An Exciting Opportunity for ...
၁။ အဖွဲ့အား ဦးဆောင်ခြင်း - အရောင်းအဖွဲ့တစ်ခုလုံး၏ လုပ်ငန်းစွမ်းဆောင်ရည် ပန်းတိုင်များ ပြည့်မီစေရန်အတွက် အဖွဲ့ကို တက်ကြွစွာ ဦးဆောင်ခြင်း၊ စိတ်ဓာတ်ခွန်အား ပေးခြင်းနှင့် လမ်းညွှန်ပြသခြင်းများ ပြုလုပ်ရမည်။
၂။ အရောင်းနှင့် ဖောက်သည်ဆိုင်ရာ အချက်အလက်များ စီမံခန့်ခွဲခြင်း - အရောင်းဝန်ထမ်းများ (SRs) ၏ အရောင်းအချက်အလက်များနှင့် ဖောက်သည်ဆိုင်ရာ အချက်အလက်များကို ပြုစုခြင်း၊ ထိန်းသိမ်းခြင်းနှင့် အမြဲမပြတ် မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ရမည်။
၃။ သွားရောက်မည့် လမ်းကြောင်းများ စီစဉ်သတ်မှတ်ခြင်း - ဈေးကွက်အတွင်း နေရာအနှံ့ လွှမ်းခြုံနိုင်စေရန်နှင့် ဖောက်သည်ဝန်ဆောင်မှုများ ထိရောက်စွာ ပေးအပ်နိုင်စေရန်အတွက် အရောင်းဝန်ထမ်းများ (SRs) သွားရောက်ရမည့် လမ်းကြောင်းများကို စီစဉ်သတ်မှတ်ပေးရမည်။
၄။ အရောင်း Target များ ပြည့်မီအောင် ဆောင်ရွက်ခြင်း - သတ်မှတ်ထားသော အရောင်း Target များ ပြည့်မီစေရန် အရောင်းအဖွဲ့ကို စီမံခန့်ခွဲခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်း ပြုလုပ်ရမည်။
၅။ ဖောက်သည်များ၏ Complained များကို ကိုင်တွယ်ဖြေရှင်းခြင်း - ဖောက်သည်များနှင့် ခိုင်မာသော ဆက်ဆံရေးနှင့် ယုံကြည်မှု တည်ဆောက်ရင်း၊ ၎င်းတို့၏ Complained များကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရမည်။
၆။ ကုန်ပစ္စည်းလက်ကျန်နှင့် အရောင်းမြှင့်တင်ရေး အစီအစဉ်များ Update လုပ်ခြင်း - အရောင်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်လာစေရန်အတွက် ကုန်ပစ္စည်းလက်ကျန် အခြေအနေများနှင့် အရောင်းမြှင့်တင်ရေး အစီအစဉ် အသစ်များကို အရောင်းဝန်ထမ်းများ (SRs) ထံ အသိပေးမျှဝေရမည်။
၇။ အစီရင်ခံစာများ တင်ပြခြင်း - အရောင်းလုပ်ငန်း စွမ်းဆောင်ရည်ဆိုင်ရာ အစီရင်ခံစာများကို ပုံမှန် ပြုစုပြီး စီမံခန့်ခွဲမှုအဖွဲ့ထံ တင်ပြရမည်။