက်စာတမ်းများကို ကောင်းစွာသိရှိနားလည်ပြီး အခါအားလျော်စွာ ထုတ်ပြန်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် စီမံဆောင်ရွက်ခြင်း၊
- ဘဏ်၏ချေးငွေမူဝါဒ၊သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးမူဝါဒ၊ ချေးငွေလုပ်ထုံးလုပ်နည်းများ၊ ဗဟိုဘဏ်၏ ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များကို သဘောပေါက် နည်းလည်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်၊
- ရိုးမဘဏ်၏ တိုးတက်ပြောင်းလဲမှုများအား ဦးစီးဆောင်ရွက်ရာတွင် တက်ကြွစွာပါဝင်ပြီး ဌာနအား ဦးစီးဦးဆောင်မှုပြုနိုင်သူ ဖြစ်ရမည်။ အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဦးဆောင်ပါဝင်နိုင်သူ ဖြစ်ရမည်။
- ဌာနတွင်းသက်ဆိုင်ရာအဖွဲ့အလိုက်ချမှတ်ထားသော တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ခြင်း၊ လိုအပ်ချက်များကို သိရှိဆွေးနွေးခြင်း၊ ဌာန၏လုပ်ငန်း စွမ်းဆောင်ရည်တိုးတက်စေရန် ပူးပေါင်းဆောင်ရွက်ခြင်း၊အကဲဖြတ်သုံးသပ်ခြင်းနှင့် လိုအပ်သောပြုပြင်ပြောင်းလဲမှုများကို ပူးပေါင်း ဆောင်ရွက်ခြင်း။
- ချေးငွေနှင့်သက်ဆိုင်သော အခက်အခဲပြဿနာများ၊ ဌာနအတွင်းစီမံခန့်ခွဲမှု၊ အခြားဌာနများ သို့မဟုတ် ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ဆောင်ရွက်ရန်၊
- Fusion Banking Essence တွင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသစ်များ၊ ပြုပြင်ပြောင်းလဲမှုများ၊ အခက်အခဲ ဖြေရှင်းမှုများအတွက် အခြားသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ အဆင်ပြေအောင်မြင်စေရန် အချိန်မီ ဆောင်ရွက်ခြင်း။
- အခါအားလျော်စွာ ဌာနတာဝန်ခံ၊ ဒုတိယတာဝန်ခ၊ံ အဖွဲ့ခေါင်းဆောင်များမှ ပေးအပ်သော တာဝန်များကို ဆောင်ရွက်ပေးခြင်း၊

Open To

Male/Female

Job Requirements

လိုအပ်သော အသိပညာနှင့်ကျွမ်းကျင်မှုများ
(က) လူအများနှင့်ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်ပြီး ဘဏ်ခွဲများ၊ သက်ဆိုင်ရာရုံးဌာနများနှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် အဆင်ပြေစွာ ပြောဆိုဆက်ဆံနိုင်ရမည်။
(ခ) လုပ်ငန်းတာဝန်များအား အချိန်မှီပြီးစီးနိုင်ရမည်။
(ဂ) လုပ်ငန်းများကို အသေးစိတ်ဂရုပြုနိုင်ရမည်။ တာဝန်ယူနိုင်ရမည်။
(ဃ) စာအရေးအသားနှင့် စကားပြောကောင်းမွန်ရမည်။
(င) အဖွဲ့အစည်းနှင့်ကောင်းမွန်စွာ အလုပ်လုပ်နိုင်၍ အချိန်နှင့် တပြေးညီ စီမံခန့်ခွဲနိုင်မှု ကောင်းမွန်ရမည်။
(စ) အရေးကြီးသော၊ အဓိကဖြစ်သော လုပ်ငန်းတာဝန်များအား သိရှိနားလည်နိုင်ရမည်။
(ဆ) ဌာနစိတ်တစ်ခုအား စီမံခန့်ခွဲပြီး ကြီးကြပ်နိုင်ရမည်။ စီမံခန့်ခွဲမှုအတွေ့အကြုံ ရှိသူဖြစ်ရမည်။
(ဇ) လုပ်ငန်းတွင် ပြဿနာအခက်အခဲများကို လက်တွေ့ရင်ဆိုင်ဖြေရှင်းနိုင်သည့် အရည်အသွေးရှိရမည်။

လိုအပ်သော ပညာအရည်အချင်း
(က) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ရမည်။
(ခ) Advanced Microsoft Word, Microsoft Excel & Email အသုံးပြုနိုင်ပြီး မြန်မာစာနှင့် အင်္ဂလိပ်စာ ကျွမ်းကျင်စွာ ရိုက်နိုင်ရမည်။

လိုအပ်သော လုပ်ငန်းအတွေ့အကြုံ
(က) မိမိလျှောက်ထားသောရာထူးနှင့် ကိုက်ညီသော စီမံခန့်ခွဲမှုအတွေ့ အကြုံအပါအဝင် သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ်နှင့်အထက် ရှိရမည်။

ဦးစားပေးစဉ်းစားမည့် လုပ်ငန်းအတွေ့အကြုံ
(က) သက်ဆိုင်ရာနယ်ပယ်တွင် အတွေ့အကြုံရှိသည့် Yoma Bank-Administration Department တွင် Credit Admin Officer ရာထူးဖြင့် လုပ်သက်တစ်နှစ်နှင့်အထက် တာဝန်ထမ်းဆောင်နေ သူများအား ဦးစားပေးမည်။
(ခ) Fusion Banking Essence (FBE) System နှင့်ပတ်သက်သော စီမံခန့်ခွဲမှုအတွေ့အကြုံရှိသူ ဦးစွားပေးမည်။

လိုအပ်သော ဘာသာစကား
(က) မြန်မာဘာသာစကား ကျွမ်းကျင်ရမည်။

ဦးစားပေးစဉ်းစားမည့် ဘာသာစကား
(က) အင်္ဂလိပ်စာ အသင့်အတင့်တတ်ကျွမ်းရမည်။

What We Can Offer

Benefits

Rewards for Over Performance

Highlights

  • An awesome company
  • Join a winning team
  • You can make a difference

Career Opportunities

  • Opportunities for promotion
  • Possibility for job training
  • Learn new skills and techniques