A Good Opportunity for ..
၁။ ကုမ္ပဏီ၏ နေ့စဉ်ဘဏ္ဍာရေးနှင့် စာရင်းကိုင်လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ပြီး စာရင်းအချက်အလက်များ တိကျမှန်ကန်မှု၊ ပြည့်စုံမှုရှိစေရန် နှင့် ကုမ္ပဏီ၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရမည်။
၂။ နေ့စဉ် ငွေဝင်ငွေထွက်စာရင်းများ၊ ဘဏ်စာရင်းများ၊ ပေးရန်ရှိငွေစာရင်းများ (Accounts Payable) နှင့် ရရန်ရှိငွေစာရင်းများ (Accounts Receivable) ကို စစ်ဆေးထိန်းသိမ်းနိုင်ရမည်။
၃။ Cash Sales၊ Mobile Banking၊ QR Payment နှင့် Cashier Closing Report များကို တိုက်ဆိုင်စစ်ဆေးပြီး စာရင်းကွာဟမှုများရှိပါက ဖော်ထုတ်စစ်ဆေးနိုင်ရမည်။
၄။ နေ့စဉ်အရောင်းစာရင်း၊ လစဉ်အရောင်းစာရင်း နှင့် အသုံးစရိတ်စာရင်းများကို ပြုစု၍ သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်မီ တင်ပြနိုင်ရမည်။
၅။ ကုန်ပစ္စည်းလက်ကျန်စာရင်းများဖြစ်သည့် Stock In/Out၊ Stock Transfer၊ Return နှင့် Stock Adjustment စာရင်းများကို စစ်ဆေးကြီးကြပ်နိုင်ရမည်။
၆။ လက်တွေ့ကုန်ပစ္စည်းလက်ကျန် အရေအတွက် (Physical Stock Count) နှင့် စနစ်အတွင်းရှိ ကုန်ပစ္စည်းလက်ကျန်စာရင်း (System Stock Balance) တို့ကို တိုက်ဆိုင်စစ်ဆေးပြီး ကွာဟမှုများရှိပါက စုံစမ်းဖော်ထုတ်နိုင်ရမည်။
၇။ Supplier Payable၊ Customer Receivable နှင့် ငွေပေးချေမှုမှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းစစ်ဆေးပြီး သက်ဆိုင်ရာစာရင်းများကို တိုက်ဆိုင်ညှိနှိုင်းနိုင်ရမည်။
၈။ လစဉ်ဘဏ္ဍာရေးရှင်းတမ်း (Financial Statement)၊ အရှုံးအမြတ်စာရင်း (Profit & Loss Report) နှင့် ငွေသားစီးဆင်းမှုစာရင်း (Cash Flow Report) များကို ပြုစု၍ အထက်အရာရှိများထံ တင်ပြနိုင်ရမည်။
၉။ စာရင်းကွာဟမှုများ နှင့် ဘဏ္ဍာရေးဆိုင်ရာ မမှန်ကန်မှုများကို စစ်ဆေးဖော်ထုတ်ပြီး လိုအပ်သော ပြင်ဆင်ဆောင်ရွက်မှုများကို အကြံပြုနိုင်ရမည်။
၁၀။ စာရင်းကိုင်ဆိုင်ရာ စာရွက်စာတမ်းများ၊ ဘဏ္ဍာရေးမှတ်တမ်းများ နှင့် သက်ဆိုင်ရာအထောက်အထားများကို စနစ်တကျ စုစည်းထိန်းသိမ်းထားနိုင်ရမည်။