Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes
X

Team Lead - Business Development (Branch)

Yoma Bank
Thanlyin | Yangon
  10 Posts
Verified This Job has been Verified as
Real by the Company.
This Job has been Verified as
Real by the Company.
1 day(s) ago
Recruiter active10 hours ago This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Team Lead - Business Development (Branch)
Yoma Bank, Thanlyin | Yangon

Team Lead - Business Development (Branch)

Yoma Bank

Team Lead - Business Development (Branch)

Yoma Bank
Recruiter active10 hours ago This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
Myanmar - Yangon
Verified This Job has been Verified as
Real by the Company.

Experience level

Manager

Job Function

Sales, Business Development

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Job Description

An Exciting Opportunity for ...

Team Lead – Business Development သည် မိမိဘဏ်ခွဲ၏ အရောင်းလုပ်ငန်းများ အောင်မြင်စွာ တိုးတက်နိုင်ရန် ဦးဆောင်ကာ အရောင်းဝန်ထမ်းများအား လိုအပ်သော လမ်းညွှန်မှု၊ အကြံပြုမှုနှင့် ပံ့ပိုးကူညီမှုများ ပေးအပ်၍ စွမ်းဆောင်ရည်မြင့်မားသော အဖွဲ့တစ်ဖွဲ့ ဖြစ်ပေါ်လာစေရန် တာဝန်ယူဆောင်ရွက်ရမည်။ ထို့အပြင် သတ်မှတ် ထားသော Loan နှင့် Deposit Targets များအား ထိရောက်သော အရောင်းနည်းဗျူဟာများဖြင့် ပြည့်မီအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ အရည်အသွေးကောင်းမွန်သော ချေးငွေများ ရရှိစေရန် စိစစ်သုံးသပ်မှုများကို စနစ်တကျ လုပ်ဆောင်ရမည်။ ရည်မှန်းချက်များ အောင်မြင်စွာ ပြည့်မီစေရန်နှင့် ရလာဒ်ကောင်းများ ဆက်လက် ရရှိစေရန် စံပြခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်ကာ ဘဏ်ခွဲတာဝန်ခံ အား ထိရောက်စွာ အထောက်အကူပြုနိုင်သော ဝန်ထမ်းတစ်ဦး ဖြစ်စေရန် ရည်ရွယ်သည်။

KEY RESPONSIBILITIES

  • မိမိဘဏ်ခွဲ၏ တည်နေရာနှင့် စျေးကွက်အခြေအနေများအပေါ် အခြေခံ၍ Customer အသစ်များ ရရှိစေရန် ဆောင်ရွက်ပြီး ဒေသတွင်း စျေးကွက်အခြေအနေများအား စဉ်ဆက်မပြတ် လေ့လာ သုံးသပ်ကာ နေ့စဉ်နှင့် အပတ်စဉ် Inbound / Outbound Sales Plan များကို စနစ်တကျ စီစဉ်တင်ပြ၍ သတ်မှတ်ထားသော Goalsများ ပြည့်မီစေရန် အရောင်းလုပ်ငန်းများကို ထိရောက်စွာ ဦးဆောင် ဆောင်ရွက်ရန်။
  • Customer များ၏ စီးပွားရေးလိုအပ်ချက်များနှင့် ကိုက်ညီသော အရည်အသွေးပြည့်မီသည့် ချေးငွေ ဝန်ဆောင်မှုများကို ရှင်းလင်းအကြံပြုနိုင်ပြီး ချေးငွေကောင်းများ ရရှိစေရန် Customer များ၏ လုပ်ငန်း အခြေအနေ၊ ငွေစီးဆင်းမှုနှင့် ပိုင်ဆိုင်မှုအခြေအနေများအား စနစ်တကျ စိစစ်သုံးသပ်၍ အရည်အသွေးမြင့် Customer များ ရှာဖွေရန်။
  • ဘဏ်သို့ ရောက်ရှိလာသော Customer များအား လက်မလွတ်စေရန် ကျွမ်းကျင်၊ ရင်းနှီးဖော်ရွေသော ဝန်ဆောင်မှုပုံစံဖြင့် Yoma Bank ၏ Products နှင့် Services များကို မိတ်ဆက်ရှင်းပြ၍ ရောင်းချနိုင်ရန်နှင့် လက်ရှိ Customer များအပြင် Customer အသစ်များကိုလည်း စဉ်ဆက်မပြတ် ရှာဖွေတိုးချဲ့ရန်။
  • Loan နှင့် Deposit Customer အသစ်များ ရရှိစေရန် Inbound Sales Activities များကို နေ့စဉ်ဆောင်ရွက်ခြင်းအပြင် ဒေသတွင်း စီးပွားရေးပွဲများ၊ ပြပွဲများ၊ Real Estate Services၊ Construction Companies များနှင့် ချိတ်ဆက်ကာ Outbound Sales Activities များမှတဆင့် ဘဏ်၏ Products များအား မိတ်ဆက်ပေး၍ Customer စိတ်ဝင်စားမှုနှင့် လုပ်ငန်းအခွင့်အလမ်းများ တိုးတက်စေရန်။
  • Customer များအား ချေးငွေပြန်လည်ပေးဆပ်နိုင်မှု၊ အတိုးနှုန်း၊ Repayment Schedule နှင့် Loan Amount များကို နားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြားနိုင်ပြီး တာဝန်ယူမှုရှိသော Lending Process များဖြင့် ချေးငွေကောင်းများ ဖော်ဆောင်ရန်။
  • Loan Process စတင်ချိန်မှ ပြန်လည်ပေးဆပ်ပြီးဆုံးချိန်အထိ Customer များနှင့် ပတ်သက်သော ဝန်ဆောင်မှုများကို မှန်ကန်ချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရန်နှင့် ရေရှည် Customer Relationship ကောင်းမွန်စွာ တည်ဆောက်နိုင်ရန်။ ထို့အပြင် မိမိဌာနရှိ ဝန်ထမ်းများအား တာဝန်ခွဲဝေ၍ စနစ်တကျ စီမံခန့်ခွဲ လမ်းညွှန်နိုင်ရန်။
  • ဘဏ်၏ Loan Policies၊ Procedures နှင့် Regulatory Guidelines များအား အပြည့်အဝ နားလည်လိုက်နာနိုင်ပြီး Customer များအားလည်း ရှင်းလင်းနားလည်စေရန် ဆောင်ရွက်နိုင်ရမည်။
  • Customer ကို ဝန်ဆောင်မှုပေးရာတွင် SLA (Service Level Agreement) ကိုနားလည် သဘောပေါက်ပြီး အဆိုပါ SLA (Service Level Agreement) များအတိုင်း ဆောင်ရွက်ရန်။
  • မိမိတာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းတာဝန်များအပေါ် တာဝန်ယူမှုနှင့် တာဝန်ခံစိတ်အပြည့်ဖြင့် ဆောင်ရွက်နိုင်ရမည်။
  • Loan Insurance Requirement များအား Customer များနားလည်သဘောပေါက်စေရန် ရှင်းပြနိုင်ပြီး Insurance Renewal များ နောက်ကျမှုမရှိစေရန် စနစ်တကျ စောင့်ကြည့်ဆောင်ရွက်ရန်။
  • ချေးငွေအတွက် အာမခံပေးအပ်ထားသည့် အချက်အလက်များအား သေချာစွာ စနစ်တကျဖြင့် စာရွက်စာတမ်း အစုံ အလင်အား Vault ထဲတွင် Customer တစ်ဦးချင်းစီအလိုက် သိမ်းဆည်းထားရန် နှင့် Collateral Management Link ထဲတွင်လည်း အမြဲတမ်း Update ပြုလုပ်၍ လိုအပ်မှု မရှိစေဘဲ ဖြည့်စွက်ပေးရန်။
  • အရောင်းပိုင်း နှင့် ပတ်သက်၍ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရန်အတွက် နည်းလမ်းများ ရှာ ဖွေခြင်း၊ လုပ်ငန်းကျင့်ထုံးများ၊ လုပ်ထုံးလုပ်နည်းများ၊ ပြုမူလုပ်ဆောင်ပုံများနှင့် တင်ပြခြင်းများ၊ အထူးသဖြင့် အရောင်းပိုင်းနှင့် ဝန်ဆောင်မှုပေးသော အပိုင်းများတွင် ထိရောက် ကောင်းမွန်မှု ရှိစေရန်ဆောင်ရွက်ရန်။
  • Customer နှင့် သက်ဆိုင်သော အရေးကြီးကိစ္စရပ်များအား သက်ဆိုင်ရာ အထက်လူကြီးများထံ အချိန်မီ တင်ပြ အသိပေးနိုင်ရမည်။
  • Account Opening Process များအား KYC / CDD Requirements နှင့် Account Opening SOP များ အတိုင်း စနစ်တကျ စိစစ်ဆောင်ရွက်နိုင်ရမည်။
  • စွမ်းဆောင်ရည်မြင့်မားသော Branch Operations Team တစ်ခု ဖြစ်ပေါ်လာစေရန် ကောင်းမွန်သော အကြံပြုချက်များ၊ လမ်းညွှန်မှုများနှင့် ပံ့ပိုးမှုများ ပေးနိုင်ရမည်။
  • ဘဏ်၏ Vision, Mission & Values များအား ကောင်းစွာ နားလည်သဘောပေါက်ပြီး ဘဏ်ခွဲရှိ အရောင်းဝန်ထမ်းများအားလည်း ရှင်းလင်းစွာ မျှဝေသင်ကြားပေးနိုင်ရန်နှင့် ဝန်ထမ်းများ၏ စိတ်အားထက်သန်မှု၊ ပူးပေါင်းပါဝင်မှုများ တိုးတက်စေရန် လှုံ့ဆော်ပံ့ပိုးပေးနိုင်ရမည်။

Open To

Male/Female

Job Requirements

Knowledge & Skills

  • Customer များနှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်နိုင်ပြီး ထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ရမည်။
  • Business Development နှင့် ပတ်သက်သည့် လုပ်ငန်းအတွေ့အကြုံရှိရမည်။
  • အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး Teamwork ကောင်းမွန်ရမည်။
  • Sales Skills နှင့် Sales သဘောတရားများကို ကောင်းမွန်စွာ နားလည်ထားရမည်။ Financial Services Sector တွင် လုပ်ငန်းအတွေ့အကြုံရှိသူအား ဦးစားပေးမည်။
  • အလုပ်ဖိအားများကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ပြီး တာဝန်ယူမှုရှိရမည်။ သတ်မှတ်ထားသော ရည်မှန်းချက်များ ပြည့်မီအောင် ထိရောက်စွာ အလုပ်လုပ်နိုင်ရမည်။
  • ခေါင်းဆောင်မှုစွမ်းရည်ကောင်းမွန်ပြီး Team-oriented Mindset ရှိရမည်။
  • Credit နှင့်ပတ်သက်သော ဗဟုသုတ၊ ဘဏ်ခွဲလုပ်ငန်း လည်ပတ်မှုနှင့် ဘဏ်လုပ်ငန်းထုတ်ကုန်များအပေါ် ကောင်းမွန်သော ကျွမ်းကျင်မှုရှိရမည်။

Education & Special Training   

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။
  • LCCI Level II, III သို့မဟုတ် စီးပွားရေး Diploma ရရှိထားသူ ဖြစ်ရမည်။
  • Microsoft Excel, Word နှင့် Email အသုံးပြုနိုင်ရမည်။

Experience

  • မိမိလျှောက်ထားသောရာထူးနှင့်ကိုက်ညီသော ဘဏ်ခွဲလုပ်ငန်းအတွေ့အကြုံအနည်းဆုံး(၃)နှစ်နှင့် အထက် ရှိရမည်။

Languages

  • မြန်မာဘာသာစကား ကျွမ်းကျင်ရမည်။
  • အင်္ဂလိပ်စာ အခြေခံအသင့်အတင့်ကျွမ်းကျင်ရမည်။

 

What we can offer

Benefits

• Mobile Phone Allowance
• Life Insurance
• Limited Medical Cover

Highlights

• Empowered Working Environment
• Diverse Team

Career Opportunities

• Learning and Development Platform
• Opportunities to Explore Multiple Career Paths

Apply for this Job

OR

Experience level

Manager

Job Function

Sales, Business Development

Job Industry

Banking/ Insurance/ Microfinance

Min Education Level

Bachelor Degree

Job Type

Full Time

Share with a Friend