29th November, 2015
Import rates drop as the dollar value rises
Share
Blog Link Copied
ယခုဘဏ္ဍာနှစ်တွင်
လုပ်ငန်းသုံး စက်မှုကုန်ကြမ်းတင် သွင်းမှု ပမာဏသည် ယခင်နှစ်ကထက် အမေရိကန်ဒေါ်လာသန်း
၆၅၀ ခန့် ကျဆင်းသွားကြောင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိ သည်။
ထိုကဲ့သို့
လုပ်ငန်းသုံးစက်မှု ကုန်ကြမ်း တင်သွင်းမှုလျော့နည်း သွားရခြင်းမှာ အမေရိကန်ဒေါ်လာ
ဈေးမြင့်တက်လာခြင်းကြောင့်ဟု အဆိုပါ ၀န်ကြီးဌာနမှ အကြံပေး ဒေါက်တာ မောင်အောင်က
ပြော ကြားသည်။ ‘‘ဒေါ်လာဈေး တက်တော့ ပစ္စည်းလျှော့မှာကြတဲ့
သဘော ပါ’’ ဟု ဒေါက်တာမောင်အောင် ကပြောသည်။
ယခုဘဏ္ဍာနှစ်ပထမ ခုနစ် လခွဲကာလကို ယခင်နှစ်နှင့် နှိုင်း ယှဉ်ရာ နိုင်ငံပိုင်
လုပ်ငန်းနှင့် ပုဂ္ဂလိကလုပ်ငန်း နှစ်ခုစလုံးတွင် တင်သွင်းမှု လျော့နည်းခဲ့ခြင်းဖြစ်
သည်ဟု စီးပွား/ကူးသန်းဝန်ကြီး ဌာနက ထုတ်ပြန်သော စာရင်း ဇယားများအရ သိရသည်။
ယခင် ဘဏ္ဍာနှစ်တွင် လက်ရှိ
အချိန် အထိ ကန်ဒေါ်လာသန်း ၃,၅၀၀ ခန့် တင်သွင်းခဲ့သော်လည်း လက်ရှိ ဘဏ္ဍာနှစ်တွင်
ကန်ဒေါ်လာသန်း ၂,၈၅၀ ခန့်သာ တင်သွင်းနိုင်သည် ဟု ဆိုသည်။ စက်မှုကုန်ကြမ်းတင်သွင်းမှု
လျော့နည်းလာခြင်းကြောင့် ပြည် တွင်း စက်မှုထုတ်ကုန်လုပ်ငန်း များ
ထိခိုက်မှုရှိနိုင်၊ မရှိနိုင်နှင့် ပတ်သက်၍ လက်ရှိအထိလုပ်ငန်း များ
လည်ပတ်နေဆဲဖြစ်ပြီး ထိခိုက်မှု မရှိသေးကြောင်း ဒေါက် တာမောင်အောင်က ဆက်လက်
ပြောကြားသည်။ ‘‘ပြည်တွင်းမှာ ရေကြီးခဲ့
တော့ ဒီဒေသက လူတွေက စီးပွားရေး ထိခိုက်သွားတယ်။ လူသုံးကုန်ပစ္စည်းကို
အများကြီးဝယ်မသုံး တော့ဘူး။ ဒါကြောင့် လိုသလောက်ပဲ မှာတာကြောင့် အခုလို နည်းတာ
ပါ’’ ဟု လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌဦးမြတ်သင်းအောင်က ပြောကြားသည်။
လက်ရှိ စက်မှုကုန်ကြမ်း
တင်သွင်းမှု လျော့နည်းခဲ့သော် လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအ တွက်
ပစ္စည်းတင်သွင်းမှုမှာ ကန် ဒေါ်လာသန်း ၃၄၀ ဖိုးခန့် ယခင် နှစ်ထက်ပိုတင်သွင်းခဲ့ပြီး
လူသုံး ကုန်ပစ္စည်းတင်သွင်းမှုလည်း ကန်ဒေါ်လာ ၅၂ သန်းကျော် တိုးတက် ခဲ့ကြောင်း
စီးပွား/ကူးသန်းဝန် ကြီးဌာနမှ သိရသည်။
ယခုနှစ်အတွင်း ပြည်တွင်း ၌ရေကြီးရေလျှံမှုများကြောင့် ပို့ ကုန်သွင်း
ကုန်လုပ်ငန်းများ ထိ ခိုက်ခဲ့ပြီး ကုန်သွယ်မှုမှာ ယခင် နှစ်ထက် ကန်ဒေါ်လာသန်း ၄၀၀
ခန့် လျော့နည်းခဲ့ကြောင်း သိရ သည်။
REF:7Day Daily