Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes

Team Leader (Credit Risk Department)

Yoma Bank
| Yangon
Verified This job has been verified by the company as a real job vacancy.
18 Sep 2018
Recruiter active 1 day ago The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Team Leader (Credit Risk Department)
Yoma Bank, | Yangon

Team Leader (Credit Risk Department)

Yoma Bank

Team Leader (Credit Risk Department)

Yoma Bank
Recruiter active 1 day ago The recruiter at this company was last active reviewing applications.
Myanmar - Yangon
Verified This job has been verified by the company as a real job vacancy.

Experience level

Experienced Non-Manager

Job Function

Finance, Accounting, Audit

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Job Description

A Fantastic Opportunity for ...

အလုပ်၏ ရည်ရွယ်ချက်
- ရိုးမဘဏ်၏ ချေးငွေဆိုင်ရာအချက်အလက်များ မှန်ကန်မှု ရှိ၊မရှိ သုံးသပ်ပြီး ခွင့်ပြုရန်နှင့် ဌာနတွင်းရှိ သက်ဆိုင်ရာအဖွဲ့များအား စီမံခန့်ခွဲရာတွင် ကြီးကြပ်ဆောင်ရွက်ရန် ဖြစ်သည်။

အလုပ်၏အဓိက တာဝန်များ
- ဘဏ်ခွဲမှတင်ပြလာသော ချေးငွေအမှုတွဲအား စီစစ်အကဲဖြတ်ခွင့်ပြုရာလုပ်ငန်းအဆင့်ဆင့်တွင် ဌာနတွင်းရှိ သက်ဆိုင်ရာအဖွဲ့များအား ဦးဆောင်စီမံခန့်ခွဲပြီး ကြီးကြပ်လမ်းညွှန်ခြင်း။
- ဘဏ်၏ချေးငွေမူဝါဒ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဝါဒ၊ ချေးငွေလုပ်ထုံးလုပ်နည်းများ၊ ဗဟိုဘဏ်၏ ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များကို သဘောပေါက် နည်းလည်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်၊
- ချေးငွေလျောက်ထားသူ၏ အခြားဘဏ်ချေးငွေစာရင်းရှင်းတမ်းများနှင့် Financial Statement များ စိစစ်သုံးသပ်ချက်၊ ICR, DCR နှင့်အခြား Ratio များ၊ Financial Statement နှင့် Inspection Report တွင်ကွဲလွဲချက်များအား ဌာနတွင်းသက်ဆိုင်ရာအဖွဲ့များက လေ့လာသုံးသပ်ရာတွင် လိုအပ်ချက်များကို လမ်းညွှန်ပြသရန်၊
- ဌာနတွင်းသက်ဆိုင်ရာအဖွဲ့များမှ Financial report နှင့် Inspection report ကိုက်ညီမှုရှိ/မရှိ၊ အခွန်ဆောင်ထားခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ လုပ်ငန်းလိုင်စင်များစုံလင်မှုမှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ Inspection report, Loan Summary Form Photos တို့မှ တဆင့် လုပ်ငန်းအခြေအနေကိုစိစစ်ခြင်း၊ ချေးငွေအသုံးပြုမည့်အစီအစဉ်၊ ချေးငွေပြန်လည်ပေးဆပ်နိုင်ခြေတို့ကို စိစစ်သုံးသပ်ရာတွင် ကြီးကြပ်ညွှန်ကြားရန်၊ ကွဲလွဲချက်များ၊ လိုအပ်ချက်များရှိပါက စီမံဆောင်ရွက်ရန်၊
- ဌာနတွင်းသက်ဆိုင်ရာအဖွဲ့များမှ အာမခံမြေနှင့် အဆောက်အဦအတွက် ရာဖြတ်တန်ဘိုးများအား Stress Test တွက်ချက်ခြင်း၊ ရာဖြတ်တန်ဖိုးများ သင့်/မသင့်၊ ရာဖြတ်အစီအရင်ခံစာ မှန်ကန်မှုရှိ/မရှိ၊ Land Price Data တွင် စစ်ဆေးခြင်းနှင့် အခြားပြင်ပသတင်းအရင်းမြစ်များမှ လေ့လာစုံစမ်းပြီး အကဲဖြတ်ခြင်း၊ Lawyer report အားသေချာစွာ စစ်ဆေးခြင်းနှင့် အာမခံအဖြစ်ပေးအပ်ထားသော မြေနှင့်အဆောက်အဦး၏ ပိုင်ဆိုင်မှုစာရွက်စာတမ်းအထောက်အထားများအား စိစစ်သုံးသပ်ရာတွင် ကြီးကြပ်ညွှန်ကြားရန်၊ ကွဲလွဲချက်များ၊ လိုအပ်ချက်များရှိပါက စီမံဆောင်ရွက်ရန်၊
- ဌာနတွင်းသက်ဆိုင်ရာအဖွဲ့များမှ ဝန်ထမ်းများအား တာဝန်သတ်မှတ်ပေးခြင်း၊ ၄င်းတို့အား ချမှတ်ထားသောတာဝန်များ ကျေပွန်စွာထမ်းဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ လိုအပ်သည်များကို ညွှန်ကြားပေးခြင်း၊ မိမိဝန်ထမ်းများအား လုပ်ကိုင်မှုစွမ်းရည်မြင့်မားစေရန် အနီးကပ်ကြီးကြပ် သင်ကြားပေးခြင်း၊ ဌာန၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရန် စီမံဆောင်ရွက်ခြင်း၊
- ချေးငွေနှင့်သက်ဆိုင်သော အခက်အခဲပြဿနာများ၊ ဌာနအတွင်းစီမံခန့်ခွဲမှု၊ အခြားဌာနများ သို့မဟုတ် ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ဆောင်ရွက်ခြင်း၊
- Fusion Banking Essence (FBE) Core Banking System တွင် Loan Origination Module မှတဆင့် လျှောက်ထားသည့် ချေးငွေဆိုင်ရာ အချက်အလက်များအား ချေးငွေအမှုတွဲပါ အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ချေးငွေစာရင်းအား FBE တွင် Loan Set Up ဖြစ်သည်အထိ ဆောင်ရွက်ခြင်းအပါအဝင် အခြားစိစစ်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန် FBE System ကို ကျွမ်းကျင်စွာနားလည်အသုံးပြုနိုင်ခြင်း၊
- အခါအားလျော်စွာ ဌာနတာဝန်ခံ၊ ဒုတိယတာဝန်ခံ၊ အကြီးတန်းမန်နေဂျာနှင့် မန်နေဂျာများမှ ပေးအပ်သော တာဝန်များကို ဆောင်ရွက်ပေးခြင်း၊

Open To

Male/Female

Job Requirements

လိုအပ်သော အသိပညာနှင့်ကျွမ်းကျင်မှုများ
(က) လူအများနှင့်ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်ပြီး ဘဏ်ခွဲများ၊ သက်ဆိုင်ရာရုံးဌာနများနှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် အဆင်ပြေစွာ ပြောဆိုဆက်ဆံနိုင်ရမည်။
(ခ) လုပ်ငန်းတာဝန်များအား အချိန်မှီပြီးစီးနိုင်ရမည်။
(ဂ) လုပ်ငန်းများကို အသေးစိတ်ဂရုပြုနိုင်ရမည်။ တာဝန်ယူနိုင်ရမည်။
(ဃ) စာအရေးအသားနှင့် စကားပြောကောင်းမွန်ရမည်။
(င) အဖွဲ့အစည်းနှင့်ကောင်းမွန်စွာ အလုပ်လုပ်နိုင်၍ အချိန်နှင့် တပြေးညီ စီမံခန့်ခွဲနိုင်မှု ကောင်းမွန်ရမည်။
(စ) အရေးကြီးသော၊ အဓိကဖြစ်သော လုပ်ငန်းတာဝန်များအား သိရှိနားလည်နိုင်ရမည်။

လိုအပ်သော ပညာအရည်အချင်း
(က) စီးပွားရေးတက္ကသိုလ်ဘွဲ့ရဖြစ်ရမည်။
(သို့)
တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ရမည်။
LCCI Level II, III (သို့) စီးပွားရေး Diploma တစ်ခုခု ရရှိထားသူဖြစ်ရမည်။
(ခ) Advanced Microsoft Word, Microsoft Excel နှင့် E-mail အသုံးပြုနိုင်ပြီး မြန်မာစာနှင့် အင်္ဂလိပ်စာ ကျွမ်းကျင်စွာရိုက်နိုင်ရမည်။

လိုအပ်သော လုပ်ငန်းအတွေ့အကြုံ
(က) မိမိလျှောက်ထားသောရာထူးနှင့် ကိုက်ညီသော စီမံခန့်ခွဲမှုအတွေ့ အကြုံအပါအဝင် သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ် ရှိရမည်။

ဦးစားပေးစဉ်းစားမည့် လုပ်ငန်းအတွေ့အကြုံ
(က) သက်ဆိုင်ရာနယ်ပယ်တွင် အတွေ့အကြုံရှိသည့် Yoma Bank-Credit Risk Department တွင် လက်ရှိSenior Analyst ရာထူးဖြင့် လုပ်သက်တစ်နှစ်အထက် တာဝန်ထမ်းဆောင် နေသူများအား ဦးစားပေးမည်။

လိုအပ်သော ဘာသာစကား
(က) မြန်မာဘာသာစကား ကျွမ်းကျင်ရမည်။

ဦးစားပေးစဉ်းစားမည့် ဘာသာစကား
(က) အင်္ဂလိပ်စာ အသင့်အတင့် တတ်ကျွမ်းရမည်။

What We Can Offer

Benefits

Rewards for Over Performance

Highlights

  • An awesome company
  • Join a winning team
  • You can make a difference

Career Opportunities

  • Opportunities for promotion
  • Possibility for job training
  • Learn new skills and techniques