17th December, 2020

ငွေကြေးဝန်ဆောင်မှုနှင့်ဘဏ်လုပ်ငန်းနယ်ပယ်တွင် ခေါ်ယူမှုအများဆုံးအလုပ်အကိုင်အမျိုးအစား ၁၀ ခု

မြန်မာနိုင်ငံရဲ့နံပါတ် ၁ အလုပ်အကိုင်ဝက်ဘ်ဆိုက်ဒ်ဖြစ်တဲ့ JobNet.com.mm ရဲ့ အလုပ်အကိုင်ခေါ်ယူမှုဆိုင်ရာအချက်အလက်တွေအရ ငွေကြေးဝန်ဆောင်မှုနဲ့ ဘဏ်လုပ်ငန်းနယ်ပယ်ဟာ ၂၀၂၀ ခုနှစ်ရဲ့ အလုပ်အကိုင်ခေါ်ယူမှုအများဆုံးလုပ်ငန်းနယ်ပယ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ကျန်းမာရေးပြဿနာတွေကြောင့် စီးပွားရေးနယ်ပယ်နဲ့လူမှုဘဝတွေမှာ နောက်ဆက်တွဲစိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေခဲ့ရပါတယ်။ အဲဒီလိုမျိုး ကမ္ဘာနဲ့တစ်ဝှမ်းကြုံတွေ့နေရတဲ့စီးပွားရေးစိန်ခေါ်မှုတွေကိုဖြေရှင်းနိုင်ဖို့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနဲ့ ဘဏ်လုပ်ငန်းနယ်ပယ်တွေဟာ အဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်လာပါတယ်။

အခုနှစ်လိုမျိုး စိန်ခေါ်မှုအကြပ်အတည်းတွေနဲ့ကြုံတွေ့ရတာကိုတောင် မြန်မာနိုင်ငံမှာရှိတဲ့ငွေကြေးဝန်ဆောင်မှုနဲ့ ဘဏ်လုပ်ငန်းတွေဟာ လုပ်ငန်းလည်ပတ်မှုတွေကိုမရပ်တန့်ဖြစ်ဘဲ ပြောင်းလဲမှုတွေကိုလိုက်လျောညီထွေဖြစ်အောင်လုပ်ပြီး လုပ်ငန်းအစီအစဉ်အသစ်တွေကို အကောင်အထည်ဖော်နေကြပါတယ်။ အဲဒီလုပ်ငန်းစီမံကိန်းအသစ်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံရှိပြီး အရည်အချင်းရှိတဲ့သူတွေကို လိုအပ်လာတဲ့အတွက်ကြောင့် အလုပ်ခေါ်ယူမှုတွေအများအပြားလုပ်ဆောင်လာတာကိုတွေ့ရပါတယ်။

အကယ်၍ မိမိရဲ့အလုပ်အကိုင်လမ်းကြောင်းကို ဘဏ္ဍာရေးစီမံခန့်ခွဲမှုနဲ့ဘဏ်လုပ်ငန်းနယ်ပယ်ထဲကို ဝင်ရောက်ဖို့ရည်ရွယ်ထားတယ်ဆိုရင် အခုအချိန်ဟာအလုပ်လျှောက်ထားဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ အဲဒါကြောင့် JobNet.com.mm ရဲ့အလုပ်အကိုင်ခေါ်ယူမှုဆိုင်ရာအချက်အလက်တွေအရ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်မှာ ခေါ်ယူမှုအများဆုံးပြုလုပ်နေတဲ့အလုပ်အကိုင်အမျိုးအစား ၁၀ ခုကို အလုပ်ရှာဖွေနေသူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

  1. Accounting, Finance
  2. IT Hardware, Software
  3. Customer Service, Support
  4. Legal, Risk and Compliance
  5. Sales, Business Development
  6. HR, Training and Recruitment
  7. Marketing, Media, Creative
  8. Project, Operations Management
  9. Research and Development
  10. Administrative

စီးပွားရေးလုပ်ငန်းများနဲ့ ပြည်သူတို့အတွက်လိုအပ်တဲ့ငွေကြေးစီးဆင်းမှုတွေကို အဆင်ပြေလွယ်ကူစွာရရှိစေနိုင်ဖို့ ငွေကြေးဆိုင်ရာလုပ်ငန်းတွေနဲ့ ဘဏ်လုပ်ငန်းတွေရဲ့အခန်းကဏ္ဍက အလွန်ကိုအရေးပါပါတယ်။ မိမိအနေနဲ့ အခုလိုမျိုးအရေးပါတဲ့လုပ်ငန်းကဏ္ဍမှာ မိမိရဲ့အသက်မွေးကြောင်းလုပ်ငန်းကိုစတင်ချင်တယ်ဆိုရင် အခုပဲ JobNet.com.mm မှာ စာရင်းပေးသွင်းပြီး မိမိရဲ့ JobSeeker Profile ကိုပြည့်စုံမှန်ကန်စွာဖြည့်စွက်ပြီး အခုပဲလျှောက်ထားလိုက်ပါ။ JobNet ရဲ့ JobSeeker Profile ကိုဘယ်လိုမျိုးပြည့်စုံအောင်ဖြည့်စွက်ရမလဲဆိုတဲ့လမ်းညွှန်ချက်နဲ့ အလုပ်ခေါ်ယူနေသူတွေသဘောကျသွားစေနိုင်တဲ့ CV၊ Cover Letter ရေးနည်းတွေကိုလည်း ဒီနေရာမှာ ဆက်လက်လေ့လာနိုင်ပါတယ်။