မြန်မာနိုင်ငံဟာ အခြားအိမ်နီးချင်း နိုင်ငံတွေနဲ့ယှဉ်ရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှု အနည်းငယ်နောက်ကျနေသေးပေမဲ့ အနာဂတ်မှာ အလားအလာအကောင်းတွေ အများကြီး ရှိနေတဲ့ နိုင်ငံဖြစ်ကြောင်း စီးပွားရေးပညာရှင်တွေက တညီတညွတ်တည်း ဆိုကြပါတယ်။
နိုင်ငံရဲ့ စီးပွားရေးတိုးတက်လာမှုနဲ့အတူ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ နှစ်စဉ်တိုးတက်နေသကဲ့သို့ နိုင်ငံရဲ့ အခြေခံ အဆောက်အအုံပိုင်းတွေမှာ လိုအပ်ချက်ကြီးကြီးမားမားတွေ ရှိနေသေးတာက နယ်ပယ်စုံက အင်ဂျင်နီယာ အလုပ်အကိုင်တွေအတွက် အခွင့်အလမ်းကောင်းတွေကို မြင်နေရသလို ဖြစ်ပါတယ်။
လက်တွေ့အခြေအနေမှာတော့ အေးစက်စက်မြေယာဈေးကွက်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ အခြေအနေကြောင့် ဆောက်လုပ်ရေးဆိုင်ရာ အင်ဂျင်နီယာတွေအတွက် အလုပ်အကိုင်အခြေအနေဟာ လက်တလောမှာ အားကောင်းလှတယ်တော့ မရှိပါဘူး။
ဒါပေမယ့်လည်း ဒီကာလဟာ အခိုက်အတန့်သာ ဖြစ်ဖို့ ရှိနေပါတယ်။
၂၀၁၈ ခုနှစ် ဇွန်လထဲမှာ ပြုလုပ်သွားခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဒုတိယအကြိမ်လွှတ်တော်၊ ဆဋ္ဌမ ပုံမှန်အစည်းအဝေးမှာဆိုရင် မြို့သစ်စီမံကိန်း၊ ဆိပ်ကမ်းသစ်စီမံကိန်း၊ စက်မှုဇုန်စီမံကိန်းများစွာအပါအဝင် စီမံကိန်းပေါင်းများစွာကို တိုင်းဒေသကြီးအစိုးရက တင်သွင်းခဲ့တာကို တွေ့ရပါတယ်။
၂၀၁၆ ခုနှစ်က တလိမ့်ခေါက်ကွေး ပြုတ်ကျခဲ့တဲ့ ဆောက်လုပ်ရေးကဏ္ဍကို ပြန်လည်မြှင့်တင်ဖို့ ကြိုးပမ်းချက်တစ်ခု အဖြစ်သာမက GDPကို မြှင့်တင်ဖို့ ရည်ရွယ်ချက်တွေ ပါဝင်နေမယ်လို့ စီးပွားရေးပညာရှင်တချို့က ဆိုပါတယ်။
တစ်ဖက်မှာလည်း ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေး စီမံကိန်းလို နှစ်ရှည်စီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီကြီးတစ်ခုက အကောင်အထည် ဖော်နေပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းလို လုပ်ငန်းတွေကို ပုဂ္ဂလိကကို လက်လွှဲလုပ်ကိုင်ခွင့်ပေးထားပါတယ်။
ဒါ့အပြင် လာမယ့် စီမံကိန်းတွေကိုလည်း ပုဂ္ဂလိကနဲ့တွဲဖက်ပြီး ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက လွှတ်တော်မှာ အတိအလင်းပြောကြားထားပြီး ဖြစ်ပါတယ်။
အစိုးရအနေနဲ့ သူ့ရဲ့ စီမံကိန်းလုပ်ငန်းကြီးတွေကို ပုဂ္ဂလိကကို တွဲဖက်လုပ်ကိုင်ခွင့်ပြုလုပ်ထားတာက ပုဂ္ဂိလက ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေရုံသာမက အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေအောင် လုပ်ဆောင်ရာ ပေးရာရောက်ပါတယ်။
ဒီအလားအလာတွေ စီမံကိန်းတွေကနေ အင်ဂျင်နီယာဆိုင်ရာ အလုပ်အကိုင် ထောင်နဲ့ချီပြီး လိုအပ်ချက်တွေ ဖြစ်ပေါ်စေမယ်လို့ JobNet.com.mm ကနေ မျှော်လင့်ထားပါတယ်။
လက်ရှိအကောင်အထည်ဖော်နေဆဲဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်ဘူတာကြီးအဆင့်မြှင့်တင်ရေး စီမံကိန်းတွေမှာတင်ကိုပဲ ဆောက်လုပ်ရေးဆိုင်ရာ အင်ဂျင်နီယာတွေကိုသာမက လေကြောင်းအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာ၊ စက်မှု အင်ဂျင်နီယာတွေကိုပါ ခေါ်ယူနေတာကိုလည်း JobNet.com.mm က လေ့လာတွေ့ရှိထားပါတယ်။
ဒါဟာ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းကို ကိုယ်စားပြုနေတာဖြစ်နေပေမဲ့ နိုင်ငံရဲ့ အလုပ်အကိုင်ဖန်တီးပေးနိုင်စွမ်း ၇၀ ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းဒေသကြီးအပေါ်မှာ မှီတည်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။
ဒါကြောင့် အလုပ်အကိုင်နဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး တိုင်းတာတွက်ချက်ရင် ရန်ကုန်တိုင်းဒေသကြီးဟာ အင်မတန်အခရာကျပါတယ်။ အခြားသော တိုင်းဒေသကြီးတွေကို ထည့်မတွက်သေးဘဲ ရန်ကုန်တိုင်းဒေသကြီးရဲ့ အလုပ်အကိုင် ဖန်တီးပေးနိုင်စွမ်းတစ်ခုနဲ့တင် အင်ဂျင်နီယာတွေရဲ့ အလုပ်အကိုင်ဟာ မြင့်တက်လာဖို့ ရှိပါတယ်။
အစိုးရအနေနဲ့ တည်ငြိမ်သထက် တည်ငြိမ်ပြီး အရှိန်ရလာတာနဲ့အမျှ ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ အခြေခံအဆောက်အအုံ
မြှင့်တင်မှုတွေကို တိုးချဲ့လုပ်ကိုင်လာမှာမို့ အင်ဂျင်နီယာတွေရဲ့ အလုပ်အကိုင်လမ်းကြောင်းဟာ ဖြောင့်ဖြူးစ ပြုလာပါတယ်။
ပြည်ပမှာ နည်းပညာပိုင်းဆိုင်ရာ အလုပ်လုပ်ကိုင်နေသူတွေကလည်း ပြည်တွင်းရဲ့ နည်းပညာအင်ဂျင်နီယာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာတဲ့အတွက် အမိမြေကို ပြန်လည်အခြေချနိုင်ခဲ့ပါတယ်။
အထူးသဖြင့်တော့ ဆက်သွယ်ရေးလုပ်ငန်းနဲ့ Multi National Organization တွေ ပိုမိုတိုးတက်များပြားလာခြင်းက နည်းပညာပိုင်းဆိုင်ရာသာမက ဆောက်လုပ်ရေးပိုင်းဆိုင်ရာ အင်ဂျင်နီယာ အလုပ်အကိုင်တွေကို ပိုမိုလိုအပ်လာတာ တွေ့ရပါတယ်။
တစ်ဖက်မှာလည်း အင်ဂျင်နီယာကဏ္ဍအမျိုးမျိုးအတွက် ဘွဲ့ရပညာတတ်လူငယ် ၅၀၀၀၀ ကျော်လောက်ကို နိုင်ငံအနှံ့ နည်းပညာတက္ကသိုလ်တွေကနေ နှစ်စဉ် မွေးထုတ်ပေးနေတာမို့ ယှဉ်ပြိုင်ရမယ့်အခြေအနေကလည်း ကြောက်ခမန်းလိလိပါ။
လက်တလော မြန်မာနိုင်ငံရဲ့ အင်ဂျင်နီယာအလုပ်အကိုင်လမ်းကြောင်းထဲမှာ တိုးတက်မှု အရှိဆုံးဖြစ်တဲ့ ဆောက်လုပ်ရေးပိုင်းဆိုင်ရာမှာ တိုးတက်လာတာကို ကြည့်မယ်ဆိုရင်တော့ မြို့ပြအင်ဂျင်နီယာ အလုပ်အကိုင်နဲ့ လျှပ်စစ်တွေက ထိပ်ဆုံးမှာ ရှိနေကြပါတယ်။
ခုဆိုရင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက မှတ်ပုံတင်အင်ဂျင်နီယာပညာရှင် (PE) လက်မှတ်၊ မှတ်ပုံတင်အကြီးတန်းအင်ဂျင်နီယာ (RSE) လက်မှတ်တို့လို ကျွမ်းကျင်မှုအဆင့်အလိုက် အသိအမှတ်ပြုစာမေးပွဲတွေ ကျင်းပပြီး အသိအမှတ်ပြုလက်မှတ်တွေလည်း ပေးအပ်နေပါတယ်။
ဒီလိုလက်မှတ်တွေ ရရှိထားတဲ့ အင်ဂျင်နီယာတွေက အာရှနိုင်ငံတွေမှာ ရရှိနေတဲ့ လုပ်ခလစာတွေနဲ့ ထပ်တူနီးပါး တူညီစွာရရှိကြတာကြောင့်လည်း အင်ဂျင်နီယာ အလုပ်အကိုင်တွေဟာ အကောင်းဆုံးအလုပ်အကိုင်စာရင်းမှာ ပါဝင်လာပါတယ်။
တိကျသေချာတဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို အမြဲတမ်းဖော်ပြပေးနေတဲ့ www.jobnet.com.mm မှာ ဆိုရင်လည်း အင်ဂျင်နီယာပိုင်း အလုပ်အကိုင်လိုအပ်မှုက အဆင့် ၃ မှာ ရှိနေပါတယ်။ လက်ရှိမှာကိုပဲ အင်ဂျင်နီယာပိုင်းဆိုင်ရာ အလုပ်အကိုင်ခေါ်ယူမှုပေါင်း ၂၀၀ ကျော် ရှိနေတာကို ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။
မြန်မာ့ နံပါတ် ၁ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် JobNet.com.mm ရဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ပထမ ၆ လတာကာလမှာ အင်ဂျင်နီယာနဲ့ နည်းပညာ အလုပ်အကိုင်ပေါင်း ၁၀၀၀ ကျော်ခေါ်ယူခဲ့ပြီး လျှောက်ထားမှုပမာဏ ၁၅၀၀၀ ကျော် ရှိခဲ့ပါတယ်။
ခုဆိုရင် JobNet.com.mm အင်ဂျင်နီယာနဲ့ နည်းပညာအလုပ်အကိုင်တွေကို ထပ်မံဖော်ထုတ်နိုင်ဖို့အတွက် Technology and Engineering Career Conference ကို လာမယ့် သြဂုတ်လ ၁၂ ရက် (တနင်္ဂနွေနေ့) မှာ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ ပြုလုပ်ဖို့ ရှိနေပါတယ်။
အဆိုပါအလုပ်အကိုင်ခေါ်ယူပွဲကြီးဟာ နိုင်ငံတွင်းရှိ ထိပ်တန်းကုမ္ပဏီများမှ အင်ဂျင်နီယာအလုပ်အကိုင်အခွင့်အလမ်းများ သိရှိနိုင်ရုံသာမကဘဲ နိုင်ငံရဲ့ အင်ဂျင်နီယာကဏ္ဍအတွက် ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်ပုဂ္ဂိုလ်တွေကလည်း သူတို့ရဲ့ အဖိုးထိုက်တန်တဲ့အတွေးအမြင်၊ ဗဟုသုတတွေကို စကားဝိုင်းဆွေးနွေးပွဲမှာ ပြောကြားကြမှာ ဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် နည်းပညာရဲ့ အခန်းကဏ္ဍ (The importance of technology in the development of Myanmar's economy)၊ အင်ဂျင်နီယာများရဲ့ အနာဂတ်အလုပ်အကိုင်လမ်းကြောင်းကို ကူညီပံ့ပိုးပေးနိုင်သည့် စီမံခန့်ခွဲမှု ပညာရပ်(Management Skills for Engineers to help career advancement)၊ နည်းပညာရှေ့ဆောင်အဖွဲ့အစည်းတွေအဖြစ်ကို ဘယ်လို ပြောင်းလဲကြမလဲ။ How Myanmar Organizations can transform to Tech Driven organizations / မြန်မာနိုင်ငံရဲ့ ဆိုင်ဘာလုံခြုံရေး/ Cyber Security in Myanmar / Value of Big Data in Myanmar ၊ အင်ဂျင်နီယာတွေအတွက် အရေးကြီးသော ကျင့်ဝတ် The importance of Ethics for engineers စတဲ့ အကြောင်းအရာတွေကို နည်းပညာနဲ့ အင်ဂျင်နီယာဆိုင်ရာ ပညာရှင်များစွာက ဆွေးနွေးဟောပြောကြမှာလည်း ဖြစ်ပါတယ်။
Ooredoo, Huawei, KBZ Bank, Shwe Taung, Ananda, Grab, WITTS Myanmar, Barons & Fujikura EPC, D&W, J-SAT, CAMUSAT စတဲ့ ကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီများစွာကလည်း အလုပ်အကိုင်များ လာရောက်ခေါ်ယူကြမှာ ဖြစ်ပါတယ်။
အင်ဂျင်နီယာအလုပ်အကိုင်တွေကို ရှာဖွေချင်တာပဲ ဖြစ်ဖြစ်၊ ဗဟုသုတတွေ လာရောက်နားထောင် ချင်တာပဲဖြစ်ဖြစ်၊ အလုပ်လျှောက်ထားရမယ့် ကုမ္ပဏီတွေကို လေ့လာချင်တာပဲဖြစ်ဖြစ် အဲဒီပြပွဲ ဆွေးနွေးပွဲကို လာရောက်ချင်တယ်ဆိုရင်တော့ ဒီလင့်ခ်မှာ စာရင်းပေးသွင်းနိုင်ပါတယ်။