26th April, 2019
ယခုလအတွင်း မန်နေဂျာရာထူးဖြင့် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
Share
Blog Link Copied
အသက်မွေးကြောင်းလုပ်ငန်းတစ်ခုဆိုတာ ဘဝတစ်လျှောက်လုံးလျှောက်ရမယ့်လမ်းကြောင်းတစ်ခုဖြစ်လို့ ဂရုတစိုက်စဉ်းစားရမယ့်ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ သေချာစဉ်းစားပြီး ရွေးချယ်ထားတဲ့ အလုပ်အကိုင်တစ်ခုဆိုတာ ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်တိုးတက်မှုအတွက် အဆင့်တစ်ဆင့်ချင်းစီအလိုက် အစီအစဉ်တွေချထားရပါမယ်။ လုပ်သားအင်အားဈေးကွက်မှာဖြစ်ပေါ်နေတဲ့ လိုအပ်ချက်တွေနဲ့ အဲဒီလိုအပ်ချက်တွေကို ကိုက်ညီဖို့ ကိုယ့်ရဲ့ဝမ်းစာကိုဘယ်လိုမျိုးဖြည့်ဆည်းရမလဲ ဆိုတဲ့ရွေးချယ်မှုတွေကို သိရှိထားပြီး ပြင်ဆင်ရပါမယ်။ ဂရုတစိုက်သေချာစဉ်းစားပြီး ရွေးချယ်ထားတဲ့အလုပ်အကိုင်ဆိုတာ ပုံမှန်နဲ့ စဉ်ဆက်မပြတ်တိုးတက်သွားမယ့် အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။
လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်တိုးတက်အတွက် ပြင်ဆင်တဲ့အခါမှာ ကိုယ့်ရဲ့အရည်အသွေးတွေတိုးတက်ဖို့ အဓိကနည်းလမ်းနှစ်ခုရှိပါတယ်။ အဲဒါကတော့ ရေပြင်ညီအတိုင်းသွားတာ (Horizontal Career Growth) နဲ့ အထက်အောက် (Vertical Career Growth) သွားတဲ့နည်း ၂ နည်းရှိပါတယ်။ ရေပြင်ညီအတိုင်းတိုးတက်အောင်လုပ်တဲ့နည်းကတော့ ကျယ်ကျယ်ပြန့်ပြန့်သွားတဲ့တိုးတက်မှုဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အလုပ်အကိုင်လမ်းကြောင်းတစ်ခုကို စတင်မယ်ဆိုတဲ့အခါမှာ ဘယ်လိုလုပ်ငန်းပိုင်းမှာအထူးပြုပြီး ဦးစားပေးတိုးတက်အောင်ပြုလုပ်ချင်သလဲဆိုတာ သိအောင်လုပ်ဖို့ အရေးကြီးပါတယ်။ ပြီးမှ အဲဒီလုပ်ငန်းအပေါ်အခြေခံပြီး သူနဲ့ဆက်စပ်နေတဲ့ အပိုင်းတွေကို တိုးတက်အောင်ပြုလုပ်တာပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ကိုယ်စိတ်ဝင်စားဆုံးလုပ်ငန်းတစ်ခုကို စဉ်စားကြည့်ပါ။ အဲဒီအလုပ်အကိုင်နယ်ပယ်မှာ ဘယ်လိုမျိုးလိုအပ်ချက်တွေကို လက်ရှိဖြစ်ပေါ်နေသလဲ နောင်ဖြစ်ပေါ်လာနိုင်မလဲ အစရှိတာတွေကိုပါ စဉ်းစားရပါမယ်။ ပြီးရင်တော့ ကိုယ်လိုချင်တဲ့ကျွမ်းကျင်မှုနယ်ပယ်အထိရောက်အောင် အဆက်မပြတ်တဲ့အလုပ်အကိုင်လမ်းကြောင်းကို စတင်လိုက်ပါ။
ရေပြင်ညီအတိုင်း အလုပ်အကိုင်လမ်းကြောင်းတိုးတက်ဖို့ကြိုးစားနေတဲ့အချိန်မှာ အလုပ်အကိုင်ဈေးကွက်အကြောင်းနဲ့ ခေါ်ယူနေတဲ့အလုပ်အကိုင်အသစ်တွေအကြောင်းကို ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ မြန်မာနိုင်ငံရဲ့ နံပါတ် ၁ အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ JobNet.com.mm ကကူညီပေးဖို့ အဆင့်သင့်ရှိပါတယ်။ JobNet ဝက်ဘ်ဆိုက်မှာ ဘယ်လိုကုမ္ပဏီမျိုးတွေက ဘယ်လိုအလုပ်တွေကို လက်ရှိမှာခေါ်ယူနေသလဲ၊ ဘယ်လိုလိုအပ်ချက်တွေနဲ့ကိုက်ညီတဲ့ အလုပ်လျှောက်ထားသူတွေကို အဲဒီကုမ္ပဏီတွေကခေါ်ယူနေသလဲ အစရှိတာတွေကို သိရှိနိုင်ပါတယ်။ အဲဒီလို အလုပ်ရှင်တွေလိုချင်တဲ့ မျှော်မှန်းချက်တွေကို လေ့လာတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းနဲ့ပတ်သက်ပြီး ဘယ်နေရာတွေမှာတိုးတက်အောင်ပြုလုပ်ရမလဲဆိုတာကို သဘောပေါက်လာနိုင်ပါတယ်။
အကယ်၍ ကိုယ်ရဲ့အလုပ်အကိုင်လမ်းကြောင်းတိုးတက်မှုကို သာမန်ဝန်ထမ်းအဆင့်ကနေ စီမံခန့်ခွဲမှုအဆင့်အထိ အထက်အောက်အတိုင်းတိုးတက်အောင်ပြုလုပ်သွားမယ်ဆိုရင်တော့ ကိုယ့်ရဲ့လုပ်ငန်းကျွမ်းကျင်မှု တိုးတက်ရေးလမ်းကြောင်းတစ်ခုချင်းစီအတွက် ဘာတွေရှိမလဲဆိုတာကို သိထားရတော့မှာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ထိပ်တန်းနိုင်ငံတကာကုမ္ပဏီတွေနဲ့ ပြည်တွင်းကုမ္ပဏီတွေ ၇၀၀ ကျော် ဝင်ရောက်အလုပ်တွေခေါ်ယူနေတဲ့ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် JobNet.com.mm ရဲ့ အချက်အလက်တွေအရ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းအများစုမှာ သက်ဆိုင်ရာလုပ်ငန်းလုပ်သက် ၅ နှစ် ဝန်းကျင် ရှိတဲ့သူတွေကို မန်နေဂျာရာထူးအတွက် ခေါ်ယူနေလေ့ရှိပါတယ်။ တကယ်လို့ ကိုယ်ဟာ အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးအတွက် ရည်ရွယ်ချက်ကြီးကြီးရှိတဲ့သူလည်းဖြစ်သလို့ လုပ်ငန်းလုပ်သက် ၅ နှစ်နီးပါးရှိနေပြီဆိုရင် နောက်ထပ်တဆင့်မြင့်တဲ့နေရာကို လျှောက်လှမ်းဖို့ ပြင်ဆင်ပါတော့။ အဲဒီလို ပြင်ဆင်တဲ့အခါမှာလည်း လိုအပ်တဲ့အရည်အချင်းတွေကို ဖြည့်စွမ်းတဲ့အပြင်ကို မြန်မာနိုင်ငံရဲ့အလုပ်အကိုင်ဈေးကွက်မှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို စောင့်ကြည့်နေဖို့အရေးကြီးပါတယ်။အဲဒါကြောင့် မြန်မာ့နံပါတ် ၁ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေဝက်ဘ်ဆိုက် JobNet.com.mm ရဲ့ အချက်အလက်တွေအပေါ်အခြေခံပြီး နိုင်ငံခြားကုမ္ပဏီကြီးတွေနဲ့ ပြည်တွင်းကုမ္ပဏီကြီးတွေမှာ ဒီလအတွက် မန်နေဂျာရာထူးနဲ့ ခေါ်ယူမှုအများဆုံးအလုပ်အကိုင် ၁၀ ခုကို ကိုယ့်ရဲ့သက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့သက်ဆိုင်တဲ့ စီမံခန့်ခွဲမှုအဆင့်ကိုတက်လှမ်းဖို့ ပြင်ဆင်နေသူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
- HR Manager
- Sales Manager
- Project Manager
- Marketing Manager
- Business Development Manager
- Finance Manager
- Chief Accountant
- Admin Manager
- Sales & Marketing Manager
- Warehouse Manager
မန်နေဂျာရာထူးနဲ့ခေါ်ယူနေတဲ့အလုပ်တွေအပြင် တကယ့်ထိပ်တန်းကုမ္ပဏီကြီးတွေကခေါ်ယူနေတဲ့ အကြီးတန်းစီမံခန့်ခွဲမှုအဆင့် ဒါရိုက်တာရာထူးတွေကိုလည်း ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါသေးတယ်။
အများစုဟာ အလုပ်တစ်ခုရသွားပြီဆိုတာနဲ့ အလုပ်အကိုင်ဈေးကွက်ရဲ့အခြေအနေတွေကို မလေ့လာကြတော့ပါဘူး။ တကယ်တော့ အလုပ်ရသွားပေမဲ့လည်း အဲဒီအလုပ်နဲ့ လုပ်ငန်းခွင်ကိုအရမ်းနှစ်သက်တယ်ဆိုရင်တောင် အလုပ်အကိုင်ဈေးကွက်ထဲမှာ အလုပ်ခေါ်ယူမှုအခြေအနေတွေ ဘယ်လိုဖြစ်နေပြီလဲ၊ ဘယ်လိုအရည်အချင်းတွေရှိတဲ့သူတွေကို ပိုပြီးခန့်အပ်မှုတွေရှိကြလဲ၊ လုပ်ခလစာတွေကရော ဘယ်လိုတွေပြောင်းလဲနေပြီလဲ၊ ကိုယ်လျှောက်နေတဲ့ အလုပ်အကိုင်လမ်းကြောင်းကရော ဘယ်လို trend တွေပြောင်းလဲနေပြီလဲ အစရှိတာတွေကို အမြဲလေ့လာနေရပါမယ်။ အဲဒါမှလည်း ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးမှာ ဘာတွေကိုထပ်ဖြည့်ပြီး ပြောင်းလဲမှုတွေကို ဘယ်လိုအမီလိုက်နိုင်မလဲဆိုတာကို နားလည်သဘောပေါက်မှာဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံရဲ့အလုပ်အကိုင်ဈေးကွက်အခြေအနေတွေကို စဉ်ဆက်မပြတ်သိချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာရှိတဲ့ ထိပ်တန်းနိုင်ငံတကာကုမ္ပဏီတွေနဲ့ ပြည်တွင်းကုမ္ပဏီတွေများစွာ ဝင်ရောက်အလုပ်တွေခေါ်ယူနေတဲ့ JobNet.com.mm မှာ လေ့လာနိုင်ပါတယ်။