19th March, 2026
2026 JobNATION Yangon အလုပ်အကိုင်ပြပွဲအတွက် အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုမျိုးပြင်ဆင်မလဲ
Share
Blog Link Copied
မြန်မာနိုင်ငံရဲ့အကြီးကျယ်အခမ်းနားဆုံး JobNATION အလုပ်အကိုင်ပြပွဲကြီး မတ်လ 21 ရက်နေ့တွင် Novotel Yangon Max မှာ မနက် 9 နာရီကနေ ညနေ 5 နာရီအထိ JobNet.com.mm မှ ပြုလုပ်ကျင်းပမှာဖြစ်ပါတယ်။ ဒီအလုပ်အကိုင်ပြပွဲကြီးမှာ ပြည်တွင်းနဲ့ နိုင်ငံတကာအခြေစိုက်ထိပ်တန်းကုမ္ပဏီပေါင်း 65 ခု ကျော်ကပါဝင်မှာဖြစ်ပါတယ်။
ဒီတစ်ခေါက် JobNATION အလုပ်အကိုင်ပြပွဲကြီးကိုလာရောက်ပြီး အလုပ်ရှာဖွေလျှောက်ထားတဲ့အခါမှာ အလုပ်အကိုင်ရှာဖွေနေသူတွေအနေနဲ့ အရင်ကလို CV ဖောင်တွေ၊ စာရွက်စာတမ်းတွေနဲ့ လာစရာမလိုတော့ပါဘူး။
အလုပ်ရှာဖွေသူတွေအတွက်ရော အလုပ်ခေါ်ယူသူတွေအတွက်ပါ အဆင်ပြေလွယ်ကူစေမယ့် Paperless Technology နည်းပညာကို JobNet.com.mm ကနေ ထည့်သွင်းထားပါတယ်။
ကိုယ့်ရဲ့ကိုယ်ရေးအချက်တွေပြည့်ပြည့်စုံစုံဖြည့်စွက်ထားတဲ့ JobNet Profile နဲ့ CV ကို QR Code တစ်ခုဖြင့် ချိတ်ဆက်ထားပြီး အလုပ်လျှောက်တဲ့အခါမှာ အဲဒီ QR ကို အလုပ်ရှင်က Scan ဖတ်လိုက်ရုံဖြင့် JobNet Profile မှာဖြည့်စွက်ထားတဲ့ကိုယ့်ရဲ့အချက်အလက်တွေအားလုံးက အလုပ်ရှင်ကိုရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။ Digital CV ID QR Code ကို သင့်ဖုန်းတွင် ဒေါင်းလုဒ်လုပ်ပြီး save ထားနိုင်ပါတယ်။ အရမ်းကိုရိုးရှင်းလွယ်ကူပါတယ်။
JobNet Digital CV ID ကိုပြုလုပ်ဖို့အတွက် ပြင်ဆင်ရမှာတွေက အရမ်းကိုလွယ်ကူပါတယ်။ အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့ JobNet Profile မှာ လုပ်ငန်းအတွေ့အကြုံတွေနဲ့ အလုပ်လျှောက်ဖို့လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေအားလုံးကို ပြည့်ပြည့်စုံစုံဖြည့်စွက်ထားဖို့ပါပဲ။ အရင်ဆုံး JobNet.com.mm မှာ Register လုပ်ထားတဲ့ Email/Password နဲ့ Login ဝင်ပါ။ Login ဝင်ပြီးတာနဲ့ အလုပ်လျှောက်ဖို့အတွက်လိုအပ်တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံဖြည့်စွက်ဖို့ My Profile ကိုရွေးချယ်ပါ။
- အကယ်၍ Register မပြုလုပ်ရသေးပါက Register ပြုလုပ်ပါ။
ကိုယ်ရေးအချက်အလက်တွေကို ပြည့်ပြည့်စုံစုံဖြည့်စွက်ပြီးသွားပြီဆိုရင် Menu Option ကနေတဆင့် My Digital CV ID ကိုနှိပ်လိုက်လျှင် QR Code ပေါ်လာမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ JobNet Profile ကို ပြည့်စုံအောင်ဖြည့်စွက်ပြီးသွားပြီဆိုရင်တော့ JobNet Digital CV ID ကိုအသုံးပြုပြီး စတင်အလုပ်လျှောက်လို့ရပါပြီ။
ပွဲမှာပါဝင်သောကုမ္ပဏီများရဲ့ QR code ကို scan ဖတ်ရုံနဲ့ ၎င်းကုမ္ပဏီများမှခေါ်ယူထားတဲ့အလုပ်အကိုင်၊ အခွင့်အလမ်းများကို ကြည့်ရှုပြီး မိမိနဲ့ကိုက်ညီတဲ့အလုပ်ကို “APPLY NOW” နှိပ်ခြင်းဖြင့် မိမိရဲ့ CV အား ကုမ္ပဏီများထံတိုက်ရိုက်ပေးပို့မှာဖြစ်ပါတယ်။
ဒါ့ကြောင့် မိမိရဲ့ JobNet Profile မှာ အလုပ်အတွေ့အကြုံနှင့် ကိုယ်ရေးအချက်အလက်များကို update လုပ်ထားဖို့အရေးကြီးပါတယ်။
ဒီနေ့ပဲ JobNATION job fair မှာစာရင်းသွင်းလိုက်ပါ။ LINK