MMR
Myanmar
18th June, 2020
ဇွန်လအတွင်း စီမံခန့်ခွဲမှုအဆင့်ရာထူးများကို ခေါ်ယူနေသောအလုပ်အကိုင်များ
လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံရှိပြီး အဖွဲ့ကိုကျွမ်းကျင်စွာစီမံခန့်ခွဲနိုင်တဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ပိုကြီးတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ပြီး စိန်ခေါ်မှုတွေများတဲ့လုပ်ငန်းကြီးကြီးမားမားတွေကို လုပ်ဆောင်ရတာနှစ်သက်သဘောကျတယ်ဆိုရင်တော့ ကိုယ့်ရဲ့အရည်အချင်းတွေဟာ စီမံခန့်ခွဲမှုအဆင့်ကိုတက်လှမ်းနိုင်တဲ့အခြေအနေဖြစ်ပါတယ်။
လုပ်ငန်းနယ်ပယ်မျိုးစုံမှာ မတူညီတဲ့လုပ်ငန်းတာဝန်မျိုးစုံနဲ့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာအလုပ်များစွာကို ခေါ်ယူနေကြပါတယ်။ လစာအများဆုံးရရှိတဲ့အလုပ်အကိုင်စာရင်းကိုကြည့်လိုက်မယ်ဆိုရင်လည်း မန်နေဂျာအဆင့်အလုပ်အကိုင်တွေဟာ လစာကောင်းတဲ့အလုပ်တွေလဲဖြစ်ပါတယ်။
ယခုဇွန်လအတွင်းမှာဆိုရင်လည်း မန်နေဂျာအဆင့်ရာထူးတွေကို လုပ်ငန်းနယ်ပယ်တော်တော်များများမှာ ခေါ်ယူနေကြပါတယ်။ တကယ်လို့ အလုပ်အကိုင်လမ်းကြောင်းနဲ့ပတ်သက်ပြီး ကိုယ့်အနေနဲ့ယခုလက်ရှိနေရာကနေ နောက်ထပ်တစ်ဆင့်မြင့်မားတဲ့နေရာကို တက်လှမ်းဖို့ရည်ရွယ်ထားတယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ ယခုလအတွင်းခေါ်ယူနေတဲ့ စီမံခန့်ခွဲမှုအဆင့်အလုပ်အကိုင်တွေကိုလေ့လာကြည့်ပြီး မိမိနဲ့ကိုက်ညီတဲ့အလုပ်အကိုင်တွေကို ရှာဖွေလျှောက်ထားနိုင်ပါတယ်။
အထက်ဖြော်ပပါ ဇွန်လအတွင်းခေါ်ယူမှုအများဆုံး စီမံခန့်ခွဲမှုအဆင့်အလုပ်အကိုင်တွေကို လေ့လာကြည့်လိုက်မယ်ဆိုရင် အရောင်နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလုပ်အကိုင်ကဏ္ဍ၊ IT နဲ့နည်းပညာပိုင်းဆိုင်ရာနဲ့ စာရင်းကိုင်၊ဘဏ္ဍာရေးအလုပ်အကိုင်ကဏ္ဍတွေမှာ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်ပြီး အရည်အချင်းရှိတဲ့စီမံခန့်ခွဲမှုကောင်းတဲ့သူတွေကို ခေါ်ယူမှုအများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။
လက်တလောမှာ မြန်မာနိုင်ငံမှာရှိတဲ့ထိပ်တန်းကုမ္ပဏီတွေကခေါ်ယူနေတဲ့ အခြားလုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုရာထူးအလုပ်တွေကိုလည်း ဒီနေရာမှာ ပိုပြီးလေ့လာနိုင်ပါတယ်။
Hot Topics
Top Employers
Recent Articles
JobNet ရဲ့ ၂၀၂၀ ခုနှစ်မှတ်တိုင်သစ်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
၂၀၂၁ ခုနှစ်အစပိုင်းတွင် အလုပ်အကိုင်ခေါ်ယူမှုအများဆုံးကုမ္ပဏီများ
၂၀၂၀ နှစ်ကုန်ပိုင်းတွင် အလုပ်ခေါ်ယူမှုအများဆုံးပြုလုပ်နေသောထိပ်တန်းကုမ္ပဏီ ၁၀ ခု
ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု
Follow us