28th August, 2018
ခေါ်ယူမှုအများဆုံးအလုပ်အကိုင်များ
Share
Blog Link Copied
သင့်ရဲ့အတွေ့အကြုံတွေနဲ့ ကျွမ်းကျင်မှုတွေက အလုပ်ရှင်တွေအလိုချင်ဆုံးအရာတွေဖြစ်နေပါသလား။
JobNet ကနေပြီးတော့ ဒီနှစ်အတွင်းမှာ ကုမ္ပဏီတွေကနေ ခေါ်ယူမှုအများဆုံးဖြစ်နေတဲ့ အလုပ်အကိုင် ၁၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။
၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ မြန်မာ့ထိပ်တန်းကုမ္ပဏီတွေကနေ JobNet ကတဆင့် အလုပ်ခေါ်ယူမှုပေါင်း ၂၁,၀၀၀ ကျော်ကိုပြုလုပ်ခဲ့ပါတယ်။ ဒီအထဲမှာမှ Sales/ Business Development နယ်ပယ်အတွက် အလုပ်ခေါ်မှုအများဆုံးရှိခဲ့ပြီး ခေါ်ယူမှုစုစုပေါင်းရဲ့ ၁၈% လောက်ထိကို ရှိနေပါတယ်။ ဒီလိုတွေခေါ်ယူမှုများနေတာကလည်း အထူးအဆန်းတော့မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ ဒီအလုပ်တွေက ကုမ္ပဏီရဲ့ဈေးကွက်အနေအထားနဲ့ ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကနေရာကနေကူညီလုပ်ဆောင်ပေးနေကြလို့ပဲဖြစ်ပါတယ်။
Accounting နဲ့ Finance အလုပ်တွေကတော့ အလုပ်ခေါ်ယူမှုစုစုပေါင်းရဲ့ ၁၃% နဲ့ ဒုတိယခေါ်ယူမှုအများဆုံးအလုပ်အကိုင်ပဲဖြစ်ပါတယ်။ သူတို့တွေနောက်ကမှ Marketing/Media/Creative အလုပ်တွေကတော့ ၁၂% နဲ့ တတိယခေါ်ယူမှုအများဆုံးဖြစ်နေပါတယ်။ ဒီအလုပ်တွေနောက်မှတော့ IT Hardware/Software က စတုတ္ထနေရာကနေလိုက်နေပြီး အလုပ်ခေါ်ယူမှု စုစုပေါင်းရဲ့ ၉% ထိရှိနေပါတယ်။
Sales, Finance နှင့် Marketing အလုပ်တွေနဲ့အတူ IT Hardware/Software ပိုင်းကို ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့သူတွေကတော့အလုပ်နယ်ပယ်တိုင်းအတွက်မရှိမဖြစ်အရေးပါ လာနေပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာဒေတာအချက်အလက်တွေသုံးပြီးပိုမိုမြန်ဆန်အောင်လုပ်လာ ကြသလို လုပ်ငန်းစဉ်တွေကို မြန်ဆန်ဖို့အတွက် လွန်ခဲ့တဲ့ ၃ နှစ်လောက်ကခေါ်ယူမှု ငြိမ်နေခဲ့တဲ့ IT နဲ့ဆက်စပ်တဲ့အလုပ်အကိုင်တွေဖြစ်တဲ့ Android Developer နဲ့ Digital Transformer စတာတွေကို ယခုအခါမှာ ခေါ်ယူမှုများပြားတာကိုတွေ့ရမှာပါ။
ကုမ္ပဏီတွေက သူတို့ဆီမှာလိုအပ်နေတဲ့ရာထူးတွေကိုဖြည့်ဖို့အတွက်ရှာဖွေတဲ့အခါမှာ ဘယ်လောက်အတွေ့အကြုံ ရှိတဲ့သူတွေကိုခေါ်နေလဲဆိုတာကို လေ့လာကြည့်ခဲ့ပါတယ်။ ဒီအခါမှာ Sales/ Business Development, Accounting/ Finance နဲ့ Marketing ရာထူးတွေအတွက် မန်နေဂျာအဆင့် နဲ့ အတွေ့အကြုံရှိ မန်နေဂျာအဆင့်မဟုတ်တဲ့သူတွေကို ရှာဖွေနေကြတာတွေ့ရပါတယ်။ သို့ပေမယ့် သင်က entry level ကို ရှာဖွေနေသူတစ်ယောက်ဆိုရင်တော့ Administration နဲ့ပတ်သတ်တဲ့အလုပ်တွေက ထိပ်ဆုံးကဦးဆောင်နေပါတယ်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေများပြားလာမှု၊ ခေတ်မီလာတဲ့ လုပ်ငန်းခွင်အလေ့အထတွေနဲ့အတူ နိုင်ငံရဲ့စီးပွားရေးဟာ တိုးတက်လာနေတဲ့အတွက် အတွေ့အကြုံရှိ ကျွမ်းကျင်လုပ်သားလိုအပ်လာမှုတွေက တဖြည်းဖြည်း များပြားလာနေပါတယ်။ နောင်အနာဂတ်မှာလိုအပ်လာမယ့်အရာတွေကို ဖြည့်ဆည်းဖို့အတွက် လက်ရှိဝန်ထမ်းတွေကို ပိုပြီးကျွမ်းကျင်အဆင့်ရှိလာအောင် လေ့ကျင့်ပေးနိုင်ဖို့နဲ့ စီးပွားရေးကိုတိုးတက်အောင် မောင်းနှင်ဖို့အတွက် တကယ်အရည်အချင်းရှိတဲ့သူတွေကို ကိုယ့်ကုမ္ပဏီမှာခေါ်ယူနိုင်ဖို့ကလည်း တကယ်ကို အရေးကြီးလာပါပြီ။