MMR
Myanmar
30th July, 2019
ဇူလိုင်လအတွင်း ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေဟာ ၂၀၁၈ ခုနှစ်မှာ ၆.၂ ရာခိုင်နှုန်းလျော့ကျခဲ့ပေမဲ့လည်း ဒီနှစ် ၂၀၁၉ ခုနှစ်မှာတော့ အစိုးရရဲ့စီးပွားရေးနဲ့နိုင်ငံရေးပြုပြင်မှုတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေပိုမိုဝင်ရောက်လာနိုင်ပြီး ၆.၆ ရာခိုင်နှုန်းအထိတိုးတက်လာမယ်လို့ Asian Development Outlook 2019 မှာ ခန့်မှန်းထားပါတယ်။ နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေပြန်လည်ဦးမော့လာတဲ့အတွက်ကြောင့် အလုပ်အကိုင်ဈေးကွက်ထဲမှာဆိုရင် အလုပ်ခေါ်ယူခန့်အပ်မှုတွေဟာလည်း ပြန်လည်မြင့်တက်လာပါတယ်။
မြန်မာနိုင်ငံရဲ့ နံပါတ် ၁ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ JobNet.com.mm ရဲ့ အလုပ်ခေါ်ယူမှုအချက်အလက်တွေအရ ယခု ၂၀၁၉ ခုနှစ်နှစ်လယ်ပိုင်းမှာဆိုရင် အလုပ်အကိုင်ကဏ္ဍတစ်ခုချင်းစီမှာ အလုပ်ခေါ်ယူမှုတွေဟာ သိသိသာသာများပြားလာတယ်လို့ပြောလို့ရပါတယ်။ JobNet.com.mm ဟာဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းနယ်ပယ်အစုံက ပြည်တွင်းနဲ့နိုင်ငံတကာကုမ္ပဏီကြီးတွေအပြင် အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကျွမ်းကျင်ဝန်ထမ်းရှာဖွေမှုအတွက် အဓိကထားပြီးအသုံးပြုနေတဲ့အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် ဇူလိုင်လအတွင်းမှာ ကုမ္ပဏီတွေကနေအဓိကဦးစားပေးပြီး ခေါ်ယူနေတဲ့အလုပ်အကိုင်အမျိုးအစား ၁၀ ခုကို JobNet.com.mm ရဲ့ အချက်အလက်တွေအရ ဖော်ပြပေးလိုက်ပါတယ်။
ဒီလအတွင်းမှာတော့ ခေါ်ယူမှုများနေတဲ့အလုပ်အကိုင်ကဏ္ဍတွေကိုလေ့လာကြည့်လိုက်မယ်ဆိုရင် နိုင်ငံရဲ့တိုးတက်ပွင့်လင်းလာတဲ့စီးပွားရေးအခွင့်အလမ်းတွေနဲ့အတူ ပုဂ္ဂလိကစီးပွားရေးနယ်ပယ်မှာရှိတဲ့ကုမ္ပဏီတွေဟာ စီးပွားရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ဖြန့်ကျက်ဖို့အတွက် Sales/Business Development ကဏ္ဍမှာ အလုပ်အကိုင်ခေါ်ယူမှုတွေဟာ ထိပ်ဆုံးမှာရပ်တည်နေတာကိုတွေ့မြင်ရပါလိမ့်မယ်။ အဲဒီအပြင် ဘဏ်လုပ်ငန်းနယ်ပယ်မှာလည်း နိုင်ငံတကာနဲ့အညီဖွံ့ဖြိုးတိုးတက်မှုတွေကို ပြုလုပ်နေတဲ့အတွက်ကြောင့် Accounting/Finance အလုပ်အကိုင်တွေဟာ ဒုတိယနေရာကနေ ရပ်တည်နေတာကိုတွေ့မြင်ရပါလိမ့်မယ်။ လျင်မြန်စွာတိုးတက်လာတဲ့စီးပွားရေးဈေးကွက်ရဲ့ စိန်ခေါ်မှုအခြေအနေတွေကြောင့် ကုမ္ပဏီတွေအနေနဲ့ လက်ရှိဈေးကွက်အခြေအနေတွေအပေါ်အခြေခံပြီး ဈေးကွက်ဖော်ဆောင်ရေးနည်းဗျူဟာတွေကို ချမှတ်ရေးဆွဲပြီး ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်နေရပါတယ်။ အဲဒါကြောင့်လည်း Marketing/Media/Creative အပိုင်းနဲ့သက်ဆိုင်တဲ့အလုပ်တွေဟာ အလုပ်အကိုင်ဈေးကွက်မှာတိုးတက်မှု အလားအလာတစ်ခုဖြစ်နေခဲ့ပါတယ်။
ဒီလထဲမှာတော့ နယ်ပယ်တော်တော်များများမှာ အလုပ်အကိုင်ခေါ်ယူမှုတွေကိုပြုလုပ်နေတဲ့အတွက်ကြောင့် ကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေနဲ့တွေ့ဆုံချင်တယ်ဆိုရင်တော့ ဒီနေရာမှာစာရင်းပေးသွင်းပြီး ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်တွေကိုလျှောက်ထားလိုက်ပါ။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us