26th June, 2017
A Leader, Not Just a Manager
Share
Blog Link Copied
‘‘အလုပ်အပိုတွေလုပ်မနေနဲ့’’
‘‘သိပ်မကြိုးစားပါနဲ့ကွာ၊ မရှိလို့ လုပ်စားတာပဲ’’
‘‘မင်းဒီလောက်ပိုလုပ်ပေမဲ့ လစာ ကတော့ တစ်ပြားမှပိုမတိုးပါဘူးကွ၊ ဟား..ဟား..ဟား’’စတဲ့ အလုပ် တစ်ခုခုကိုအာရုံစူးစိုက်ပြီး သေသေ ချာချာအားတက်သရောလုပ်ကိုင်နေ ပြီဆိုရင် လှောင်ကြတယ်၊ ပြောင်ကြ တယ်၊ ရှုတ်ချကြတယ်၊ တားမြစ်ကြတဲ့ လူတွေကသာများပါတယ်။
‘‘လုပ်မနေပါနဲ့ကွာ၊ အပိုအလုပ် တွေများ’’ဆိုပြီး ကန့်ကွက်တဲ့လူပဲ များ များတွေ့ရပါလိမ့်မယ်။’’
‘‘အေး..ဒါမှကွ၊ လုပ်ကွာ အဲဒါ တိုးတက်ခြင်းရဲ့လျှို့ဝှက်ချက်တစ်ခုပဲ။ အဲဒီလိုနေ့တိုင်းမှာလုပ်ကွာ’’လို့ ပြော မယ့်သူကတော့နည်းပါတယ်။ မရှိ သလောက်လည်းရှားပါတယ်။ အဲဒီလိုလုပ်မှလည်း သူများရဲ့ နောက်ကနေ ကျော်လွှားနိုင်မှာပါ။ စာရေးသူတို့ဟာ သူတစ်ပါးခိုင်း စေသမျှလိုက်လုပ်နေရင် မတိုးတက်ပါ ဘူး။ ကိုယ်စွမ်းကိုယ်စကို တကယ်ပြ နိုင်အောင်တော့ နည်းနည်းဖြစ်ဖြစ်ကြိုး စားပြီးလုပ်ပြကြရပါ့မယ်။ ဒါဆိုရင်တော့ သေချာပါတယ်။ ရာထူးတိုးဖို့၊ လစာတိုးဖို့အတွက် စဉ်း စားခံရတော့မှာပါ။ နည်းနည်းပို ကောင်းအောင်လုပ်ရင် နည်းနည်းပဲ စဉ်းစားခံရမယ်။ အများကြီးပိုကောင်း အောင်လုပ်ရင် အများကြီးစဉ်းစားခံရ မှာပဲဖြစ်ပါတယ်။ အောင်မြင်တာတွေ၊ ပျော်ရွငှ်တာ တွေဟာ အလုပ်ကိုရိုသေတာ၊ မိမိ အလုပ်ကို ခင်တွယ်မြတ်နိုးတဲ့အပေါ် ကပဲရနိုင်ပါတယ်။ Owner Sense ရှိတဲ့ဝန်ထမ်းမျိုးကိုပြောတာပါ။ စာဖတ်သူတို့တွေ့ဖူးမှာပေါ့။ တချို့ တွေအလုပ်ထဲမှာ အမှိုက်တွေ့ လို့ကောက်လိုက်တာတို့၊ သူများ အလုပ်ဆင်းချိန်တွေမှာ သူမဆင်းသေး ဘဲ အလုပ်ကိုလက်စသတ်နေတာတို့ ပေါ့။ မေးကြည့်လိုက်ရင် သူတို့ဖြေလိမ့် မယ်။ ‘‘ဟုတ်ကဲ့ မဆင်းသေးပါဘူး၊ မနက်ဖြန်အတွက် ဦးစားပေးလုပ်ရမှာ တွေကိုစီစဉ်နေတာ’’ စတဲ့စကားတွေ ကို ပြောတတ်လိမ့်မယ်။ လစာတိုးတဲ့အခါတွေ၊ ရာထူးတိုး တဲ့အခါတွေမှာလည်း အဲဒီလိုဝန်ထမ်း တွေပဲ တိုးသွားကြတာပေါ့။ ဝန်ထမ်းတော်တော်များများက လစာတွေ၊ ရာထူးတွေတိုးပြီးလိုချင်ကြ ပါတယ်။ အလုပ်ကိုတော့ကောင်းကောင်း မလုပ်ချင်ကြပါဘူး။ အားလုံးက ပျော် ရွငှ်ကြသူတွေပဲများပါတယ်။ ပျော်ရွငှ်ခြင်းဆိုတာ အလုပ်ကိုပို ကောင်းအောင်လုပ်တာရဲ့ ကျောချင်း ကပ်နေတဲ့မိတ်ဆွေဆိုတာ သူတို့မသိ ကြပါဘူး။ သိတဲ့လူကလည်း ခပ်ရှား ရှားပါပဲ။ အလုပ်ကိုသာ တကယ်ခုံခုံ မင်မင်နဲ့ လေးစားရိုသေသူမှန်ရင် ထိုက်တန်တဲ့ရာထူးတွေရလာမှာပါပဲ။
စာရေးသူ စားသောက်ဆိုင် Super လုပ်တုန်းကပေါ့။ ၁၅ မိနစ် တစ်ခါဆိုသလို Customer တွေရဲ့ စားပွဲတွေကိုလိုက်ကြည့်ပြီး စီမံကြီး ကြပ်ပေးပါတယ်။ ကျန်တဲ့အချိန်တွေ မှာဧည့်ကြိုမှာမတ်တပ်ရပ်ပြီး Customer အဝင်၊ အထွက်တွေကို မင်္ဂလာပါ၊ ကျေးဇူးတင်ပါတယ်လို့ ပြောလေ့ပြောထရှိခဲ့ဖူးတာပေါ့။ ဘာမှ တော့ မျှော်လင့်ချက်မရှိခဲ့ပါဘူး။ ဒီလို နဲ့တစ်နေ့မှာ Customer တစ်ဦးက စာရေးသူကို မေးလာခဲ့ပါတယ်။ ‘‘မင်းကဒီမှာ ဘာရာထူးလဲ၊ ဧည့် ကြိုလား၊ Helper လား’’တဲ့ စာရေးသူ u ‘‘Customer တွေရဲ့ Complain တွေနည်းအောင်လို့ ဝိုင်းကူပေးရတဲ့ Super ပါလို့ပြန်ဖြေလိုက်ပါတယ်။ ‘‘ဘာလို့ မင်းက ဧည့်ကြိုမှာ အချိန်တိုင်းလိုလိုရှိနေတာလဲ’’ ‘‘Waiter တွေကို ဝိုင်းကူတော့ အလုပ် မြန်မြန်ပြီးတယ်၊ Customer Complain နည်းတယ်။ ကိုယ်တိုင် လည်း စားပွဲဝိုင်းတွေကိုလိုက်ပြီးကြည့် နိုင်တော့ စားသုံးသူတွေကျေနပ်တာ ပေါ့။ ဧည့်ကြိုမှာရပ်ပြီး အဝင်အထွက် တွေရဲ့ မျက်လုံးတွေကိုကြည့်ပြီးနှုတ် ဆက်တော့ Customer တွေရဲ့ Behavior တွေကို အခြေခံကျကျသိ နိုင်လို့ ပညာတိုးသလို Complain တက်ခဲ့ရင်လည်း Super ကိုယ်တိုင် လိုက်ပို့တော့ Customer Satisfy ဖြစ်တာပေါ့’’လို့ စာရေးသူက ဖြေလိုက် ပါတယ်။ နောက်နေ့မှာ အဲဒီစားသုံး သူက သူ့မှာစားသောက်ဆိုင်တစ်ခုဖွင့် ထားကြောင်း လက်ထောက်မန်နေဂျာ တစ်ဦးလိုကြောင်း စာရေးသူကို သူ့ ဆိုင်မှာလုပ်ဖို့အတွက် ကမ်းလှမ်းလာ ခဲ့ပါတယ်။ ‘‘ကျေးဇူးတင်ပါတယ်ဆရာ’’ လောလောဆယ်တော့ အဆင်မပြေ နိုင်သေးပါဘူး။ ကျွန်တော်ဒီဆိုင်မှာ အသေးစိတ်လေ့လာလိုက်ဦးမယ်၊ Service ရဲ့ သဘောတရားတွေကို အခြေခံကျကျသိတဲ့တစ်နေ့၊ ဃကျအသ-ာနမ တွေရဲ့ သဘောတရားတွေကို သိတဲ့နေ့ကျမှပဲ မန်နေဂျာဘ၀ကို လာခဲ့ပါမယ်’’လို့ ပြန်ဖြေလိုက်ဖူးပါ တယ်။ လကုန်လို့ လစာထုတ်တဲ့နေ့မှာ တော့ စာရေးသူကို လစာမထုတ်ပေး ပါဘူး။ ဒါနဲ့ ညဆိုင်ပိတ်တဲ့အခါကျမှ သူဌေးအခန်းထဲသွားပြီး အေးအေး ဆေးဆေးမေးတဲ့အခါမှာတော့ ‘‘မင်းကို လူတစ်ယောက် သူ့ဆိုင် ကိုလာလုပ်ဖို့ခေါ်ဖူးတယ်ဆို ဟုတ် လား’’ ‘‘ဟုတ်ပါတယ်ဆရာ၊ ဒါပေမဲ့ ကျွန်တော်သွားလုပ်မယ်လို့မပြောပါဘူး၊ ဒီဆိုင်မှာပဲ လုပ်မှာလို့ပြောလိုက်ပါ တယ်။ ဆရာသေချာမေးကြည့်ပါဦး။ အဲဒါကြောင့် ကျွန်တော့်ကို လစာ ထုတ်မပေးတာလား’’လို့ မေးလိုက်တဲ့ အခါမှာတော့ သူဌေးလုပ်သူက ‘‘အေး ဟုတ်တယ်၊ ဒါပေမဲ့ မင်းကိုလစာတိုး ပေးမလို့ပဲ။ နောက်ပြီး မင်းကို လက် ထောက်မန်နေဂျာရာထူးနဲ့ အစမ်းခန့် ကြည့်မယ်၊ ဘယ်လိုလဲ၊ လုပ်နိုင်ပါ့ မလား’’ ‘‘ကျွန်တော်က လုပ်နိုင်ပါတယ် ဆရာ။ ဒါပေမဲ့ ဘာလို့အခုလိုလုပ်ရ တာလဲဆိုတာသိလို့ရမလားဆရာ’’လို့ ပြန်မေးတဲ့အခါမှာတော့ ‘‘မင်းက အခု မန်နေဂျာဖြစ်သွားပြီ၊ အဲဒီအဖြေကို လိုလိုချင်ချင်သိချင်ရင်တော့ စာတွေ ဖတ်ပြီးရှာပေါ့ကွာ။ အေး မင်းသိတဲ့ နေ့ကျရင် မင်းလိုဝန်ထမ်းတွေဖြစ် အောင်လို့ Waiter တွေနဲ့ ဒီကတခြား ဝန်ထမ်းတွေကိုပါ သင်ပေးရမယ်’’လို့ ပြောလာခဲ့ပါတယ်။ စာရေးသူလည်း သိချင်တာနဲ့ စာအုပ်တချို့ကိုဖတ်ကြည့်တဲ့အခါမှာ တော့ စာရေးသူ ဒီဘ၀ကိုဘာလို့ ရောက်သွားလဲဆိုတာ သိလိုက်ရပါ တော့တယ်။ မှတ်မှတ်သားသားပါပဲ။ ရေးတဲ့သူကတော့ ဟားဘတ်အင်န် ကာဆင် (ံနမဘနမအ.ြ.ဃျေသည)ပါပဲ။ ‘‘သင်၏အလုပ်ကို ပထမတန်း ဖြစ်အောင်လုပ်ခြင်းအားဖြင့် သင့် အလုပ်က သင့်အား ပထမတန်းဘ၀ သို့ ပို့ဆောင်ပေးအံ့’’ ‘‘ကမ္ဘာပေါ်ရှိ တီထွင်ကြံစည်သူများ၊ ဖန်တီးသူများ အားလုံးက ဤတရားမှန်ကန်ကြောင်း ထောက်ခံကြ၏’’တဲ့။ ဘယ်လောက် မှတ်သားလိုက်နာကျင့်ကြံစရာကောင်း လိုက်သလဲ စာဖတ်သူတို့ရယ်။ ‘‘မည်သူမဆို သင့်အား တစ်မိုင် သွားစေလျှင် သင်က နှစ်မိုင်သွားပြ လိုက်ပါ’’ဆိုပြီး သမ္မာကျမ်းစာတွေထဲ မှာလည်း တွေ့ဖူးပါတယ်။
အထက်က တာဝန်ရှိသူခိုင်းတာ ထက်ကို ပိုကောင်းအောင် မိမိအစွမ်း အစနဲ့ မိမိကြိုးစားပြလိုက်စမ်းပါ။ ဘယ်သူမဆို မိမိရဲ့လုပ်ဆောင်ချက် Performance ကောင်းရင် ကောင်း သလို အထက်လူကြီးဆီကနေ လေး စားခံရတာ၊ ချီးကျူးခံရတာ၊ ဂုဏ်ပြုခံ ရတာတွေ ရနိုင်ကြပါတယ်။ တာဝန်တွေသာမကဘဲ ၀တ္တရား ကိုလည်း ရှောင်ဖယ်နေသူတွေက တော့ မကြီးပွားနိုင်ကြပါဘူး။ အလုပ် ကနေအိမ်ပြန်ဖို့ နာရီကိုစောင့်ကြည့် သူတွေ၊ အလုပ်ပိတ်မယ့်နေ့ကို မြန်မြန် ရောက်ဖို့ ပြက်ခဒိန်ကိုမော့ကြည့်နေသူ တွေ၊ ‘‘ဟ..ဒါကျွန်တော့်တာဝန်မှ မဟုတ်တာ’’ဆိုပြီး အလုပ်ကို ငြင်းပယ် ရှောင်ဖယ်သူတွေနဲ့ အချိန်တွေကို ဖြုန်းတီးနေသူတွေဟာ အောင်မြင်မှု၊ ပျော်ရွငှ်မှုတွေနဲ့ ဝေးသထက်ဝေးနေ ကြမှာပါပဲ။
အလုပ်ထုတ်ခံရတာ၊ အပြစ်ပေး ခံရတာ၊ လစာလျှော့၊ ရာထူးချခံရတာ၊ စိတ်ဆင်းရဲတာ၊ စိတ်ရှုပ်ရတာတွေနဲ့ပဲ လုံးလည်ချာလည်လိုက်နေကြမှာပေါ့။ ဆရာဗန်းမော်တင်အောင် (၁၉၂၀-၁၉၇၈) ပြောခဲ့တဲ့စကားလေး နဲ့ ဝန်ထမ်းလုပ်နေကြတဲ့စာဖတ်သူတို့ ကိုပြောလိုက်ချင်ပါတယ်။ ‘‘သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက် တဲ့သမိုင်းပေးတာဝန်ကို သူဘယ် လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ် ဆိုတဲ့အချက်နဲ့ လူတစ်ယောက်ရဲ့တန် ဖိုးကို တိုင်းတာရမှာပဲ’’လို့ ဆရာကြီးက ပြောခဲ့ပါတယ်။ အဲဒီတော့ စာဖတ်သူတို့လည်း တန်ဖိုးရှိတဲ့ဝန်ထမ်းတွေဖြစ်ကြပါစေ လို့ ဆုဆောင်းပေးလိုက်ပါတော့တယ်။
Credit :ဂျိမ်းကျော်လွင်(Phill)
Credit :opportunityjournal