MMR
Myanmar
20th August, 2020
သြဂုတ်လအတွင်း လျှောက်ထားမှုအများဆုံးမန်နေဂျာအဆင့်အလုပ်အကိုင်များ
လုပ်ငန်းနယ်ပယ်တစ်ခုမှာ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုကောင်းကောင်းရရှိသွားပြီဆိုရင် နောက်ထပ်တဆင့်မြှင့်တဲ့နေရာကိုတက်လှမ်းဖို့ ဘယ်သူမဆိုကြိုးစားကြစမြဲပါပဲ။ အဲဒီလိုကြိုးစားတဲ့အခါမှာ မန်နေဂျာအဆင့်အလုပ်အကိုင်တစ်ခုကို ရှာဖွေလျှောက်ထားဖို့အတွက်ပြင်ဆင်ရတာဟာ ကိုယ့်ရဲ့ပထမဆုံးအလုပ်ကိုလျှောက်ထားတဲ့ပုံစံနဲ့တော့ မတူညီနိုင်ပါဘူး။ ခေါ်ယူနေတဲ့အလုပ်တွေကိုရှာဖွေတဲ့အခါမှာ တကယ်အလုပ်ဖြစ်မယ့်နည်းလမ်းကောင်းတစ်ခုရှိတာဟာ အလုပ်အကိုင်တိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။
တကယ်လို့ မန်နေဂျာရာထူးနဲ့အလုပ်အကိုင်တစ်ခုကို ရရှိဖို့ကြိုးစားနေတဲ့သူတစ်ယောက်ဆိုရင် နောက်အလုပ်အကိုင်လမ်းကြောင်းပြောင်းလဲမှုမလုပ်ခင်မှာ သေချာကြိုတင်ပြင်ဆင်ပြီးလုပ်ဆောင်ရမယ့် အဆင့်တွေနဲ့ အစီအစဉ်တွေရှိပါတယ်။ ပထမဆုံးလုပ်ရမယ့်အရာကတော့ အရင်တုန်းကနဲ့လက်ရှိအလုပ်တွေကနေ ရရှိခဲ့တဲ့အရည်အချင်းတွေဟာ ကိုယ်လျှောက်ထားဖို့ရည်ရွယ်ထားတဲ့အလုပ်ရာထူးမှာ ဘယ်လိုမျိုးကိုက်ညီပြီးပြန်လည်အသုံးချနိုင်သလဲဆိုတာကို ဖော်ပြနိုင်စွမ်းရှိရပါမယ်။ နောက်ပြီး သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တယ်ဆိုတာကိုလည်း သိသာအောင်ဖော်ပြရပါမယ်။ တတိယအချက်တော့ မိမိရဲ့စီမံခန့်ခွဲမှုစွမ်းရည်တွေကိုလည်း တိုးတက်အောင်လုပ်ဆောင်ရပါမယ်။ ဆက်သွယ်ပြောဆိုဆက်ဆံမှုအရည်အသွေးကိုလည်း ပိုမိုကောင်းမွန်အောင်လေ့ကျင့်ရပါမယ်။ နောက်ပြီး အလုပ်အကိုင်လမ်းကြောင်းတစ်လျှောက်မှာ မိမိရရှိခဲ့ဖူးတဲ့အောင်မြင်မှုတွေကို စနစ်တကျပြန်လည်ပြောပြနိုင်အောင်လည်း ပြင်ဆင်ရပါမယ်။ နောက်ဆုံးအချက်ကတော့ လက်ရှိအလုပ်အကိုင်ဈေးကွက်ထဲမှာ ဘယ်လိုမျိုးအခွင့်အလမ်းတွေပေါ်ပေါက်နေပြီလဲ၊ ဘယ်လိုကုမ္ပဏီမျိုးတွေက အလုပ်တွေခေါ်ယူနေကြသလဲ၊ တခြားအလုပ်ရှာဖွေနေသူတွေကရောဘာတွေလုပ်ဆောင်နေကြသလဲ အစရှိအချက်အလက်တွေကို မျက်ခြေမပျက်စောင့်ကြည့်ရပါမယ်။
အဲဒီအတွက်ကြောင့် JobNet.com.mm ကနေ လက်ရှိအလုပ်ထက် ပိုမိုကောင်းမွန်တဲ့နောက်တစ်ဆင့်ကိုတက်လှမ်းဖို့ အခွင့်အလမ်းကောင်းတွေကိုရှာဖွေနေသူတွေအတွက် လတ်တလောအခုသြဂုတ်လအတွင်း အလုပ်အကိုင်ဈေးကွက်ထဲမှာ ရေပန်းစားပြီးလျှောက်ထားမှုများနေတဲ့အလုပ်အမျိုးအစား ၁၀ ခုကိုဖော်ပြပေးလိုက်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့လျှောက်ထားမှုအများဆုံး အလုပ်အကိုင်အမျိုးအစားတွေကိုသေချာလေ့လာပြီး မိမိနဲ့ကိုက်ညီတဲ့အခွင့်အလမ်းတွေကိုလျှောက်ထားလိုပါက JobNet.com.mm မှာစာရင်းပေးသွင်းလိုက်ပါ။ အဲဒီနောက် မိမိရဲ့ကိုယ်ပိုင် JobSeeker Profile မှာလုပ်ငန်းပိုင်းဆိုင်ရာအချက်အလက်တွေကို သေချာဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပွားနေတဲ့ကပ်ရောဂါကြောင့် နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် အလျင်အမြန်ပြောင်းလဲသွားတဲ့လူမှုဘဝနေထိုင်မှုပုံစံတွေရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ဖို့နဲ့ ဈေးကွက်ထဲမှာဦးဆောင်နိုင်ဖို့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ တကယ်လက်တွေ့ကျတဲ့ဆန်းသစ်တီထွင်မှုတွေကို ရှာဖွေလုပ်ဆောင်နေကြရပါတယ်။ အဲဒီအတွက်ကြောင့် အလုပ်အကိုင်ခေါ်ယူတဲ့အခါမှာလည်း သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ တကယ်အရည်အချင်းရှိတဲ့သူတွေကိုသာ ခေါ်ယူလာတဲ့အတွက်ကြောင့် ယှဉ်ပြိုင်မှုတွေများလာပါတယ်။ အဲဒါကြောင့် ဈေးကွက်ထဲကအခြေအနေတွေကို အမြဲမပြတ်စောင့်ကြည့်ပြီး မိမိရဲ့ရည်မှန်းထားတဲ့နေရာကို ရောက်အောင်သွားနိုင်ဖို့ပြင်ဆင်ထားရပါမယ်။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us