Responsibilities (ဝတ္တရားများ)
၁။ ဝန်ထမ်းကြို/ပို့ယာဿ်မောင်းတာဝန်ချထားခြင်းခံရသော ယာဉ်မောင်းများသည် အချိန်မီရောက်ရှိရေး ဦးစားပေး ဆောင်ရွက်ရမည်။
၂။ လိုအပ်ချက်အရတာဝန်ပေးအပ်ပါက အခြားမည်သည့်ယာဉ်ကိုမဆို မောင်းနင်ပေးရမည်။
၃။ ယာဉ်မောင်းများသည် ကိုယ်နှုတ်အမူအရာ ယဉ်ကျေးရမည်။
၄။ မိမိတို့အားသတ်မှတ်တာဝန်ပေးထားသောယာဉ်များ အစဉ်အမြဲကြံ့ခိုင်ရေး၊ သန့်ရှင်းရေးတို့ကိုနေ့စဉ် မပြတ် စစ်ဆေး ဆောင်ရွက်ရမည်။
၅။ အမြဲအသင်အသုံးပြု၍ရသည့် အခြေအနေဖြစ်နေအောင် စစ်ဆေးဆောင်ရွက်ထားရှိရမည်။
၆။ ယာဉ်ကြံ့ခိုင်ရေးအတွက် ယာဉ်ကိုနေ့စဉ်စစ်ဆေး၍ ပြင်ဆင်ရန်လိုအပ်သည့်အပိုင်းရှိပါက အချိန်မီတင်ပြ ဆောင်ရွက်ထားရှိရမည်။
၇။ မိမိတာဝန်ယူရသောယာဉ်အပြင် အခြားယာဉ်မောင်းသီးသန့်မရှိသောယာဉ်များ၏ ကြံ့ခိုင်ရေး၊ သန့်ရှင်းရေး ကိုပါ ပူးပေါင်းဆောင်ရွက်ရမည်။ (မော်တော်ယာဥ◌်တိုင်း အစဉ်အမြဲ ကြံ့ခိုင်သန့်ရှင်းနေစေရန် ယာဉ်မောင်း တိုင်းတွင် တာဝန်ရှိပါသည်။)
၈။ ယာဉ်မောင်းနင်ရာတွင် စိတ်ရှည်စွာဖြင့် ညှင်ညှင်သာသာကိုင်တွယ်မောင်းနင်ရမည်။ လိုရာခရီးသို့ အန္တရာယ် ကင်းစွာဖြင့် ချောချောမောမော ရောက်ရှိရေးသည်
၉။ ယာဉ်ကို ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းနှင့်အညီကိုင်တွယ်မောင်းနင်ရမည်။ ယာဉ်ကို စည်းကမ်းမဲ့စွာ ဗရမ်းပတာ ကျော်တက်မောင်းနင်ခြင်း၊ ယာဉ်ကြောလုဝင်ခြင်း၊ လုထွက်ခြင်း၊ လုမောင်းခြင်း၊ ပြိုင် မောင်းခြင်း လုံးဝမပြုလုပ်ရ။
၁၀။ မောင်းသူပေါ့ဆမှုကြောင့် ထိခိုက်မိခြင်း၊ အဖမ်းအဆီးခံရခြင်းများဖြစ်ပါက ကုမ္ပဏီတွင် တာဝန်မရှိစေရ။ ထိုသို့ဖြစ်ခဲ့ပါက ဖြစ်စဉ်ကို မော်တော်ယာဉ်မှူးထံ မပျက်မကွက်အသိပေးတင်ပြထားရမည်။
၁၁။ မော်တော်ယာဉ်အသုံးပြုမှုမှတ်တမ်း (Lock Book) ကိုဖြည့်သွင်းရာတွင် သတ်မှတ်ညွှန်ကြားထားသည့် အတိုင်း တိတိကျကျနှင့် စနစ်တကျဖြည့်စွက်ရေးသားရပါမည်။ မိမိတို့လုပ်ငန်းဆောင်ရွက်တိုင်းကို မော်တော်ယာဉ်မှူးမှတစ်ဆင့် အစီရင်ခံတင်ပြရမည်။
၁၂။ မိမိတာဝန်ယူရသော မော်တော်ယာဉ်နှင့်ပတ်သက်သည့် ပြင်ဆင်မှု၊ ပစ္စည်းအစားထိုးလဲလှယ်မှု၊ အသစ် ဝယ်ယူတပ်ဆင်မှုစသည့် တစ်ခုခုလုပ်ဆောင်တိုင်း ပြင်ဆင်ထိန်းသိမ်းရေးမှတ်တမ်းကို မော်တော်ယာဉ်မှူး ထံတင်ပြပေးရမည်။
၁၃။ လုပ်ငန်းနင့်ပတ်သက်၍ တရားသဖြင့်ပေးအပ်သော တာဝန်များကိုလည်းဆောင်ရွက်ရမည်။
၁၄။ Teamwork လုပ်ဆောင်နိုင်ရမည်။ Team Building ကို အထောက်အကူပြုရပါမည်။
၁၅။ ကုမ္ပဏီမှ လုပ်ငန်းလိုအပ်ချက်အရ အခါအားလျှော်စွာထုတ်ပြန်သော စည်းမျဉ်းစည်းကမ်းများကို မပျက်မကွက် လိုက်နာရန်တာဝန်ရှိသည်။