Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes
X

Home Loan Specialist

Yoma Bank
| Yangon
  1 Post
Verified This Job has been Verified as
Real by the Company.
This Job has been Verified as
Real by the Company.
23 May 2018
Recruiter active1 day ago This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Home Loan Specialist
Yoma Bank, | Yangon

Home Loan Specialist

Yoma Bank

Home Loan Specialist

Yoma Bank
Recruiter active1 day ago This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
Myanmar - Yangon
Verified This Job has been Verified as
Real by the Company.

Experience level

Experienced Non-Manager

Job Function

Finance, Accounting, Audit

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Job Description

A Fantastic Opportunity for ...

အလုပ်၏ရည်ရွယ်ချက်
အိမ်ယာချေးငွေများကို သတ်မှတ်ထားသည့် စံနှုန်းပြည့်မီအောင် ရောင်းချနိုင်ခြင်း၊ သွက်လက်တက်ကြွသော အရောင်း ၀န်ဆောင်မှုပေးခြင်း၊ သက်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ခြင်း။ ဘဏ်ခွဲမန်နေဂျာကို တိုက်ရိုက် တင်ပြရန်ဖြစ်ပြီး ရုံးချုပ်မှ Home Loan Manager မှ ညွှန်ကြားချက်များကိုလည်း လက်ခံဆောင်ရွက်ရန် လိုအပ်ပါသည်။
တာဝန်နှင့်ဝတ္တရားများ (Key Accountabilities)
 ဘဏ်ခွဲသို့သတ်မှတ်ထားသော အိမ်ယာချေးငွေရောင်းချသည့်အရေအတွက်များပြည့်မီအောင် အိမ်ယာ ချေးငွေဝယ်ယူသူများအား တက်ကြွစွာရှင်းလင်းရောင်းချခြင်း။
 အိမ်ယာချေးငွေရရှိရန် လုပ်ငန်းတာဝန်များအဆင့်ဆင့်ကို အိမ်ယာချေးငွေဝယ်ယူသူများအား အသေးစိတ် ရှင်းလင်းပြောကြားပေးခြင်း။
 အိမ်ယာချေးငွေဝယ်ယူသူများ(Customer)၏လိုအပ်ချက်များကိုကြိုတင်သိရှိနားလည်ပြီးအိမ်ယာချေးငွေ နှင့်တကွအခြားဆက်စပ်သည့်ဘဏ်ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို တက်ကြွစွာရောင်းချခြင်း။ (Pro-active Sell & Cross-Sell)
 ဒေသအလိုက်ချေးငွေအသစ်များရရှိနိုင်ရန် အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းများ၊ အိမ်ယာဆောက်လုပ်ရေး ကုမ္ပဏီများ(Developer) နှင့်ချိတ်ဆက်၍ရိုးမဘဏ်၏အိမ်ယာချေးငွေအားအရောင်းမြှင့်တင် မှုများပြုလုပ်ခြင်း။
 အိမ်ယာချေးငွေဝယ်ယူသူများ(Customer)၏ မိသားစုအခြေအနေ၊ ၀င်ငွေ၊ ပေးရန်တာဝန်များနှင့် ကုန်ကျစရိတ်များအား သုံးသပ်၍ လိုအပ်ပါကကြိုတင်ချေးငွေခွင့်ပြုချက်ပေးခြင်း။ (pre-approval application ပေးရန် လိုအပ်သောတွက်ချက်မူများကို သင်ကြားပေးပါမည်။)
 အိမ်ခြံမြေဈေးကွက်၏ပြောင်းလဲမှုများ၊ရှေ့အလားအလာများ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများပေါ်ထွက်ခြင်း၊ ပြောင်းလဲခြင်းများအားစဉ်ဆက်မပြတ်လေ့လာသုံးသပ်နိုင်ခြင်း။
 အိမ်ယာချေးငွေအသစ်လျောက်ထားရာတွင် ၀ယ်ယူများ၏အချက်အလက်များအား Tablet များတွင် တိကျစွာ ထည့်သွင်းနိုင်ခြင်း။

အောက်ပါအချက်အလက်များအား လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါသည်။
 သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ ၊ ရိုးမဘဏ် ၏ Risk & Compliance Department နှင့် အိမ်ယာချေးငွေဌာနမှ ချမှတ်ထားသော ချေးငွေနှင့်ပက်သက်သော စည်းမျဉ်းစည်းကမ်းများ၊ စံသတ်မှတ်ချက်များ၊ Policy များနှင့် ကိုက်ညီအောင်ဆောင်ရွက်ရန်။
 Customer အတွေ့အကြုံနှင့်ပတ်သတ်၍ တိုးတက်ကောင်းမွန်အောင်ပြုလုပ်နိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေပြီး အပြောင်းအလဲများအတွက် အကြံပြုထောက်ခံချက်ပေးရန်။
 ရှုပ်ထွေးသော ချေးငွေဆိုင်ရာ အချက်အလက်များ၊ ပိုင်ဆိုင်မှူ နှင့်ပက်သက်သော စာချုပ်စာတမ်းများနှင့် ပက်သက် ၍ မသေချာမှူများ ရှိပါက Customer များအား အကြံပြုချက် မပေးမှီရုံးချုပ်မှ အိမ်ယာချေးငွေဌာနနှင့် ဆက်သွယ်၍ တိုင်ပင်ဆွေးနွေးရန်။
 ချေးငွေလျှောက်လွှာများအား သတ်မှတ်ချိန် (SLA-Service Level Agreement) အတွင်း လျှင်မြန်စွာ ပြီးစီးမှုကို တာဝန်ယူရန်၊တာဝန်ခံရန်။
 ပေးအပ်ထားသော လုပ်ငန်းနှင့်ပတ်သတ်သည့် Tablets များအားကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ရန်။ (ပျောက်ဆုံးမှု၊ ပျက်စီးမှုများ ရှိပါက မိမိကိုယ်တိုင်တာဝန်ယူရပါမည်။)
 Tablet များအား ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် အသုံးပြုခြင်း မပြုလုပ်ရပါ။
 ရုံးချုပ်မှပေးအပ်ထားသော Tablet များအသုံးပြု ၍ ချေးငွေလျှောက်ထားသူများ ၏ စာရွက်စာတမ်းများကို အစီအစဉ်အလိုက် သက်ဆိုင်ရာ နေရာများတွင် ပြတ်သားသော ဓာတ်ပုံများရိုက်ကူးပေးရပါမည်။
 ရုံးချုပ်မှ ချေးငွေခွင့်ပြုရန်ရရှိပြီးပါက ချေးငွေကျရန် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနနှင့် ချိတ်ဆက်၍ လိုက်လံဆောင်ရွက်ပေးရန်။
 အိမ်၊ခြံ၊မြေအဆောက်အဦးများ၏ မူရင်းစာရွက်စာတမ်းများကို အသေးစိတ်တိကျစွာ စာရင်းသွင်းရန်၊ ထိန်းသိမ်းရန်နှင့်နာမည်ပြောင်းရန်လိုအပ်ပါကရှေ့နေများနှင့် လိုအပ်သလိုလိုက်လံဆောင်ရွက်ပေးရန်။
 Customerကို လုပ်ငန်းစစ်နှင့်ဝယ်ယူမည့်အိမ်ကို သွားရောက်စစ်ဆေးရာတွင်ဘဏ်အတွင်း သတ်မှတ် ထားသော စည်းကမ်းချက်များ နှင့်ကိုက်ညီမူရှိ၊မရှိ လိုအပ်သလို စစ်ဆေးရမည်။ တာဝန်ခံရပါမည်။

Open To

Male/Female

Job Requirements

လိုအပ်သော အသိပညာနှင့်ကျွမ်းကျင်မှုများ
• ပိုင်းခြားစိတ်ဖြာနိုင်စွမ်းရှိပြီး အပြောင်းအလဲရှိသော ပတ်ဝန်းကျင်တွင် လုပ်ဆောင် နိုင်ရမည်။
• လူအများနှင့်ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ရမည်။အမျိုးမျိုးသော Customer များနှင့် ကောင်းမွန်စွာဆက်ဆံ၊ ညှိနှိုင်းတတ်ရမည်။
• စာအရေးအသားနှင့် စကားပြောစွမ်းရည် ကောင်းမွန်ရမည်။
• Customer ၏လုပ်ငန်းအားကောင်းမွန်စွာသုံးသပ်နိုင်ပြီး Analytic, Research နှင့် ပတ်သက်သော တာဝန်များကိုလည်းလုပ်ဆောင်နိုင်ရမည်။
• လုပ်ငန်းကြောင့် ဖြစ်ပေါ်လာသောစိတ်ဖိစီးမှုများအောက်တွင်ကောင်းမွန်စွာအလုပ် လုပ်ကိုင်နိုင်သူဖြစ်ရမည်။
• ရိုးသားကြိုးစား၍ ယုံကြည်စိတ်ချရသောသူဖြစ်ရမည်။
• အဖွဲ့အစည်းနှင့် ကောင်းမွန်စွာအလုပ်လုပ်နိုင်၍ အချိန်နှင့်တပြေးညီစီမံခန့်ခွဲနိုင်မှု၊ ပြဿနာများကိုဖြေရှင်းနိုင်မှုရှိရမည်။
• လုပ်ငန်းတာဝန်များ လုပ်ဆောင်ရာတွင် ပညာရှင် (Professional) ဆန်ဆန် အလုပ်လုပ်နိုင်ရမည်။

လိုအပ်သော ပညာအရည်အချင်း
(က) တက္ကသိုလ်တစ်ခုခုမှ စီးပွားရေးဆိုင်ရာဘွဲ့တစ်ခုခု (Bachelor of Business Management, Commerce, Finance, Accounting, Economics and/or industry-specific qualifications) ရှိရမည်။
(ခ) ကွန်ပြူတာ (MS Office – Excel, Word) နှင့် E-mail ကျွမ်းကျင်စွာအသုံးပြု တတ်ရမည်။

လိုအပ်သော လုပ်ငန်းအတွေ့ အကြုံ
(က) မိမိလျှောက်ထားသောရာထူးနှင့်ကိုက်ညီသော လုပ်ငန်းအတွေ့ အကြုံ အနည်းဆုံး (၂)နှစ်ရှိရမည်။
လိုအပ်သော ဘာသာစကားများ
(က) မြန်မာဘာသာစကား ကျွမ်းကျင်ရမည်။
ဦးစားပေးစဉ်းစားမည့် ဘာသာစကား
(က) အင်္ဂံလိပ်စာ အသင့်အတင့် တတ်ကျွမ်းရမည်။

What we can offer

Benefits

Rewards for Over Performance

Highlights

  • An awesome company
  • Join a winning team
  • You can make a difference

Career Opportunities

  • Opportunities for promotion
  • Possibility for job training
  • Learn new skills and techniques