24th June, 2020

ဇွန်လအတွင်း လျှောက်ထားမှုအများဆုံးအလုပ်အကိုင် ၁၀ ခု

ယခုနှစ်ပိုင်းအတွင်းမှာ ဘယ်လိုအလုပ်အကိုင်မျိုးတွေက အလုပ်အကိုင်ရှာဖွေနေသူတွေကို ပိုပြီးဆွဲဆောင်နေသလဲ။ အလုပ်ရှာဖွေသူအများစုကတော့ လစာကောင်းမွန်မှု၊ အလုပ်ရာထူး၊ အလုပ်အကိုင်တိုးတက်ဖို့ အခွင့်အလမ်းတွေအပြင် တခြားခံစားခွင့်အကျိုးကျေးဇူးတွေ ဒါမှမဟုတ် အလုပ်နဲ့ကိုယ်ပိုင်အချိန်ညီမျှတဲ့အလုပ်မျိုး အစရှိတဲ့အချက်တွေအပေါ်မှာ အခြေခံပြီးအလုပ်တွေကိုရှာဖွေလေ့ရှိကြပါတယ်။

အခုဖော်ပြမယ့်အလုပ်အကိုင်အမျိုးအစားတွေကတော့ ယခုလအတွင်းမှာ JobNet.com.mm မှာ လက်ခံရရှိတဲ့အလုပ်လျှောက်လွှာတွေအပေါ်အခြေခံပြီး ထုတ်နုတ်ဖော်ပြထားတဲ့ ယခုဇွန်လအတွင်း အလုပ်လျှောက်ထားမှုအများဆုံး အလုပ်အကိုင်တွေပဲဖြစ်ပါတယ်။

  1. Sales/Business Development
  2. Accounting/Finance
  3. Engineering/Technical
  4. Administrative
  5. HR/Training and Recruitment
  6. Marketing/Media/Creative
  7. IT Hardware/Software
  8. Customer Service/Support
  9. Manufacturing/Warehouse
  10. Logistics/Distribution/Fleet

အထက်မှာဖော်ပြထားတဲ့ လျှောက်ထားမှုအများဆုံးထိပ်တန်းအလုပ်အကိုင်အမျိုးအစား ၁၀ ခုကို လေ့လာကြည့်လိုက်တဲ့အခါမှာ မြန်မာနိုင်ငံမှာရှိတဲ့အလုပ်အကိုင်ရှာဖွေသူအများစုဟာ Sales/Business Development အလုပ်အကိုင်အမျိုးအစားကို ပိုပြီးစိတ်ဝင်တစားလျှောက်ထားကြပါတယ်။ ထို့အပြင် Sales နဲ့ Business Development အလုပ်အကိုင်အမျိုးအစားဟာဆိုရင် မြန်မာနိုင်ငံရဲ့ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းနယ်ပယ်မှာ လိုအပ်မှုအများဆုံးအလုပ်အကိုင်အမျိုးအစားတစ်ခုဖြစ်ပါတယ်။

ဒုတိယလျှောက်ထားမှုအများဆုံး အလုပ်အကိုင်အမျိုးအစားဖြစ်တဲ့ စာရင်းကိုင်နဲ့ ငွေကြေးစီမံခန့်ခွဲမှုနယ်ပယ်ဟာဆိုရင် အမျိုးသမီးအများစုလျှောက်ထားလေ့ရှိတဲ့ အလုပ်အကိုင်နယ်ပယ်တစ်ခုဖြစ်ပါတယ်။ အင်ဂျင်နီယာနဲ့ နည်းပညာပိုင်းဆိုင်ရာရုံးပိုင်းဆိုင်ရာစီမံခန့်ခွဲမှုနဲ့ HR နယ်ပယ်မှာရှိတဲ့အလုပ်အကိုင်တွေဟာ လျှောက်ထားမှုအများဆုံးအလုပ်အကိုင် ၅ ခုအတွင်းမှာပါဝင်ပါတယ်။

အဲဒီအပြင် ယခုနောက်ပိုင်းမြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်လာတဲ့နည်းပညာတွေနဲ့အတူ မီဒီယာနဲ့ Creative အပိုင်းကို ဈေးကွက်ထိုးဖောက်မှုအတွက်ယှဉ်ပြိုင်ကြတဲ့အခါမှာ ပိုပြီးအသုံးပြုလာကြပါတယ်။ လူငယ်တွေအနေနဲ့လည်း ဆန်းသစ်တီထွင်မှုနဲ့ဖန်တီးမှုတွေပြုလုပ်ရတာကို ပိုပြီးနှစ်သက်သဘောကျလာတဲ့အတွက်ကြောင့် Marketing/Media/Creative နယ်ပယ်ကအလုပ်တွေဟာ လျှောက်ထားမှုအများဆုံး အလုပ်အကိုင်အမျိုးအစားစာရင်းထဲမှာ ပါဝင်လာပါတယ်။ ထို့နည်းတူပဲ IT နည်းပညာပိုင်းဆိုင်ရာ အလုပ်အကိုင်တွေဟာလည်း ယခုနှစ်ပိုင်းအတွင်းမှာလျှောက်ထားမှုအများဆုံးအလုပ်အကိုင်တွေ ဖြစ်လာပါတယ်။ နောက်ပြီး Customer Service လုပ်ငန်းပိုင်း၊ ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းပိုင်းနဲ့ ဖြန့်ဖြူးရေးလုပ်ငန်းပိုင်းတွေမှာလည်း အလုပ်ရှာဖွေအများစုစိတ်ဝင်စားတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်  >>> ဇွန်လအတွင်း အလုပ်ခေါ်ယူမှုအများဆုံးထိပ်တန်းကုမ္ပဏီ ၁၀ ခု

ဆက်လက်ဖတ်ရှုရန် >>> ဇွန်လအတွင်း စီမံခန့်ခွဲမှုအဆင့်ရာထူးများကိုခေါ်ယူနေသော ထိပ်တန်းအလုပ်အကိုင် ၁၀ ခု