16th September, 2020

စက်တင်ဘာလအတွင်း ရေပန်းအစားဆုံးအလုပ်အကိုင်များ

လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်သူတွေအတွက် ကိုယ့်ရဲ့အရည်အချင်း၊ ဆောက်ရွက်ခဲ့တဲ့အောင်မြင်မှုနဲ့ တွဲဖက်လုပ်ကိုင်ရမယ့်သူ အစရှိတဲ့အချက်တွေနဲ့ကိုက်ညီသင့်တော်မယ့်အလုပ်ကို လွဲချော်သွားခဲ့မယ်ဆိုရင် အလုပ်ရှာဖွေမှုနဲ့ပတ်သက်ပြီး စိတ်ညစ်လာတဲ့ကြပါတယ်။ အခုဆိုရင် ၂၀၂၀ ခုနှစ်ရဲ့ ၄ ပုံ ၃ ပုံဟာကုန်ဆုံးသွားပါပြီ။ ဒီနှစ်ထဲမှာ မြန်မာနိုင်ငံမှာရော ကမ္ဘာတစ်ဝှမ်းလုံးမှာပါ စိန်ခေါ်မှုများစွာနဲ့ ကြုံတွေ့နေရပါတယ်။ ဒီလိုစိန်ခေါ်မှုတွေရဲ့ရိုက်ခတ်မှုကြောင့် ဖြစ်လာနိုင်တဲ့အရာတွေကိုရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေရော စီးပွားရေးပညာရှင်ရောဟာ စိတ်ကူးအကြံဉာဏ်အသစ်တွေနဲ့အတူ ဆက်လက်ကြိုးစားလုပ်ဆောင်နေကြပါတယ်။

ယခုနှစ်ရဲ့အလုပ်အကိုင်ခေါ်ယူမှုတွေကို အရင်နှစ်တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် ကျဆင်းမှုတွေကိုတွေ့ရတယ်ဆိုပေမဲ့ လုံးဝရပ်ဆိုင်းသွားတာတော့မဟုတ်ပါဘူး။ ဖြစ်ပေါ်လာတဲ့စိန်ခေါ်မှုတွေနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် စီးပွားရေးလုပ်ငန်းတွေကို ပုံစံအသစ်နဲ့ပုံမှန်လမ်းကြောင်းအပေါ်ရောက်အောင်လည်း ကြိုးစားနေကြပါတယ်။ အဲဒီအတွက်ကြောင့် တကယ်လိုအပ်တဲ့နေရာမှာ တကယ်အရည်အချင်းရှိတဲ့သူတွေကိုတော့ ကုမ္ပဏီတွေကခေါ်ယူနေပါတယ်။ နောက်ပြီး အခုလိုမျိုးစိန်ခေါ်မှုတွေအရမ်းများနေတဲ့အချိန်မှာ ကောင်းမွန်တဲ့အလုပ်အကိုင်ရရှိဖို့ တကယ်ကြိုးစားနေတဲ့သူတွေအများကြီးလည်းရှိပါတယ်။ အခုဖော်ပြမယ့်စာရင်းဟာဆိုရင် JobNet.com.mm မှာ အခု စက်တင်ဘာလအတွင်း အလုပ်ရှာဖွေသူတွေကြားမှာရေပန်းစားပြီး လျှောက်ထားမှုများတဲ့အလုပ်အကိုင်အမျိုးအစားတွေပဲဖြစ်ပါတယ်။

  1. Sales, Business Development
  2. Accounting, Finance
  3. Engineering, Technical, HSE
  4. Administrative
  5. IT Hardware, Software
  6. Marketing, Media, Creative
  7. HR, Training and Recruitment
  8. Customer Service, Support
  9. Logistics, Distribution, Fleet
  10. Procurement, Supply Chain

အထက်ပါစာရင်းကို လေ့လာကြည့်လိုက်မယ်ဆိုရင် ပထမဆုံးနေရာမှာရပ်တည်နေတဲ့ Sales, Business Development ကနေစပြီး Customer Service Support အထိအလုပ်အကိုင်အမျိုးအစားတွေဟာ မြန်မာနိုင်ငံရဲ့ပုဂ္ဂလိကစီးပွားရေးဏ္ဍမှာ ထိပ်တန်းစာရင်းထဲအမြဲပါဝင်နေတဲ့ရေပန်းစားအလုပ်အကိုင်တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလရဲ့ထူးခြားမှုကတော့ logistics, Distribution, Fleet အလုပ်အကိုင်အမျိုးအစားနဲ့ Procurement, Supply Chain အမျိုးအစားတွေဟာ ထိပ်တန်းအလုပ်အကိုင်စာရင်းထဲပါဝင်လာကြပါတယ်။

 

စိန်ခေါ်မှုတွေကြားကနေ ကိုယ်နဲ့အမှန်တကယ်ကြိုက်ညီတဲ့အလုပ်အကိုင်တွေကို တွေ့ရတတ်ပါတယ်။ အဲဒါကြောင့် အခုလတ်တလောမှခေါ်ယူနေတဲ့ အထက်ကအလုပ်အမျိုးအစားတွေပဲဖြစ်ဖြစ် ဒါမှမဟုတ် တခြားအလုပ်အကိုင်အမျိုးအစားတွေပဲဖြစ်ဖြစ် လေ့လာပြီး ကိုက်ညီတဲ့အလုပ်တွေ့ပါကလျှောက်ထားချင်တယ်ဆိုရင် အခုပဲ JobNet.com.mm မှာစာရင်းပေးသွင်းပြီး လျှောက်ထားနိုင်ပါတယ်။ အရေးကြီးဆုံးကနေ ကိုယ့်ရဲ့ JobSeeeker Profile ကိုမှန်မှန်ကန်ကန်နဲ့ ပြည့်ပြည့်စုံစုံဖြည့်စွက်ပြီး ဆွဲဆောင်မှုရှိပြီးသေချာပြင်ဆင်ထားတဲ့ CV ကိုသေချာချိတ်တွဲပြီးလျှောက်ဖို့ပါပဲ။