An Excellent Opportunity for ...
၁။ ဝန်ထမ်းများ၏ နေ့စဉ် အလုပ်တက်/ဆင်း မှတ်တမ်းများ၊ ခွင့်ခံစားမှုများနှင့် ပျက်ကွက်မှုများကို စစ်ဆေးမှတ်တမ်းတင်ပြီး သက်ဆိုင်ရာမန်နေဂျာများထံ အချိန်မီ တင်ပြခြင်း။
၂။ ကုမ္ပဏီ၏ ရုံးသုံးပစ္စည်းများ၊ ပရိဘောဂများနှင့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်း၊ ဖြန့်ဝေခြင်း၊ ထိန်းသိမ်းခြင်းနှင့် စာရင်းမှတ်တမ်းများ ထားရှိခြင်း။
၃။ ကုမ္ပဏီ၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဖြစ်သည့် ဝန်ထမ်းကြို/ပို့ခြင်း၊ အရောင်းယာဉ်များနှင့် အခြားကုမ္ပဏီယာဉ်များ အသုံးပြုမှုတို့ကို စီစဉ်ကြီးကြပ်ခြင်း။
၄။ ကုမ္ပဏီယာဉ်များအတွက် စက်သုံးဆီ၊ စက်ဆီနှင့် ချောဆီများ ဝယ်ယူဖြည့်တင်းခြင်း၊ အသုံးပြုမှုများကို စစ်ဆေးမှတ်တမ်းတင်ခြင်း။
၅။ ကုမ္ပဏီပိုင် မော်တော်ယာဉ်များ၏ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုနှင့် လိုအပ်သော ပြုပြင်မှုများကို စီစဉ်ဆောင်ရွက်ခြင်း၊ ပြုပြင်စရိတ်များကို စိစစ်၍ သက်ဆိုင်ရာမန်နေဂျာများထံ တင်ပြအတည်ပြုချက်ရယူခြင်း။
၆။ ကုမ္ပဏီ၏ ရုံးခန်းနှင့် အဆောက်အဦများ၊ ရေ၊ မီး၊ မိလ္လာစနစ်များ၊ ဥယျာဉ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ထိန်းသိမ်းခြင်း။
၇။ စီမံရေးရာဌာန၏ နေ့စဉ်အသုံးစရိတ်များအတွက် ကြိုတင်ငွေတောင်းခံခြင်း၊ အသုံးစရိတ်များ စိစစ်ခြင်း၊ စာရင်းမှတ်တမ်းတင်ခြင်းနှင့် ငွေစာရင်းရှင်းလင်းခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ခြင်း။
၈။ ရုံးတွင်း၊ ရုံးပြင် သန့်ရှင်းရေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ထမ်းများအား တာဝန်ခွဲဝေပေးခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်း။
၉။ ကုမ္ပဏီ၏ လုပ်ငန်းလိုအပ်ချက်အရ ဘဏ်ငွေသွင်းခြင်း၊ ငွေထုတ်ခြင်းနှင့် ငွေလွှဲခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ခြင်း။
၁၀။ စီမံရေးရာဌာနနှင့် သက်ဆိုင်သော လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း။
၁၁။ စီမံရေးရာလုပ်ငန်းများ၏ အသုံးစရိတ်၊ ယာဉ်အသုံးပြုမှု၊ ပြုပြင်ထိန်းသိမ်းမှုနှင့် အခြားသက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို စာရင်းမှတ်တမ်းတင်ပြီး နေ့စဉ်၊ အပတ်စဉ်နှင့် လစဉ် အစီရင်ခံစာများ ပြုစုတင်ပြခြင်း။
၁၂။ Admin Manager / General Manager ၏ ညွှန်ကြားချက်များနှင့်အညီ အခြားစီမံရေးရာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခြင်း။